China
နီပေါနိုင်ငံက လူမှုအဖွဲ့အစည်း စည်းစနစ်နှင့် နိုင်ငံတည်ငြိမ်မှုအား အမြန်ဆုံး ပြန်လည်ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
နီပေါနိုင်ငံ၌ လတ်လောရက်ပိုင်းအတွင်း စီတန်းလှည့်လည် ဆန္ဒပြမှု၊ နိုင်ငံရေးအခြေအနေ အပြောင်းအလဲ ဖြစ်ပွားမှုတို့နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က စက်တင်ဘာ ၁၀ ရက်တွင် သတင်းထောက်မေးမြန်းမှုအား ဖြေကြားရာ၌ တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံသည် အစဉ်အလာ ချစ်ကြည်ရင်းနှီးသောအိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ နီပေါနိုင်ငံ နယ်ပယ်အသီးသီးအနေဖြင့် ပြည်တွင်းရေးကိစ္စအား လျော်ကန်စွာဖြေရှင်းနိုင်ပြီး လူမှုအဖွဲ့အစည်း စည်းစနစ်နှင့် နိုင်ငံတည်ငြိမ်မှုအား အမြန်ဆုံး ပြန်လည်ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိအထိ တရုတ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသားများထိခိုက်သေဆုံးမှု အစီရင်ခံတင်ပြမှုကို လက်ခံရရှိမှု မရှိသေးကြောင်း၊ နီပေါနိုင်ငံတွင် စီတန်းလှည့်လည် ဆန္ဒပြမှုဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နီပေါနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့သည် ကောင်စစ်ရေးရာ ကာကွယ်မှု အရေးပေါ်ယန္တရားအား ချက်ချင်းစတင်လုပ်ဆောင်ခဲ့ပြီး နီပေါနိုင်ငံဘက်မှ တရုတ်နိုင်ငံသားများနှင့် အဖွဲ့အစည်းများ၏ ဘေးကင်းလုံခြုံမှုအား လက်တွေ့ကာကွယ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ သံရုံးနှင့် ဒေသအတွင်းရှိတရုတ်နိုင်ငံသားနှင့် အဖွဲ့အစည်းများ နီးကပ်စွာဆက်သွယ်မှုလုပ်ဆောင်ကာ ၎င်းတို့ကို လုံခြုံရေး ကြိုတင်ကာကွယ်မှုနှင့် အရေးပေါ် အန္တရာယ်ရှောင်တိမ်းမှု လုပ်ဆောင်ရန် လမ်းညွှန်ပေးခဲ့သည့်အပြင် လိုအပ်ချက်ရှိသော တရုတ်နိုင်ငံသားများအတွက်လည်း တက်ကြွစွာ ကူညီပံ့ပိုးပေးခဲ့ကြောင်း လျင်ကျန့်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“နီပေါနိုင်ငံရှိ တရုတ်နိုင်ငံသားများအနေနဲ့ နီပေါနိုင်ငံ ဘေးကင်းလုံခြုံမှု အခြေအနေအား အနီးကပ်စောင့်ကြည့်ပြီးသတိထားကာ လုံခြုံရေးအရ ကြိုတင်ကာကွယ်မှု မြှင့်တင်ရန်အတွက် လက်တွေ့အစီအမံများ လုပ်ဆောင်ဖို့၊ အရေးပေါ်ပြင်ဆင်မှုများ လုပ်ဆောင်ထားဖို့၊ မလိုအပ်ရင်
အပြင်မထွက်ဖို့ ကျွန်တော်တို့ သတိပေးထားပါတယ်။ အရေးပေါ်အခြေအနေနဲ့ကြုံတွေ့လာရရင်လည်း နီပေါနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ အချိန်မီဆက်သွယ်ပြီးအကူအညီတောင်းခံနိုင်ပါတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
外交部:希望尼泊尔尽快恢复社会秩序和国家稳定
新华社北京9月10日电(记者刘杨、马卓言)外交部发言人林剑10日就尼泊尔近日爆发示威游行、政局发生变化回答记者提问时表示,中国和尼泊尔是传统友好邻邦,希望尼泊尔各界能够妥善处理国内问题,尽快恢复社会秩序和国家稳定。
林剑在例行记者会上说,截止到目前,中方暂未收到有关中国公民伤亡的报告。尼泊尔发生游行示威后,外交部和驻尼泊尔使馆立即启动领事保护应急机制,要求尼方切实保障中国公民和机构安全。使馆与当地中国公民和机构保持密切联系,指导他们做好安全防范和紧急避险,并为有需要的中国公民积极提供协助。
“我们提醒在尼中国公民和机构密切关注尼安全形势,提高警惕,采取切实措施加强安全防范,做好应急准备,非必要不外出。如遇紧急情况,请及时联系中国驻尼使馆寻求协助。”林剑说。(完)