China
တောနက်တောင်နက်ထဲမှ လေးမြွှာပူးညီအစ်မ၏ နွေရာသီ ကျောင်းပိတ်ရက်

နန်ချန်း၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)
လယ်ကွင်းများအကြားရှိ လမ်းသွယ်လေးထဲတွင် ရင်းနှီးနေသော ခြံဝန်းလေးကို ထပ်မံတွေ့မြင်ရပေပြီ။ နေအိမ်မီးဖိုချောင်မှ မီးခိုးငွေ့များ တစ်လူလူထွက်လာနေပြီး လေးမြွှာပူးညီအစ်မက မိခင်ဖြစ်သူနှင့်အတူ နေ့လယ်စာ ပြင်ဆင်ရန် အလုပ်များနေကြသည်။ ၂၀၂၅ ခုနှစ် နွေရာသီကျောင်းပိတ်ချိန်တွင် သတင်းထောက်က အဆိုပါတောနက်တောင်နက်ထဲရှိ နေအိမ်သို့ ၇ ကြိမ်မြောက် ထပ်မံသွားရောက်ခဲ့သည်။
၂၀၁၀ ပြည့်နှစ် ဆောင်းဦးရာသီချိန်တွင် တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ချုံယိခရိုင် ရှန့်ပေါင်ကျေးရွာအုပ်စု ရှန့်ပေါင်ရွာမှ ရွာသား ဝူနျန်ယို၊ တိန့်သင်းလန်တို့ ဇနီးမောင်နှံသည် ခရိုင်ဆေးရုံ၌ လေးမြွှာပူးသမီးလေးကို မွေးဖွားခဲ့သည်။
“သူတို့ရောက်လာတာက အိပ်မက်မက်နေတဲ့အတိုင်းပဲ” ဟု ၎င်းတို့က ဆိုသည်။
ဖခင်ဖြစ်သူ ဝူနျန်ယိုက ထိုစဉ်က ကလေးများကို ဝူမုန့်ထျင်၊ ဝူမုန့်လိန်၊ ဝူမုန့်ယွင်၊ ဝူမုန့်ချင် ဟု အမည်ပေးခဲ့သည်။ သို့သော်လည်း သမီးလေးယောက်ရှိလာသဖြင့် ဇနီးမောင်နှံနှစ်ဦး ကွမ်တုန်းသို့ သွားရောက် အလုပ်နိုင်ခြင်း မရှိတော့သည့်အပြင် အိမ်တွင်လည်း စိုက်ခင်း တရုတ်မူ (Mu) ၃ မူသာ ရှိသောကြောင့် ကလေးနို့မှုန့်ဖိုးရအောင်ပင် မနည်းစုဆောင်းရှာဖွေရသည်။
ဒေသတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမူဝါဒနှင့် စေတနာရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဇနီးမောင်နှံနှစ်ဦးသည် ကလေးလေးယောက်အား ပင်ပန်းဆင်းရဲစွာ မွေးမြူပျိုးထောင်ခဲ့သည်။ ဘဝ၏ပြောင်းလဲမှုသည်လည်း တိတ်တဆိတ်ဖြစ်ပွားလာနေခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဝူယိုနျန်က မူလအန္တရာယ်ရှိမြေအိမ်နံဘေး၌ ၃ လွှာတိုက်လေးတစ်တိုက် ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်မူ ဧည့်ခန်းအသစ်နံရံတွင် “ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဂုဏ်ပြုလက်မှတ်” ကို ကပ်ထားနိုင်ခဲ့သည်။
