Connect with us

China

ဩဂုတ်လ၏ တရုတ်နိုင်ငံ အမျိုးသားစီးပွားရေးလည်ပတ်မှု ယေဘုယျအားဖြင့် တည်ငြိမ်မှုရှိပြီး တည်ငြိမ်မှုအတွင်း တိုးတက်လျက်ရှိ

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး (SCIO) က တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အမျိုးသား စာရင်းအင်းဗျူရို၏ ပြောရေးဆိုခွင့်ရှိသူ၊ ထိပ်တန်းစီးပွားရေးပညာရှင်နှင့် အမျိုးသားစီးပွားရေး အထွေထွေစာရင်းအင်းဌာနအကြီးအကဲ ဖုလျင်ဟွေးက ၂၀၂၅ ခုနှစ် ဩဂုတ်လ၏ တရုတ်နိုင်ငံ အမျိုးသားစီးပွားရေး လည်ပတ်မှုအခြေအနေကို စက်တင်ဘာ ၁၅ ရက်တွင် မိတ်ဆက်ပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
ဩဂုတ်လအတွင်း ထုတ်လုပ်မှု ဝယ်လိုအားများ အခြေခံအားဖြင့် တည်ငြိမ်မှုရှိပြီး အလုပ်အကိုင်နှင့် ကုန်ဈေးနှုန်းများ ယေဘုယျအားဖြင့် တည်ငြိမ်မှုရှိကာ စွမ်းအင်အသစ် ပျိုးထောင်မှု ကြီးထွားလျက်ရှိရာ အမျိုးသားစီးပွားရေးသည် ယေဘုယျအားဖြင့် တည်ငြိမ်လျက်ရှိပြီး တည်ငြိမ်မှုအတွင်း တိုးတက်၊ ဖွံ့ဖြိုးမှုရှိသော အခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်း တရုတ်နိုင်ငံ အမျိုးသား စာရင်းအင်းဗျူရို၏ စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သော စာရင်းဇယားအရ သိရသည်။
စက်မှုလုပ်ငန်းထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းများသည် ပိုမိုလျင်မြန်စွာ တိုးတက်လျက်ရှိသည်။ ဩဂုတ်လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနှင့်အထက်ရှိသော စက်မှုလုပ်ငန်းများ ထပ်တိုးတန်ဖိုးမှာ ယမန်နှစ် ကာလတူထက် ၅.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခင်လကာတူထက် ၀.၃၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ တစ်နိုင်ငံလုံး ၀န်ဆောင်မှုလုပ်ငန်းထုတ်လုပ်မှုညွှန်းကိန်းသည် ယမန်နှစ် ကာလတူထက် ၅.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
စျေးကွက်ရောင်းဝယ်မှု တည်ငြိမ်စွာ တိုးတက်လျက်ရှိပြီး မရွှေ့ပြောင်းနိုင်သောပစ္စည်းရင်းနှီးမြှုပ်နှံမှုကလည်း မြင့်တက်မှုကို ထိန်းသိမ်းထားပြီး ကုန်ပစ္စည်း တင်ပို့တင်သွင်းမှုမှာ စဉ်ဆက်မပြတ် မြင့်တက်လျက်ရှိသည်။ ဩဂုတ်လအတွင်း လူသုံးကုန် လက်ကားရောင်းဝယ်မှုစုစုပေါင်းတန်ဖိုးမှာ ဘီလီယံ ၃,၉၆၆.၈ ယွမ်ရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ၃.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ယခင်လကာလတူထက် ၀.၁၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဇန်နဝါရီမှ ဩဂုတ်လအတွင်း တစ်နိုင်ငံလုံး မရွှေ့ပြောင်းနိုင်သောပစ္စည်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး (စိုက်ပျိုးရေးအိမ်ထောင်စုများမပါဝင်) မှာ ဘီလီယံ ၃,၂၆၁၁.၁ ယွမ်ရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ၀.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးရင်းနှီးမြှုပ်နှံမှုအား ထည့်သွင်းတွက်ချက်ထားခြင်းမရှိသော တစ်နိုင်ငံလုံး မရွှေ့ပြောင်းနိုင်သောပစ္စည်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ၄.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဩဂုတ်လအတွင်း ကုန်ပစ္စည်းတင်ပို့တင်သွင်းမှုစုစုပေါင်းတန်ဖိုးမှာ ဘီလီယံ ၃,၈၇၄.၄ ယွမ်ရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ၃.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ယင်းအနက် ပို့ကုန်တန်ဖိုးမှာ ဘီလီယံ ၂,၃၀၃.၅ ယွမ်ရှိခဲ့ပြီး ၄.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သလို သွင်းကုန်တန်ဖိုးမှာ ဘီလီယံ ၁,၅၇၀.၉ ယွမ်ရှိခဲ့ပြီး ၁.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
