Connect with us

China

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က ပူးတွဲလေတပ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

ပေကျင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က ထိုင်းနိုင်ငံတွင် ယခုလနှောင်းပိုင်း၌ ပူးတွဲလေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန (MND) က စက်တင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် လေယာဉ်အမျိုးမျိုးနှင့် မြေပြင်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို စေလွှတ်သွားမည်ဟု MND ၏ ဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်လေ့ကျင့်မည့် တပ်ဖွဲ့ဝင်များ၏ နည်းပညာနှင့် နည်းဗျူဟာပိုင်း ကျွမ်းကျင်မှုကို မြှင့်တင်ပေးကာ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား အပြန်အလှန်ယုံကြည်မှုနှင့် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းရှိရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက အလေးအနက်ပြောကြားခဲ့သည်။ (Xinhua)
…………………….
(English Version)
China, Thailand to hold joint air force training
BEIJING, Sept. 15 (Xinhua) — China and Thailand are scheduled to conduct joint air force training later this month in Thailand, China’s Ministry of National Defense (MND) said on Monday.
China will deploy multiple types of aircraft and ground air defense forces to participate in the training, according to information on the MND website.
The joint training is conducive to enhancing the technical and tactical proficiency of participating troops while deepening mutual trust and practical cooperation between the two militaries, the MND noted. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117