Connect with us

China

ပထမဆုံး C909 ဆေးကုသရေးလေယာဉ်အား တရုတ်နိုင်ငံ Flying-Dragon အထွေထွေ လေကြောင်းပို့ဆောင်ရေး ကုမ္ပဏီထံ လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ဖူတုန်းလေဆိပ် လေယာဉ်ပြေးလမ်းပေါ်တွင် မောင်းနှင်နေသော C909 ဆေးကုသရေးလေယာဉ်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ပထမဆုံး C909 ဆေးကုသရေးလေယာဉ်အား စက်တင်ဘာ ၉ ရက်တွင် တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့၌ တရုတ်နိုင်ငံ Flying-Dragon အထွေထွေ လေကြောင်းပို့ဆောင်ရေး ကုမ္ပဏီထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းထောက်က တရုတ်နိုင်ငံ စီးပွားဖြစ်သုံးလေယာဉ် ကော်ပိုရေးရှင်း (COMAC) မှ သိရှိရသည်။ အဆိုပါလေယာဉ်ကို လွှဲပြောင်းပေးအပ်ပြီးနောက် အရေးပေါ်ကယ်ဆယ်ရေး၊ အဝေးရောက်ကုသရေးနှင့် ရောဂါပြင်းထန်သူများ လွှဲပြောင်းပို့ဆောင်ရေး စသည့် တာဝန်များကို လုပ်ဆောင်သွားမည်ဖြစ်သည်။

C909 ဆေးကုသရေးလေယာဉ်၏ ဒီဇိုင်းရေးဆွဲထားသော အများဆုံး စီးပွားဖြစ် သယ်ဆောင်နိုင်သည့်ပမာဏမှာ တန်ချိန် ၁၀ တန်ဖြစ်ပြီး စံချိန်ပြေးဆွဲနိုင်သော ခရီးစဉ်အကွာအဝေးမှာ ၃,၇၀၀ ကီလိုမီတာ ရှိသည့်အပြင် အလွန်မြင့်မားသော ကုန်းပြင်မြင့်လေဆိပ်၌ ဆင်းသက်ပျံသန်းနိုင်သည့် စွမ်းရည်ရှိသည်။ လေယာဉ်ကိုယ်ထည်အတွင်း နေရာချထားမှုသည် မတူညီသော ကယ်ဆယ်ရေးလိုအပ်ချက်အလျောက် ပြုလွယ်ပြင်လွယ် ပြောင်းလဲတပ်ဆင်နိုင်သောကြောင့် ဆေးကုသရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များ သွားလာမှု၊ ဝေးလံသောဒေသသို့ ဆေးကုသရေးနှင့် ကူညီကယ်ဆယ်မှု၊ ဒဏ်ရာရလူနာများအား ရွှေ့ပြောင်းမှု စသည့် အခြေအနေမျိုးစုံ၌ လက်တွေ့အသုံးပြုမှုကို ဖြည့်ဆည်းပေးနိုင်သည်။ (Xinhua)

C909 ဆေးကုသရေးလေယာဉ် အတွင်းပိုင်းအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————–
(Chinese Version)
首架C909医疗机交付中国飞龙通航
新华社照片,上海,2025年9月9日
记者从中国商飞获悉,首架C909医疗机9月9日在河南郑州交付中国飞龙通用航空有限公司,该架飞机交付后将投入紧急救援、远程医疗和重症转运等任务。
据悉,C909医疗机最大设计商载10吨,标准航程可达3700公里,具备高高原机场起降能力。舱内布局可根据不同救援需求灵活改装,能够满足医疗救援队伍出行、边远地区医疗救助、伤病员转运等多场景应用。
1、9月5日,C909医疗机在上海浦东国际机场的跑道上滑行。新华社发(徐炳南摄)
2、9月8日拍摄的C909医疗机内部。新华社发