ယနေ့တွင် အဆိုပါလေးမြွှာပူးညီအစ်မသည် ရွာထဲရှိ အထက်တန်းကျောင်းတွင် အလယ်တန်းဒုတိယနှစ်ကျောင်းသူများ ဖြစ်လာပြီဖြစ်သည့်အပြင် အိမ်တွင်လည်း အမြဲပြေးလွှားဆော့ကစားနေသည့် ၅ နှစ်အရွယ် မောင်လေးလည်း ရှိလာပြီဖြစ်သည်။ ၎င်းတို့ညီအစ်မတွင် ကိုယ်ပိုင်စာအုပ်စင်များရှိကြပြီး စာအုပ်စင်ပေါ်တွင် ၎င်းတို့စိတ်ကြိုက် စာအုပ်၊ ကာတွန်းကတ်ပြားနှင့် လက်မှုပစ္စည်းများ ထည့်ထားသည်။
ယခုအကြိမ် နွေရာသီကျောင်းပိတ်ရက်အချိန်တွင် လေးမြွှာပူးညီအစ်မ၏တာဝန်များက မပေါ့ပါးလှပေ။ လာမည့်နှစ် အထက်တန်းဝင်ခွင့်စာမေးပွဲအတွက် သင်ခန်းစာလေ့ကျင့်ရသည့်အပြင် ၎င်းတို့က အိမ်မှုကိစ္စကိုလည်း အလှည့်ကျလုပ်ရပြီး မီးမွေးထမင်းချက်ခြင်း၊ ကြက်ဘဲများ အစာကျွေးခြင်း၊ ဟင်းရွက်စိုက်ခင်းတွင် မြက်နုတ်ခြင်း၊ ခြံဝန်းသန့်ရှင်းရေးလုပ်ခြင်းတို့ကိုပါ လုပ်ဆောင်ရသည်။
တောင်တန်းကြီးကလည်း ၎င်းတို့ကို ပျော်ရွှင်မှုများ သယ်ဆောင်လာပေးပေသည်။ ချောင်းလေးဘေးတွင် ကျောက်ခဲပစ်တမ်း ဆော့ကစားခြင်း၊ သစ်ရွက်ခူးကာ သံစဉ်မှုတ်ခြင်းတို့သည် ရွာထဲတွင် ၎င်းတို့၏ အပန်းဖြေမှုများပင်ဖြစ်သည်။
ဝူယိုနျန်က နှစ်ဆန်းချိန်တွင် ကုန်တင်ကုန်ချယာဉ် မောင်းနှင်ခွင့်လက်မှတ် ဖြေဆိုရရှိခဲ့ပြီးနောက် ဘေးကပ်လျက်ရွာရှိ စွမ်းအင်သစ်ကုမ္ပဏီတွင် မြေတူးစက်မောင်းသည့်အလုပ် လုပ်ကိုင်ခဲ့သည်။ သို့သော် ယခုတလောတွင် စက်ရုံ၌ အမှာစာနည်းလာသဖြင့် ၎င်းက ရွာကိုပြန်လာပြီး ကာလတိုအလုပ်ရှာရပေသည်။ “ကလေးတွေလည်း ကြီးလာပြီဆိုတော့ ကျွန်တော်ပိုဝေးတဲ့နေရာသွားပြီး လုပ်ကိုင်ချင်တယ်” ဟု ၎င်းက ဆိုသည်။
တိန့်သင်းလန်ကမူ မိုးမလင်းခင်ကတည်းက ဆွေမျိုးများအိမ်တွင် လိမ္မော်ပင်များအတွက် ထောက်စင် ထောက်ပေးရသည်။ နေ့လယ်အချိန်တွင်မူ မိမိအိမ်၏ ဟင်းသီးဟင်းရွက်စိုက်ခင်းတွင် အလောတကြီးလာ၍ မြေဖို့ပေးရသည်။
