China
၁၂ သုတ်မြောက် တောင်ကိုရီးယားနိုင်ငံရှိ တရုတ်ပြည်သူ့ စေတနာ့ဝန်ထမ်း အာဇာနည်စစ်သည်များ၏ ရုပ်ကြွင်းပစ္စည်းများအား တရုတ်နိုင်ငံ စိန်ရန်မြို့တွင် ဈာပနာချ မြှုပ်နှံ

စိန်ရန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
၁၂ သုတ်မြောက် တောင်ကိုရီးယားနိုင်ငံရှိ တရုတ်ပြည်သူ့ စေတနာ့ဝန်ထမ်း အာဇာနည်စစ်သည်များ၏ ရုပ်ကြွင်းပစ္စည်းများအား ဈာပနချသည့် အခမ်းအနားကို စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ စိန်ရန်မြို့ရှိ အမေရိကန်ခုခံတော်လှန်ရေး ကိုရီးယားစစ်ပွဲတပ်ကူ အာဇာနည်ဂူဗိမာန်ဥယျာဉ်တွင် ကျင်းပခဲ့သည်။ စေတနာ့ဝန်ထမ်း အာဇာနည်စစ်သည် ၃၀ ဦးသည် အမိမြေမှ နှစ်ပေါင်း ၇၀ ကျော်ကြာ ခွဲခွာခဲ့ပြီးနောက် တရုတ်နိုင်ငံအမိမြေကြီးသို့ ငြိမ်းချမ်းစွာ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
နံနက် ၁၀ နာရီခန့်တွင် အခမ်းအနားအစီအစဉ် တရားဝင်စတင်ခဲ့သည်။ စစ်တီးဝိုင်းက “လွမ်းဆွတ်ဖွယ်တေးသီချင်း” ကို သိမ်မွေ့စွာ တီးခတ်ခဲ့ရာ ဘေးနှစ်ဖက်ရှိစစ်သည်များ သေနတ်ကိုင်၍ သတိအနေအထားဖြင့် ရပ်တန့်လျက်ရှိပြီး ဂုဏ်ပြုစစ်သည်များက စေတနာ့ဝန်ထမ်း အာဇာနည်စစ်သည်များ၏ ရုပ်ကြွင်းပစ္စည်း ခေါင်းတလားများကို စောင့်ရှောက်သယ်ဆောင်ကာ အထိမ်းအမှတ်အခမ်းအနားရင်ပြင်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာချိန်တွင် အခမ်းအနားတစ်ခွင်လုံး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြသည်။ ဝမ်းနည်းကြောင်းစာလွှာ ဖတ်ကြားပြီးနောက် အားလုံးက စေတနာ့ဝန်ထမ်း အာဇာနည်စစ်သည်များ၏ ရုပ်ကြွင်းပစ္စည်းများအား သုံးကြိမ်ဦးညွှတ်၍ အရိုအသေပြုခဲ့ကြသည်။ ဂုဏ်ပြုတပ်ဖွဲ့ စစ်သည် ၂၇ ဦးက သေနတ် ၁၂ ချက် ဆက်တိုက်ပစ်ဖောက်ကာ စေတနာ့ဝန်ထမ်း အာဇာနည်စစ်သည်များအား ကြီးမြတ်သည့်လေးစားမှုကို ဖော်ပြခဲ့ကြသည်။
ဆိတ်ငြိမ်စွာ အောက်မေ့ဝမ်းနည်းကြေကွဲဖွယ် အချိန်အခါပင်ဖြစ်သည်။ ဂုဏ်ပြုတပ်ဖွဲ့စစ်သည်များသည် စေတနာ့ဝန်ထမ်း အာဇာနည်စစ်သည်များ၏ ခေါင်းတလားများကို မ၍ ရင်ပြင်တစ်ဝက်ပတ်ကာ လျှောက်လှမ်းခဲ့ပြီးနောက် ဈာပနချရာ မြေအောက်ဂူဗိမာန်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားခဲ့ကြသည်။ အခမ်းအနားတက်ရောက်သူများက တန်းစီကာ အာဇာနည်များအား ပန်းဆက်ကပ်၍ အာဇာနည်တံတိုင်းအား လေးစားစွာ အရိုအသေပေးခဲ့ကြသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးရုံး၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန၊ ဗဟိုဆိုက်ဘာစပေ့ရှ်ကော်မရှင်ရုံး၊ ဗဟို ဟောင်ကောင်နှင့် မကာအိုရေးရာရုံး၊ ဗဟိုနှင့် နိုင်ငံ ဌာနရေးရာ လုပ်ငန်းကော်မတီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စစ်မှုထမ်းဟောင်းများရေးရာဝန်ကြီးဌာန၊ အမျိုးသား ရေဒီယိုနှင့် ရုပ်မြင်သံကြား ဦးစီးဌာနချုပ် (NRTA)၊ ဗဟိုစစ်ကော်မရှင် နိုင်ငံရေးလုပ်ငန်းရေးရာဌာန၊ ဗဟိုစစ်ကော်မရှင် နိုင်ငံတကာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုရုံး၊ လျောင်နင်ပြည်နယ် စိန်ရန်မြို့၊ စိန်ရန်အခြေစိုက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ လက်နက်ကိုင်ရဲတပ်ဖွဲ့နှင့် မြောက်ပိုင်းစစ်ဒေသကြီး ကြည်းတပ် စသည့် ဌာနများမှ သက်ဆိုင်ရာ ရဲဘော်များ၊ အမေရိကန်ခုခံတော်လှန်ရေး ကိုရီးယားစစ်ပွဲတပ်ကူ စစ်သည်ဟောင်းကြီးများ၊ အာဇာနည်များ၏ မိသားစုဝင် ကိုယ်စားလှယ်များ၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် စစ်ရေးပြအခမ်းအနား၌ ပါဝင်ခဲ့သည့် အရာရှိစစ်သည်များ၊ အမေရိကန်ခုခံတော်လှန်ရေး ကိုရီးယားစစ်ပွဲတပ်ကူ တပ်ဖွဲ့၏ အရာရှိစစ်သည် ကိုယ်စားလှယ်များ၊ အိုလံပစ်ချန်ပီယံ ကိုယ်စားလှယ်များ၊ စစ်တပ်အရာရှိစစ်သည် ကိုယ်စားလှယ်များ၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်များ၊ လူငယ်ကျောင်းသား ကိုယ်စားလှယ်များ စသည့် လူပေါင်း ၃၀၀ ကျော် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဂုဏ်ပြုတပ်ရင်း ဂုဏ်ပြုတပ်ဖွဲ့၊ မြောက်ပိုင်းစစ်ဒေသကြီး ကြည်းတပ် တပ်မဟာတစ်ခုတို့မှ ဈာပနအခမ်းအနား ဂုဏ်ပြုတပ်ဖွဲ့တာဝန်ကို ထမ်းဆောင်ခဲ့ကြသည်။
ယခုနှစ်သည် တရုတ်ပြည်သူ့ စေတနာ့ဝန်ထမ်းတပ်ဖွဲ့ အမေရိကန်ခုခံတော်လှန်ရေး ကိုရီးယားစစ်ပွဲတပ်ကူများ နိုင်ငံပြင်ပ၌ စစ်ဆင်ရေးဆင်နွှဲခဲ့သည့် ၇၅ နှစ်ပြည့် ဖြစ်သည်။ စက်တင်ဘာ ၁၂ ရက်တွင် ၁၂ သုတ်မြောက် တောင်ကိုရီးယားနိုင်ငံရှိ တရုတ်ပြည်သူ့ စေတနာ့ဝန်ထမ်း အာဇာနည်စစ်သည်များ၏ ရုပ်ကြွင်းပစ္စည်းများအား တရုတ်နိုင်ငံ လေတပ်အထူးလေယာဉ်ဖြင့် တောင်ကိုရီးယားနိုင်ငံမှ ပြန်လည်သယ်ဆောင်လာခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ တောင်ကိုရီးယားနိုင်ငံရှိ တရုတ်ပြည်သူ့ စေတနာ့ဝန်ထမ်း အာဇာနည်စစ်သည်စုစုပေါင်း ၁,၀၁၁ ဦး၏ ရုပ်ကြွင်းပစ္စည်းများကို စိန်ရန်မြို့ရှိ အမေရိကန်ခုခံတော်လှန်ရေး ကိုရီးယားစစ်ပွဲတပ်ကူ အာဇာနည်ဂူဗိမာန်ဥယျာဉ်တွင် ဈာပနာချ မြှုပ်နှံခဲ့ပြီးဖြစ်သည်။ (Xinhua)
—————————
(Chinese Version)
第十二批在韩中国人民志愿军烈士遗骸在沈阳安葬
新华社沈阳9月13日电(记者刘一诺、武江民)第十二批在韩中国人民志愿军烈士遗骸安葬仪式13日上午在沈阳抗美援朝烈士陵园举行。30位志愿军烈士英灵,在阔别祖国70多年后回到中华大地安息。
10时许,仪式正式开始,军乐队奏响婉转低回的《思念曲》,两侧标兵持枪肃立,礼兵护送志愿军烈士遗骸棺椁缓步进入纪念广场,全场奏唱中华人民共和国国歌。致祭文后,全体人员向志愿军烈士遗骸三鞠躬。27名礼兵连续鸣枪12响,向志愿军烈士致以崇高敬意。
松柏无声,草木含悲。礼兵抬起志愿军烈士棺椁绕广场半周,缓缓走向安葬地宫。全场人员排起长队,向烈士献花致敬,并瞻仰烈士英名墙。
中央宣传部、中央对外联络部、中央网信办、中央港澳办、中央和国家机关工委、外交部、教育部、财政部、退役军人事务部、国家广电总局、中央军委政治工作部、中央军委国际军事合作办公室,辽宁省、沈阳市,驻沈解放军、武警部队和北部战区陆军等单位有关同志,抗美援朝老战士、烈士亲属代表,纪念抗战胜利80周年阅兵受阅官兵、抗美援朝英雄连队官兵代表,奥运冠军代表、部队官兵代表、港澳台师生代表、青少年学生代表等300余人参加仪式。解放军仪仗司礼大队、北部战区陆军某旅奉命执行安葬仪式礼兵任务。
今年是中国人民志愿军抗美援朝出国作战75周年。12日,第十二批在韩中国人民志愿军烈士遗骸由我空军专机从韩国接回。2014年至今,累计有1011位在韩中国人民志愿军烈士遗骸在沈阳抗美援朝烈士陵园安葬。(完)
1. 9月13日,礼兵护送志愿军烈士棺椁进入沈阳抗美援朝烈士陵园安葬地宫。新华社记者 张永进 摄