Connect with us

China

ဟယ်လိဖုန်းနှင့် ဗြိတိန် စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Peter Kyle တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် ဗြိတိန် စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး Peter Kyle တို့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းသည် ဗြိတိန် စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး Peter Kyle နှင့် စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဟယ်လိဖုန်းက တရုတ်နိုင်ငံသည် ဗြိတိန်နိုင်ငံနှင့်အတူ သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် ကီယာစတားမားတို့ ရရှိထားသည့် အရေးကြီးသဘောတူညီချက်များကို ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော်သွားလိုကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှု စဉ်ဆက်မပြတ် တည်ငြိမ်ကောင်းမွန်စွာ တိုးတက်ရေးကို တွန်းအားပေးကာ နှစ်နိုင်ငံဆက်ဆံရေး ရေရှည်တည်ငြိမ်စွာ လျှောက်လှမ်းရန် ဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်မှုကို အခိုင်အမာလက်ကိုင်ထားမည် ဖြစ်သလို တရုတ်နိုင်ငံတွင် ဗြိတိန်ကုမ္ပဏီလုပ်ငန်းများ ရင်းနှီးမြှုပ်နှံသည့် ယုံကြည်ချက်ခိုင်မာစေရန်၊ တရုတ်ဈေးကွက်တွင် ထဲထဲဝင်ဝင် လုပ်ငန်းဖော်ဆောင်နိုင်ရန်၊ တရုတ်နိုင်ငံ၏ ဧရာမကြီးမားသော ဈေးကွက်အကျိုးစီးပွားကို မျှဝေခံစားရန် အစွမ်းကုန် ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Peter Kyle က ဗြိတိန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုကို အထူးအလေးထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ချိတ်ဆက်ညှိနှိုင်းမှုများ မြှင့်တင်သွားကာ ဗြိတိန်-တရုတ် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေး နက်ရှိုင်းအောင် စဉ်ဆက်မပြတ် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)


————————————————————————————–
(Chinese Version)
何立峰会见英国商业贸易大臣凯尔时指出   深化中英经贸合作,推动两国关系行稳致远
新华社北京9月10日电 中共中央政治局委员、国务院副总理何立峰9月10日上午在人民大会堂会见英国商业贸易大臣凯尔。
何立峰表示,中方将继续与英方共同努力落实好习近平主席与斯塔默首相达成的重要共识,推动两国经贸合作持续稳定健康发展,实现两国关系行稳致远。中国坚持高水平对外开放,大力支持英国企业坚定投资中国的信心,继续深耕中国市场,分享中国超大规模市场红利。
凯尔表示,英方高度重视对华经贸合作,愿与中方加强沟通协调,持续深化英中贸易投资关系。(完)
1. 9月10日上午,中共中央政治局委员、国务院副总理何立峰在北京人民大会堂会见英国商业贸易大臣凯尔。 新华社记者 刘卫兵 摄