ဒေသန္တရအစိုးရက လေးမြွှာပူးညီအစ်မနှင့် ၎င်းတို့မောင်လေးအတွက် အနည်းဆုံး လူမှုဖူလုံရေး ပံ့ပိုးပေးမှု လုပ်ဆောင်ပေးထားသည်။ ၎င်းတို့ကျောင်းတက်သည့် အခြေခံကုန်ကျစရိတ်ကို ခရိုင်ထဲရှိ ကုမ္ပဏီတစ်ခုက ပံ့ပိုးပေးသည်။ ဇနီးမောင်နှံနှစ်ဦးက မိမိကိုယ်ပိုင် ဟင်းရွက်စိုက်ခင်း၊ ငါးကန်၊ ကြက်ခြံနှင့် စပါးခင်းများကို အပတ်တကုတ် စိုက်ပျိုးလုပ်ဆောင်နေဆဲဖြစ်ပြီး အခွင့်သာချိန်တွင်လည်း ကာလတိုအလုပ်များ လုပ်ဆောင်တတ်ကြသည်။
“ဘဝက အချမ်းသာကြီး မဟုတ်ပေမဲ့လည်း မျှော်လင့်ချက်တော့ ရှိပါသေးတယ်” ဟု တိန့်သင်းလန်က ခိုင်မာစွာ ဆိုလာသည်။ “ကလေးတွေ လာမယ့်နှစ်ကျရင် ခရိုင်အထက်တန်းကျောင်းမှာ ဝင်ခွင့်ရပြီး တောင်တန်းအပြင်မှာ တက္ကသိုလ်တက်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

လေးမြွှာပူးညီအစ်မနေထိုင်ရာ တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ချုံယိခရိုင် ရှန့်ပေါင်ကျေးရွာအုပ်စု ရှန့်ပေါင်ရွာ ဝေဟင်မြင်ကွင်းကို ဇူလိုင် ၂၄ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
图片故事|深山四胞胎的暑假
新华社照片,南昌,2025年8月7日
沿着田间小路上行,熟悉的小院再次映入眼帘。小楼厨房飘出袅袅炊烟,四胞胎姐妹正和妈妈一同忙着张罗午饭。2025年的暑期,记者第七次走进这个深山里的家。
2010年的秋天,江西省崇义县上堡乡上堡村村民吴年有、邓丁蓝夫妇在县医院迎来了同卵四胞胎女儿。“她们的到来,就像做梦一样。”父亲吴年有当时给孩子们取名为吴梦婷、吴梦玲、吴梦云、吴梦琴。然而夫妻俩无法再去广东打工,家里仅有三亩田地,奶粉钱都得东拼西凑。
在当地扶贫政策和爱心人士的扶持下,夫妻俩含辛茹苦地抚养着四个孩子。生活的改变也在悄然发生:2016年,吴年有在原有土坯危房边建起了一栋三层小楼;2019年,新客厅的墙壁贴上了“脱贫光荣证书”。
如今,四胞胎已是乡里中学初二的学生,家中还多了个满地跑的五岁小弟弟。姐妹们都有属于自己的书柜,里面藏着她们心爱的书籍、动漫卡片和手工作品。
这个暑假,四胞胎姐妹们的任务可不轻松。除了温习功课准备明年的中考,她们还要轮值家务,生火做饭、喂鸡鸭、给菜地除草、打扫院子。大山也慷慨赠予她们快乐,小溪边打水漂、采片叶子吹响清脆小调,都是她们的乡间消遣。
吴年有在年初考取了装载机操作证,在邻乡新能源企业开铲车,但最近厂里订单减少,他不得不回村找零活。“孩子们大了,我想去更远的地方闯闯。”邓丁蓝天没亮就去帮亲戚家的脐橙树搭支架,午饭后又匆忙到自家菜地培土。
当地政府为四胞胎姐妹和弟弟都办了低保,她们上学的基本费用由县里的一家企业资助。夫妇俩依旧勤恳打理着自家的菜地、鱼塘、鸡舍和稻田,有机会也会打些零工。“日子虽然不宽裕,但有盼头。” 邓丁蓝坚定地说,“希望孩子们明年都能考上县高中,以后可以到大山外去念大学。”
图说1:在江西省崇义县上堡乡上堡村,四胞胎姐妹采下树叶吹响小调(7月23日摄)。 新华社记者 万象 摄
图说2:这是四胞胎一家所居住的江西省崇义县上堡乡上堡村(7月24日摄,无人机照片)。新华社记者 万象 摄