China
တရုတ်နိုင်ငံ၏ သဲကန္တာရ စီမံခန့်ခွဲမှုက နိုင်ငံတကာ၏ ချီးကျူးခြင်းခံရ

ဟူးဟော့၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အမျိုးသား သစ်တောနှင့်မြက်ခင်းပြင်ရေးရာ စီမံခန့်ခွဲရေးဌာနသည် တရုတ်နိုင်ငံအခြေစိုက် ပြည်ပနိုင်ငံများစွာ၏ သံတမန်များနှင့် ကုလသမဂ္ဂ သက်ဆိုင်ရာအဖွဲ့အစည်း ကိုယ်စားလှယ်များက စက်တင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါးယန့်နော့အယ်လ်မြို့၊ အဲ့အယ်တော့စစ်မြို့ စသည့် ဒေသများ၏ သဲကန္တာရ ကာကွယ်မှုနှင့် စီမံခန့်ခွဲမှု ရလဒ်များကို လက်တွေ့သွားရောက် လေ့လာရန် စီစဉ်ခဲ့သည်။
ကာဇက်စတန်၊ အီရန်၊ အီရတ် စသည့်နိုင်ငံများနှင့် ကုလသမဂ္ဂ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း (FAO) ၊ ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP) မှ ကိုယ်စားလှယ်များက တရုတ်နိုင်ငံ သစ်တော သိပ္ပံသုတေသနဌာန သဲကန္တာရ၊ သစ်တော လက်တွေ့စမ်းသပ်မှုစင်တာ Seaberry အမျိုးသား သစ်တော၊ သစ်ပင် မျိုးစေ့အရင်းအမြစ်ဌာန၊ ဝူးလန်ပုဟဲ သဲကန္တာရ မြစ်ဝါမြစ် ကမ်းရိုးတန်းတစ်လျှောက် သဲနုန်းစီးဆင်းမှု ပူးတွဲကာကွယ် စီမံခန့်ခွဲမှု စံပြဇုန်၊ ပါးယန့်နော့အယ်လ်မြို့ လိန်ဟယ်ခရိုင် အစိုးရပိုင် ရှင်းဟွာသစ်တောကွင်းနှင့် အဲ့အယ်တောစစ်မြို့ အန်းကယ်ပေ့ ဂေဟစနစ် စံပြဇုန် စသည့် ဂေဟစနစ် တည်ဆောက်မှုနေရာများသို့ သွားရောက်လေ့လာ၍ ဂေဟစနစ်ပြုပြင်မွမ်းမံရေးနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုအတွင်း တရုတ်နိုင်ငံ၏ “အနောက်မြောက်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းဟူသည့် မြောက်ပိုင်းဒေသသုံးခု” သစ်တောကာကွယ်ရေး စီမံကိန်းအား ဆန်းသစ်တီထွင်စွာ လက်တွေ့ကျင့်သုံးမှုကို ထဲထဲဝင်ဝင် လေ့လာခဲ့ကြသည်။
အဆိုပါအစီအစဉ်အတွင်း နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက တရုတ်နိုင်ငံ၏ သဲကန္တာရ စီမံခန့်ခွဲမှု အောင်မြင်မှုများကို များစွာချီးကျူးခဲ့ကြသည်။ လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံက တရုတ်-မွန်ဂိုလီးယား သဲကန္တာရ ကာကွယ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစင်တာ၊ တရုတ်-အာရပ်နိုင်ငံများ အဖွဲ့ချုပ် မိုးခေါင်ရေရှားမှု၊ သဲကန္တာရနှင့် မြေယာဆုတ်ယုတ်မှု နိုင်ငံတကာ သုတေသနစင်တာ၊ တရုတ်-ဗဟိုအာရှ သဲကန္တာရ စီမံခန့်ခွဲမှု