China
ရှီကျင့်ဖိန်နှင့် တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန် တွေ့ဆုံဆွေးနွေး

ထျန်းကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာသည့် တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန်နှင့် ဩဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် ထျန်းကျင်းမြို့ ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် တူကီယဲသည် ထွန်းသစ်စနိုင်ငံကြီး၊ ကမ္ဘာ့တောင်ဘက်ခြမ်း အရေးကြီးအဖွဲ့ဝင်များ နည်းတူဖြစ်ကြရာ လွတ်လပ်၍ ကိုယ်ပိုင်ရပ်တည်သည့် စိတ်ဓာတ်ရှိသည့် နိုင်ငံများ ဖြစ်ကြကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ တရုတ်-တူကီယဲ ဆက်ဆံရေး အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်အောင် ထိန်းသိမ်းခြင်းသည် နှစ်နိုင်ငံ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီသလို ကမ္ဘာ့တောင်ဘက်ခြမ်း၏ ဘုံအကျိုးစီးပွားနှင့်လည်း လျော်ညီကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ဘုံအကျိုးဖြစ်ထွန်းရေး ဟူသော ခေတ်ကာလ၏ ဒီရေစီးကြောင်းကို လက်ကိုင်ထားရမည်ဖြစ်ကြောင်း၊ ကြွယ်ဝချမ်းသာ၍ အင်အားတောင့်တင်းသည့် နိုင်ငံအဖြစ် ဖော်ဆောင်သည့်လမ်းကြောင်းတွင် အပြန်အလှန် အောင်မြင်ဖြစ်ထွန်းစေရန် ဆောင်ရွက်ရမည် ဖြစ်သလို တရုတ်-တူကီယဲ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေး မြင့်မားမှုအသစ်သို့ ရောက်ရှိရန် တွန်းအားပေးကာ ပို၍ တရားမျှတမှု၊ ကျိုးကြောင်းဆီလျော်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးစနစ်ကို လက်တွဲအတူ တွန်းအားပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လာမည့်နှစ်သည် တရုတ်-တူကီယဲ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၅၅ နှစ်ပြည့် ဖြစ်ရာ နှစ်ဖက်အနေဖြင့် ယင်းကို အခွင့်အလမ်းအဖြစ် ထားရှိ၍ နှစ်နိုင်ငံဆက်ဆံရေး အဆင့်သစ်သို့ တက်လှမ်းရန် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။
ပထမအနေဖြင့် နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို ခိုင်မာစေရမည်ဖြစ်ပြီး အပြန်အလှန် ဗဟိုအကျိုးစီးပွားနှင့် အရေးကြီး ဂရုပြုမှုများနှင့်စပ်လျဉ်း၍ အပြန်အလှန် ထောက်ခံအားပေးကာ အကြမ်းဖက်တိုက်ဖျက်ရေး၊ လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ဒုတိယအနေဖြင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရမည်ဖြစ်ပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရေး အဆိုပြုချက်နှင့် “အလယ်ပိုင်းစင်္ကြံ” အစီအစဉ် ချိတ်ဆက်မှုကို မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်-ဥရောပရထား တောင်ဘက်လမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရမည်ဖြစ်ပြီး ကုန်သွယ်စီးပွားရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး စသည့် သမားရိုးကျကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို မြှင့်တင်ကာ စွမ်းအင်သစ်၊ 5G ၊ ဇီဝဆေးဝါး စသည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အသစ်များကို ဖန်တီးရမည်ဖြစ်ကြောင်း၊ တတိယအနေဖြင့် ဘက်စုံညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ရမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၊ G20 ၊ SCO စသည့် မူဘောင်အတွင်း နီးကပ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကာ နိုင်ငံတကာစည်းစနစ်နှင့် စည်းမျဉ်းစည်ကမ်းများကို အတူကာကွယ်ထိန်းသိမ်းခြင်း၊ နိုင်ငံ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ကမ္ဘာ့ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အကျိုးပြုရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အာဒိုဂန်က တူကီယဲအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတိုးတက်မှုအပေါ် အထူးအလေးထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာဖလှယ်မှုများကို နီးကပ်စွာဆောင်ရွက်ကာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” ကို အရည်အသွေးမြင့် အတူတည်ဆောက်သွားလိုကြောင်း၊ ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုအဆင့်ကို တိုးမြှင့်ခြင်း၊ အခြေခံအဆောက်အဦ၊ စွမ်းအင်သစ်၊ စိုက်ပျိုးရေးစားသောက်ကုန်၊ ဆေးကုသမှု စသည့် ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ခြင်း၊ ပညာရေး၊ ခရီးသွားလာရေး စသည့် ကဏ္ဍ လူမှုယဉ်ကျေးမှုဖလှယ်ရေးကို မြှင့်တင်ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေး စဉ်ဆက်မပြတ် အားကောင်းစွာ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
တူကီယဲနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ကိုင်ထားကျင့်သုံးမည်ဖြစ်ကြောင်း၊ SCO သည် တည်ထောင်ပြီးကာလတစ်လျှောက် ပမာဏအကြီးမားဆုံးသော ထိပ်သီးအစည်းအဝေးကို ကျင်းပတော့မည်ဖြစ်ရာ တူကီယဲအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ SCO အတွင်း ပူးပေါင်းဆောင်ရွက်မှုများအား အားဖြည့်၍ ဒေသတွင်းနှင့် ကမ္ဘာ၏ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်သွားလိုကြောင်း၊ အရှေ့အလယ်ပိုင်းရေးရာတွင် တရုတ်နိုင်ငံ၏ မျှတသည့် ရပ်တည်ချက်ကို တူကီယဲနိုင်ငံအနေဖြင့် အထူးတန်ဖိုးထားချီးကျူးရာ တရုတ်နိုင်ငံနှင့်အတူ နိုင်ငံတကာ တရားမျှတရေးနှင့် သမာသမတ်ကျရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ချိုက်ချီ၊ ဝမ်ရိ၊ ချန်မင်အယ် စသည်တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ရောက်ရှိလာသည့် တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန်နှင့် ၂၀၂၅ ခုနှစ် ဩဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် ထျန်းကျင်းမြို့ ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
———————–
(Chinese Version)
上合组织天津峰会|习近平会见土耳其总统埃尔多安
新华社天津8月31日电(记者冯歆然、尹思源)8月31日下午,国家主席习近平在天津迎宾馆会见来华出席2025年上海合作组织峰会的土耳其总统埃尔多安。
习近平指出,中国和土耳其同为新兴大国、全球南方重要成员,都是有着独立自主精神的国家。中土关系保持高水平发展,符合两国根本利益,也符合全球南方共同利益。两国要把握和平、发展、合作、共赢的时代潮流,在实现国家富强的道路上相互成就,推动中土战略合作关系达到新高度,携手推动构建更加公正合理的全球治理体系。
习近平强调,明年是中土建交55周年,双方要以此为契机,推动两国关系迈上新台阶。一是夯实政治互信,要在涉及彼此核心利益和重大关切问题上相互支持,加强反恐安全合作。二是深化务实合作,要加强共建“一带一路”倡议同“中间走廊”计划对接,推进中欧班列南向通道发展,提升经贸、文化、旅游等传统领域合作水平,打造新能源、5G、生物医药等合作新亮点。三是加强多边协作,要在联合国、二十国集团、上海合作组织等框架内密切协调,共同维护国际秩序和规则,捍卫国际公平正义,为世界和平稳定作出贡献。
埃尔多安表示,土耳其高度重视发展对华关系,愿同中方密切高层交往,高质量共建“一带一路”,提升贸易投资水平,加强基础设施、新能源、农食、医疗等领域合作,促进教育、旅游等方面人文交流,推动两国关系持续强劲发展。土方将坚定奉行一个中国原则。上海合作组织即将举行成立以来规模最大的一次峰会,土方愿同中方加强上海合作组织内合作,促进地区和世界的发展繁荣。土方赞赏中方在中东问题上的公正立场,愿同中方共同维护国际公平正义。
蔡奇、王毅、陈敏尔等参加会见。(完)
1. 8月31日下午,国家主席习近平在天津迎宾馆会见来华出席2025年上海合作组织峰会的土耳其总统埃尔多安。 新华社记者 燕雁 摄