Connect with us

China

တုန်ကျွင်းနှင့် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗီဒီယိုလင့်ခ်ဖြင့် ဆက်သွယ်ဆွေးနွေး

ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းသည် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Pete Hegseth နှင့် ချိန်းဆိုချက်အရ စက်တင်ဘာ ၉ ရက် ညပိုင်းတွင် ဗီဒီယိုလင့်ခ်ဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် တုန်ကျွင်းက ပွင့်လင်းသည့်သဘောထားကို လက်ကိုင်ထား၍ အသွားအလာ ညှိနှိုင်းဆွေးနွေးမှုများ ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း၊ တန်းတူညီမျှလေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ တည်ငြိမ်၍မှန်ကန်မှုရှိသည့် စစ်တပ်နှစ်ရပ်ဆက်ဆံရေးကို တည်ဆောက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အပြန်အလှန်၏ ဗဟိုအကျိုးစီးပွားကို လေးစားရမည်ဖြစ်ကြောင်း၊ “လက်နက်ဖြင့် သီးခြားခွဲထွက်ရေးကို အထောက်အပံ့ပေးခြင်း”၊ “ထိုင်ဝမ်ဖြင့် တရုတ်နိုင်ငံအား ထိန်းချုပ်ခြင်း” ကြံစည်ကြိုးပမ်းမှုများနှင့် စွက်ဖက်မှုမှန်သမျှသည် ရှုံးနိမ့်မည်သာဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဒေသတွင်းနိုင်ငံများနှင့်အတူ တောင်တရုတ်ပင်လယ် တည်ငြိမ်အေးချမ်းရေးကို အားထားဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်သီးပုဂ္ဂလနိုင်ငံ၏ ရန်လိုထိပါးမှု၊ ဒေသတွင်းပြင်ပနိုင်ငံများ၏ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်သဖြင့် အာရုံစိုက်ဆောင်ရွက်လျက်ရှိရာ မိမိတို့၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို အခိုင်အမာ ကာကွယ်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအား တားဆီး၊ ဟန့်တား၊ စွက်ဖက်ခြင်းသည် လုံးဝဥဿုံအောင်မြင်မည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် အခြားဘုံဂရုပြုကြသည့်ကိစ္စရပ်များကိုလည်း အမြင်သဘောထားချင်းဖလှယ်ခဲ့ကြောင်း သိရသည်။ (Xinhua)
—————————
(Chinese Version)
董军同美国国防部长视频通话
新华社北京9月10日电(记者梅常伟)国防部长董军9日晚应约同美国国防部长赫格塞思视频通话。
董军说,要秉持开放态度,保持沟通交往,构建平等尊重、和平共处、稳定正向的两军关系。要尊重彼此核心利益。任何“以武助独”“以台制华”图谋和干涉都将被挫败。中方致力于与地区国家一道维护南海和平稳定,坚决反对个别国家侵权挑衅、域外国家蓄意煽乱。我们始终专注发展自己,坚定捍卫自身正当权益,遏制、威慑、干涉中国是绝对行不通的。
双方还就其他共同关切的问题交换了意见。(完)