China
တရုတ်နိုင်ငံ ပေကျင်းမြို့ ဟွိုင်ရိုခရိုင် ဒြပ်မဲ့ယဉ်ကျေးမှု ရှင်သန်လာခြင်းနှင့်အတူ တောင်သူများချမ်းသာကြွယ်ဝလာ

ပေကျင်း၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့ ဟွိုင်ရိုခရိုင် ချောင်ကျစ်မြို့နယ် ရှီပေါင်လု ယဉ်ကျေးမှုစင်တာကို ၂၀၂၂ ခုနှစ်တွင် စတင် ထူထောင်ခဲ့သည်။ ကနဦးထူထောင်ချိန်ကပင် ကျောင်းကျား ဘူးသီးခွံ အပူပေးဆေးခြယ်နည်း၊ ပေကျင်းပန်းထိုးနည်း၊ သဲမာတင် မင်္ဂလာငှက်၊ ယုန်ဘိုးဘိုးအရုပ်လုပ်နည်း၊ ငါးမီးအိမ်လုပ်နည်း၊ လက်ယက်ချည်ထိုးနည်း၊ မြေထည် ကြွေထည်ပြုပြင်နည်း စသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ကိုယ်စားပြုစီမံကိန်းနှင့် အရပ်ရိုးရာဓလေ့ယဉ်ကျေးမှု စီမံကိန်း ၁၀ ခုကျော် အခြေစိုက်ရန် ဆွဲဆောင်ခဲ့သည်။
ဥယျာဉ်ဇုန်၌ စာသင်ကျောင်းဝင်း ရိုးရာယဉ်ကျေးမှု ပညာရေးနှင့် ကျေးလက်တောရွာ ယဉ်ကျေးမှုဆန်းသစ်ဖန်တီးခြင်းဖြင့် ဝင်ငွေတိုးရေး စီမံကိန်းများ ဆောင်ရွက်လျက်ရှိရာတွင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ကိုယ်စားပြု အမွေဆက်ခံသူနှင့် အရပ်ရိုးရာဓလေ့ယဉ်ကျေးမှု လက်မှုပညာဆရာများက အလယ်တန်း၊ မူလတန်း ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံတောင်သူများအား သင်ကြားလေ့ကျင့်ပေးကြသည်။
၂၀၂၅ ခုနှစ် မေလတွင် ဟွိုင်ရိုခရိုင်အစိုးရက ချောင်ကျစ်မြို့နယ် ရှီပေါင်လုယဉ်ကျေးမှုစင်တာတွင် “ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ဖြန့်ချိပြသရေးစခန်း” ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နှင့် လူမှုအသိုက်အဝန်းမျှဝေခြင်း၊ ကုမ္ပဏီလုပ်ငန်းများနှင့် ပေါင်းစည်းခြင်း၊ ဈေးကွက်နှင့် ခြေလှမ်းတူလျှောက်လှမ်းခြင်း၊ ဒေသခံများနှင့် အတူယှဉ်တွဲနေထိုင်ခြင်းဟူသော အသွင်အပြင်အမျိုးမျိုး၊ ကဏ္ဍအစုံအလင်ရှိသော ရုပ်လုံးကြွပုံစံ ဖြစ်တည်လာခဲ့ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့ ဟွိုင်ရိုခရိုင် ချောင်ကျစ်မြို့နယ် ရှီပေါင်လု ယဉ်ကျေးမှုစင်တာတွင် ဟွိုင်ရိုခရိုင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သော ကျောင်းကျား ဘူးသီးခွံ အပူပေးဆေးခြယ်နည်း ကိုယ်စားပြု အမွေအနှစ်ဆက်ခံသူ ကျောင်းယွီ (အလယ်) က ဧည့်သည်များအား ဘူးသီခွံ ဆေးခြယ်နည်းအား ရှင်းပြနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ ဟွိုင်ရိုခရိုင် ချောင်ကျစ်မြို့နယ် ရှီပေါင်လု ယဉ်ကျေးမှုစင်တာတွင် ကလေးငယ်များက စက္ကူအလှညှပ်အနုပညာဖြင့် ပုံဖော်ထားသော တရုတ်ရာသီခွင် ဆယ့်နှစ်ကောင်ပုံအား ကြည့်ရှုနေကြသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————-
(Chinese Version)
文化中国行|北京怀柔:非遗“活”起来 农民富起来
新华社照片,北京,2025年8月8日
北京市怀柔区桥梓镇禧宝露文化中心建于2022年,从创建之初就吸引了焦家浸烙葫芦、京绣、沙燕吉祥鸟、兔爷制作、鱼灯制作、手工编织、陶瓷锔补等十多项非物质文化遗产代表性项目和民间传统文化项目入驻。在园区开展的校园传统文化教育和农村文创增收项目中,非物质文化遗产代表性传承人和民间传统文化技师对中小学生和当地农民进行教育培训。 2025年5月31日,怀柔区政府在桥梓镇禧宝露文化中心举行“非物质文化遗产宣传展示基地”揭牌仪式,形成非物质文化遗产与社会共享、与企业融合、与市场同步、与居民同在的多元化、多界域的立体化模式。
1. 在怀柔区桥梓镇禧宝露文化中心,怀柔区非物质文化遗产焦家浸烙葫芦代表性传承人焦宇在烙制葫芦(8月6日摄)。新华社记者 李欣 摄
2. 在怀柔区桥梓镇禧宝露文化中心,怀柔区非物质文化遗产焦家浸烙葫芦代表性传承人焦宇(中)为来宾讲解烙制葫芦的技艺(8月6日摄)。
3. 在怀柔区桥梓镇禧宝露文化中心,孩子们观看剪纸技艺十二生肖墙(8月6日摄)。