ကာကွယ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစတင်တာ တို့ကို ရှေ့ဆင့်နောက်ဆင့် ထူထောင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ သဲကန္တာရ ကာကွယ်မှုနှင့် စီမံခန့်ခွဲမှုအတွက် တရုတ်နည်းလမ်း၊ တရုတ်ဉာဏ်ပညာများဖြင့် အကျိုးထမ်းဆောင်ပေးခဲ့သည်။ “ကုလသမဂ္ဂ သဲကန္တာရ တိုက်ဖျက်ရေး ကွန်ဗင်းရှင်း (UNCCD)” အတွင်းရေးမှူးရုံးကလည်း တရုတ်နိုင်ငံအား “သဲကန္တာရ ကာကွယ်ရေးနှင့် စီမံခန့်ခွဲရေး ထူးချွန်အကျိုးပြုဆု” ၃ ကြိမ် ချီးမြှင့်ခဲ့သည်။
တရုတ်နိုင်ငံ အမျိုးသား သစ်တောနှင့်မြက်ခင်းပြင်ရေးရာ စီမံခန့်ခွဲရေးဌာန တာဝန်ရှိပုဂ္ဂိုလ်က တရုတ်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ သစ်တော စဉ်ဆက်မပြတ်လည်ပတ်မှု၊ သဲကန္တာရအား အထွေထွေ ကာကွယ်မှုနှင့် စီမံခန့်ခွဲမှု၊ ဇီဝမျိုးစုံမျိုးကွဲမှုအား ကာကွယ်မှု၊ သဘာဝကာကွယ်ရေးဒေသ တည်ဆောက်မှုဆိုင်ရာ လက်တွေ့ဖော်ဆောင်မှု အတွေ့အကြုံများကို ကိုယ်တိုင် ဆက်လက်မျှဝေပေးပြီး ကမ္ဘာမြေ သက်ရှိ အေးအတူပူအမျှ အသိုက်အဝန်းအား အတူတည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၁၀ ကြိမ်မြောက် ခုပုချီ နိုင်ငံတကာ သဲကန္တာရဖိုရမ်ကို စက်တင်ဘာ ၁၆ ရက်တွင် စတင်ဖွင့်လှစ် ကျင်းပသွားမည်ဖြစ်ပြီး “သိပ္ပံနည်းကျ သဲကန္တာရအား စီမံခန့်ခွဲ၍ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ခြင်း” ခေါင်းစဉ်နှင့် တစ်ဆင့်တိုး စပ်လျဉ်း၍ ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ် စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအား တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
中国荒漠化治理获国际赞誉
新华社呼和浩特9月14日电(记者李云平、赵泽辉)9月13日至15日,国家林业和草原局组织多国驻华使节及联合国相关组织代表实地考察内蒙古自治区巴彦淖尔市、鄂尔多斯市等地的荒漠化防治成果。
来自哈萨克斯坦、伊朗、伊拉克等国及联合国粮农组织、联合国环境规划署的使节、代表探访中国林业科学研究院沙漠林业实验中心沙棘国家林木种质资源库、乌兰布和沙漠黄河岸线流沙联防联治示范区、巴彦淖尔市临河区国营新华林场和鄂尔多斯市恩格贝生态示范区等生态建设现场,深入了解中国“三北”工程在生态修复与乡村振兴中的创新实践。
活动中,各国代表高度评价中国治沙成就。近年来,中国先后成立了中蒙荒漠化防治合作中心,中阿干旱、荒漠化和土地退化国际研究中心,中国—中亚荒漠化防治合作中心,为全球荒漠化防治贡献了中国方案、中国智慧。《联合国防治荒漠化公约》秘书处三次授予我国“防治荒漠化杰出贡献奖”。
国家林草局国际司负责人表示,中国将继续主动分享中国森林可持续经营、荒漠化综合防治、生物多样性保护、自然保护地建设实践经验,共同构建地球生命共同体。第十届库布其国际沙漠论坛将于9月16日开幕,进一步围绕“科学治沙 绿色发展”主题,推动全球生态治理合作。(完)
图说1:6月7日,在鄂尔多斯市达拉特旗境内的库布其沙漠,工人在治沙(无人机照片)。新华社记者 李志鹏 摄