China
ရှီကျင့်ဖိန်နှင့် ရုရှား သမ္မတ ပူတင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ပေကျင်း၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် ဩဂုတ် ၈ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
ထိုသို့ဆက်သွယ်ဆွေးနွေးရာတွင် ပူတင်က ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းအကျပ်အတည်း လက်ရှိအခြေအနေအပေါ် အမြင်သဘောထားနှင့် ရုရှား-အမေရိကန် လတ်တလော ထိတွေ့ဆွေးနွေးမှု အခြေအနေများအား မိတ်ဆက်ပြောကြားခဲ့ပြီး နိုင်ငံရေးဖြင့် အကျပ်အတည်းဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်မှုအပေါ် ရုရှားနိုင်ငံက အထူးတန်ဖိုးထားချီးကျူးကြောင်း ပြောကြားခဲ့သည်။ ရုရှား-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးမှာ မည်သည့်အခြေအနေတွင်မဆို ပြောင်းလဲမည်မဟုတ်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နီးကပ်သည့်ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ထိန်းသိမ်းထားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ အခြေခံမူရပ်တည်ချက်များကို ရှင်းလင်းပြောကြားခဲ့ရာ ရှုပ်ထွေးသည့်ပြဿနာတွင် လွယ်ကူသည့် ဖြေရှင်းနည်းမရှိကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ အခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်နိုင်ငံအနေဖြင့် တစ်သမတ်တည်းရပ်တည်ချက်ကို အခိုင်အမာ လက်ကိုင်ထားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုကို ခိုင်မာစွာ လက်ကိုင်ထားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ရုရှား-အမေရိကန် နှစ်ဖက် ထိတွေ့ဆက်ဆံမှုများ ထိန်းသိမ်းထားပြီး အပြန်အလှန်ဆက်ဆံရေး ကောင်းမွန်စေရန်၊ ယူကရိန်းအကျပ်အတည်း နိုင်ငံရေးဖြင့် ဖြေရှင်းရေးဖြစ်စဉ်ကို တွန်းအားပေးရန် မြင်တွေ့လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်နိုင်ငံ အကြီးအကဲများက တရုတ်-ရုရှား အဆင့်မြင့် နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုနှင့် မဟာဗျူဟာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုအပေါ် အပြုသဘောသုံးသပ်ခဲ့ကြရာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကြီးမားသော တိုးတက်မှုရရှိရေး အတူတကွ တွန်းအားပေးကြရန် တစ်ပြေးညီ သဘောတူညီခဲ့ကြသည်။ နှစ်ဖက်အနေဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ရာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထျန်းကျင်း ထိပ်သီးအစည်းအဝေးကို ကောင်းမွန်စွာ ပြင်ဆင်သွားမည်ဖြစ်ပြီး ချစ်ကြည်ရင်းနှီးသော၊ စည်းလုံးညီညွတ်သော၊ ရလဒ်ကြွယ်ဝသော ထိပ်သီးအစည်းအဝေး ဖြစ်မြောက်အောင် ကျင်းပကာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရန် တွန်းအားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
———————–
(Chinese Version)
习近平同俄罗斯总统普京通电话
新华社北京8月8日电 8月8日,国家主席习近平应约同俄罗斯总统普京通电话。
普京介绍了俄方对乌克兰危机当前形势的看法和俄美最近接触沟通的情况,表示俄方高度赞赏中方为政治解决危机发挥的建设性作用。俄中全面战略协作伙伴关系任何形势下都不会改变,俄方愿继续同中方保持密切沟通。
习近平阐述了中方原则立场,指出复杂问题没有简单的解决办法。无论形势如何变化,中方都将坚持一贯立场,坚持劝和促谈。中方乐见俄美双方保持接触,改善彼此关系,推动乌克兰危机政治解决进程。
两国元首积极评价中俄高水平政治互信和战略协作,一致同意共同推动两国关系取得更大发展。双方将通力合作,筹备好上海合作组织天津峰会,办成一届友好、团结、成果丰硕的峰会,推动上海合作组织实现高质量发展。(完)
1. 当地时间5月8日上午,俄罗斯总统普京同中国国家主席习近平在莫斯科克里姆林宫举行会谈。