အလုပ်အကိုင်အခြေအနေ ယေဘုယျအားဖြင့် တည်ငြိမ်မှုရှိပြီး ပင်မ CPI အညွှန်းကိန်မှာ ဆက်လက်မြင့်တက်လာခဲ့သည်။ ဇန်နဝါရီမှ ဩဂုတ်လအတွင်း တစ်နိုင်ငံလုံး မြို့ပြစစ်တမ်း အလုပ်လက်မဲ့နှုန်း ပျမ်းမျှတန်ဖိုးမှာ ၅.၂ ရာခိုင်နှုန်း ရှိခဲ့သည်။ ဩဂုတ်လအတွင်း တစ်နိုင်ငံလုံး မြို့ပြစစ်တမ်း အလုပ်လက်မဲ့နှုန်းမှာ ၅.၃ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင်လထက် ရာခိုင်နှုန်းပွိုင့် ၀.၁ ခု မြင့်တက်လာခဲ့သော်လည်း ယမန်နှစ် အလားတူလနှင့် တန်းတူရှိနေခဲ့သည်။
ထိုလအတွင်း တစ်နိုင်ငံလုံး နေထိုင်သူ စားသုံးသူဈေးဆနှုန်း (CPI) အညွှန်းကိန်းသည် ယမန်နှစ် ကာလတူထက် ၀.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယခင်လစာရင်းပြုစုချက်နှင့်မူ မပြောင်းလဲဘဲ တန်းတူရှိနေခဲ့သည်။ အစားအသောက်နှင့် စွမ်းအင်ဈေးနှုန်းများကို ထည့်သွင်းခြင်းမရှိသည့် ပင်မ CPI အညွှန်းကိန်းမှာ ယမန်နှစ် ကာလတူထက် ၀.၉ ရာခိုင်းနှုန်း မြင့်တက်ခဲ့ကာ ယခင်လတန်ဖိုးထက် ရာခိုင်နှုန်းပွိုင့် ၀.၁ ခု ကြီးမားလာခဲ့သည်။
“ယေဘုယျအားဖြင့်ကြည့်မယ်ဆိုရင် ဩဂုတ်လမှာ မက်ခရိုမူဝါဒတွေ ဟန်ချက်ညီညီဖြင့် အားစိုက်ဆောင်ရွက်ခဲ့ပြီး အမျိုးသားစီးပွားရေးလည်ပတ်မှုမှာ ယေဘုယျအားဖြင့် တည်ငြိမ်မှုရှိပါတယ်။ အသွင်ပြောင်းအဆင့်မြှင့်တင်မှုတွေ တည်ငြိမ်စွာ တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအသစ်တွေမှာ ထိရောက်မှုအသစ်တွေ ရရှိခဲ့တယ်” ဟု အမျိုးသား စာရင်းအင်းဗျူရို၏ ပြောရေးဆိုခွင့်ရှိသူ ဖုလျင်ဟွေးက စက်တင်ဘာ ၁၅ ရက်တွင် ကျင်းပသော နိုင်ငံတော်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဖုလျင်ဟွေးက ပြင်ပပတ်ဝန်းကျင် မတည်ငြိမ်မှု၊ မသေချာမရေရာမှု အကြောင်းအရာများ များပြားလျက်ရှိသည်ကို မြင်တွေ့ကြရမည်သလို တရုတ်နိုင်ငံ စီးပွားရေးလည်ပတ်မှုသည် စွန့်စားမှုနှင့် စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ နောက်အဆင့်တွင် မက်ခရိုမူဝါဒကဏ္ဍအသီးသီးကို စေ့စေ့စပ်စပ် လက်တွေ့အကောင်အထည်ဖော်ကျင့်သုံးကာ အလုပ်အကိုင်၊ ကုမ္ပဏီလုပ်ငန်းများ၊ စျေးကွက်နှင့် မျှော်မှန်းချက်များ တည်ငြိမ်စေရန် အားစိုက်ဆောင်ရွက်ပြီး ပြုပြင်ပြောင်းလဲမှု၊ တံခါးဖွင့်လှစ်မှုနှင့် ဆန်းသစ်တီထွင်မှုများကို နက်ရှိုင်းစေကာ စီးပွားရေး တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ထိန်ကျိုးမြို့ရှိ စူပါမားကတ်တစ်ခုတွင် ဈေးဝယ်နေသော စားသုံးသူများအား စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………..
(Chinese Version)
8月份国民经济运行总体平稳、稳中有进
新华社北京9月15日电(记者王雨萧)国家统计局15日发布的数据显示,8月份,生产需求基本平稳,就业物价总体稳定,新动能培育壮大,国民经济保持总体平稳、稳中有进发展态势。
工业生产和服务业较快增长。8月份,全国规模以上工业增加值同比增长5.2%,环比增长0.37%;全国服务业生产指数同比增长5.6%。
市场销售平稳增长,固定资产投资保持增长,货物进出口持续增长。8月份,社会消费品零售总额39668亿元,同比增长3.4%;环比增长0.17%。1至8月份,全国固定资产投资(不含农户)326111亿元,同比增长0.5%;扣除房地产开发投资,全国固定资产投资增长4.2%。8月份,货物进出口总额38744亿元,同比增长3.5%。其中,出口23035亿元,增长4.8%;进口15709亿元,增长1.7%。
就业形势总体稳定,核心CPI继续回升。1至8月份,全国城镇调查失业率平均值为5.2%。8月份,全国城镇调查失业率为5.3%,比上月上升0.1个百分点,与上年同月持平。当月,全国居民消费价格指数(CPI)同比下降0.4%,环比持平;扣除食品和能源价格后的核心CPI同比上涨0.9%,涨幅比上月扩大0.1个百分点。
“总的来看,8月份宏观政策协同发力,国民经济运行总体平稳,转型升级稳步推进,高质量发展取得新成效。”国家统计局新闻发言人付凌晖在15日举行的国新办新闻发布会上说。
付凌晖表示,也要看到,外部环境不稳定不确定因素较多,我国经济运行仍面临不少风险挑战。下阶段,要落实落细各项宏观政策,着力稳就业、稳企业、稳市场、稳预期,深化改革开放创新,推动经济平稳健康发展。(完)
图说1:9月15日,国务院新闻办公室在北京举行新闻发布会,国家统计局新闻发言人、总经济师、国民经济综合统计司司长付凌晖介绍2025年8月份国民经济运行情况,并答记者问。 新华社记者 潘旭 摄
图说2:9月10日,消费者在山东省滕州市一家超市选购商品。新华社发(孙杨摄)