China
ရှီကျင့်ဖိန်နှင့် အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Nikol Pashinyan တွေ့ဆုံဆွေးနွေး

ထျန်းကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဩဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ဧည့်ဂေဟာ၌ တရုတ်နိုင်ငံသို့လာရောက်၍ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်သည့် အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Nikol Pashinyan အား တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံ အကြီးအကဲများက တရုတ်နှင့် အာမေးနီးယားသည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ကြောင်း ကြေညာခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် အာမေးနီးယား၏ ချစ်ကြည်ရေးသည် သမိုင်းကြောင်းကြာရှည်၍ အချိန်ကာလကြာလာသည်နှင့်အမျှ ပို၍ခိုင်မာမြဲမြံလျက်ရှိကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၃၃ နှစ်အတွင်း နှစ်နိုင်ငံသည် အပြန်အလှန်လေးစား၍ အပြန်အလှန်ယုံကြည်ကြကာ အပြန်အလှန် အကျိုးဖြစ်ထွန်းစေပြီး အပြန်အလှန် လေ့လာသင်ယူခဲ့သောကြောင့် နှစ်ဖက်ဆက်ဆံရေးသည် စဉ်ဆက်မပြတ် ကောင်းမွန်ခိုင်မာစွာ တိုးတက်လျက်ရှိကြောင်း ထောက်ပြပြောကြားခဲ့သည်။
မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းတွင် အရေးကြီး သမိုင်းမှတ်တိုင်ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် အစဉ်အလာချစ်ကြည်ရေးကို ရှေ့ဆက်ကာ ခိုင်မာစွာ အပြန်အလှန် ထောက်ခံအားပေးရမည်ဖြစ်ကြောင်း၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာဖော်ဆောင်၍ နှစ်ဖက်ဆက်ဆံရေးက စမှတ်အသစ်တွင် ရလဒ်အသစ်များ အဆက်မပြတ် ရရှိလာစေရန် တွန်းအားပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွတည်ဆောက်၍ အပြန်အလှန်ချိတ်ဆက်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ပညာရေး၊ သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး စသည့်ကဏ္ဍများ ဖလှယ်မှုကို တွန်းအားပေး၍ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော အကျိုးစီးပွားများ ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာမေးနီးယားနိုင်ငံက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) တွင် ပါဝင်လာခြင်းအား ထောက်ခံအားပေးကြောင်း၊ အာမေးနီးယားနိုင်ငံနှင့်အတူ စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒအား လက်တွေ့ဖော်ဆောင်ကာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အတူလက်တွဲ တွန်းအားပေးသွားမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက သမ္မတ ရှီကျင့်ဖိန်၏ ဦးဆောင်မှုအောက်တွင် ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ အာမေးနီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံထံမှ လေ့လာသင်ယူ၍ မိမိ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအား အားဖြည့်သွားရန် မျှော်လင့်ကြောင်း Nikol Pashinyan က ပြောကြားခဲ့သည်။
မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်းသည် အာမေးနီးယား-တရုတ် ဆက်ဆံရေးကို အဆင့်မြင့်သို့ တက်လှမ်းစေပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းအသစ်များ သယ်ဆောင်လာကာ ရှင်သန်စွမ်းအားသစ်များ ဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း၊ အာမေးနီးယားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒအား ခိုင်မာစွာကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအား တိုးချဲ့ပြီး နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စရပ်များတွင် ရင်းနှီးစွာ တွဲဖက်ဆောင်ရွက်မှုအား ထိန်းသိမ်းထားကာ နှစ်ဖက်ဆက်ဆံရေး ပိုမိုကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာမှုအတွက် တွန်းအားပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ဖက်က “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာမေးနီးယားသမ္မတနိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း ပူးတွဲကြေညာချက်” ထုတ်ပြန်ခဲ့ပြီး ဈေးကွက်ကြီးကြပ်မှု၊ တိုင်းတာမှု၊ မီဒီယာ စသည့်ကဏ္ဍစုံ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု စာချုပ်များစွာ လက်မှတ်ရေးထိုးခဲ့သည်။
အထက်ပါတွေ့ဆုံပွဲသို့ ချိုက်ချီ၊ ဝမ်ရိ၊ ချန်မင်အယ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့လာရောက်၍ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်သည့် အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Nikol Pashinyan တို့ ဩဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
——————
(Chinese Version)
上合组织天津峰会|习近平会见亚美尼亚总理帕什尼扬
新华社天津8月31日电(记者陆君钰、刘惟真)8月31日上午,国家主席习近平在天津迎宾馆会见来华出席2025年上海合作组织峰会和纪念中国人民抗日战争暨世界反法西斯战争胜利80周年活动的亚美尼亚总理帕什尼扬。两国领导人宣布,中国和亚美尼亚建立战略伙伴关系。
习近平指出,中国和亚美尼亚友谊源远流长,历久弥坚。建交33年来,两国互尊互信、互利互惠、互学互鉴,双边关系持续健康稳定发展。建立战略伙伴关系是两国关系发展史上的重要里程碑,双方要赓续传统友谊,坚定相互支持,深化各领域合作,推动双边关系在新起点上不断取得新成果。
习近平强调,双方要高质量共建“一带一路”,加强互联互通,推进教育、科技、文化、旅游等交流,为两国人民创造更多福祉。中方支持亚美尼亚加入上海合作组织,愿同亚方一道,践行真正的多边主义,携手推动构建人类命运共同体。
帕什尼扬表示,中国在习近平主席领导下取得巨大发展成就,亚方希望向中国学习,助力自身经济社会发展。建立战略伙伴关系将推动亚中关系迈上高水平,为两国合作带来新机遇、注入新活力。亚方坚定奉行一个中国原则,期待同中方拓展经贸合作,在国际和地区事务中保持密切配合,推动双边关系得到更大发展。
双方发表《中华人民共和国和亚美尼亚共和国关于建立战略伙伴关系的联合声明》,并签署市场监管、计量、媒体等领域多份双边合作文件。
蔡奇、王毅、陈敏尔等参加会见。(完)
图说:8月31日上午,国家主席习近平在天津迎宾馆会见来华出席2025年上海合作组织峰会和纪念中国人民抗日战争暨世界反法西斯战争胜利80周年活动的亚美尼亚总理帕什尼扬。 新华社记者 谢环驰 摄