Connect with us

China

အင်ဒိုနီးရှားနိုင်ငံ ပြည်တွင်းအခြေအနေ ပြောင်းလဲမှုကို သတိပြုမိကြောင်း၊ အင်ဒိုနီးရှားနိုင်ငံရှိ တရုတ်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ ဘေးကင်းလုံခြုံမှုကို အာမခံပေးရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ဩဂုတ် ၂၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ ပြည်တွင်းအခြေအနေ ပြောင်းလဲမှုကို သတိထားမိကြောင်း၊ အင်ဒိုနီးရှားဘက်က ထိရောက်သောအစီအမံကို လုပ်ဆောင်၍ အင်ဒိုနီးရှားနိုင်ငံရှိ တရုတ်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ ဘေးကင်းလုံခြုံမှုကို အာမခံပေးရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
သတင်းဖော်ပြချက်အရ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ စသည့်ဒေသ အများအပြားတွင် အကြီးစား ဆန္ဒပြ စီတန်းလှည့်လည်မှုသည် ဆက်တိုက်အရှိန်မြင့်တက်လာပြီး လူသေဆုံးဒဏ်ရာရမှုများဖြစ်လာကြောင်း၊ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် တရုတ်နိုင်ငံသို့လာရောက်၍ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး စသည့် အခမ်းအနားများ တက်ရောက်ရန်ကိုလည်း ပယ်ဖျက်လိုက်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က မေးမြန်းခဲ့သည်။

ထို့အပေါ် ကောကျားခွန်းက တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ ပြည်တွင်းအခြေအနေ ပြောင်းလဲမှုကို သတိထားမိကြောင်း၊ သမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ ဦးဆောင်မှုအောက်တွင် အင်ဒိုနီးရှားနိုင်ငံအစိုးရအနေဖြင့် သင့်လျော်စွာစီမံနိုင်ပြီး ပြည်တွင်းအခြေအနေ တည်ငြိမ်မှုအား အမြန်ဆုံး ပြန်လည်ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံက ထိရောက်သော အစီအမံများ ဖော်ဆောင်၍ အင်ဒိုနီးရှားနိုင်ငံရှိ တရုတ်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ ဘေးကင်းလုံခြုံမှုကို အာမခံပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၏ ပြည်တွင်းလိုအပ်ချက်အရ တရုတ်နိုင်ငံသို့ လာရောက်မည့် ခရီးစဉ် အစီအစဉ်အား ပြင်ဆင်ညှိနှိုင်းမှု လုပ်ဆောင်ခြင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် နားလည်၍ လေးစားကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး Sugiono က သမ္မတ ပရာဘိုဝို ဆူဘီယန်တိုအား ကိုယ်စားပြု၍ SCO ထျန်းကျင်းထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ခြင်းအား တရုတ်နိုင်ငံမှ ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
外交部:注意到印尼国内局势变化 望确保中方在印尼机构和人员安全
新华社北京9月1日电(记者朱超)外交部发言人郭嘉昆1日表示,中方注意到印度尼西亚国内局势变化,希望印尼方面采取有效措施,确保中方在印尼机构和人员安全。
当日例行记者会上,有记者问:据报道,印尼雅加达等多地大规模示威游行持续升级并造成人员伤亡。普拉博沃总统已取消来华出席上合组织峰会等活动。中方对此有何评论?
郭嘉昆说,中方注意到印度尼西亚国内局势变化,相信在普拉博沃总统领导下,印尼政府能够妥善处置,尽快恢复国内局势稳定。中方也希望印尼方面采取有效措施,确保中方在印尼机构和人员安全。
他表示,中方理解并尊重印尼政府因国内需要作出有关来华安排调整。中方欢迎苏吉约诺外长作为普拉博沃总统的代表出席上海合作组织天津峰会和中国人民抗日战争暨世界反法西斯战争胜利80周年纪念活动。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.