Connect with us

China

လန်ချန်း-မဲခေါင်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပ၊ အစည်းအဝေးတွင် ဝမ်ရှောင်ဟုန် ကြီးမှူး၍ အဓိကအမှာစကားပြောကြား

လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေးကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်က ကြီးမှူး၍ အဓိကအမှာစကား ပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေးကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ စက်တင်ဘာ ၁၅ ရက်က ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်က ကြီးမှူး၍ အဓိကအမှာစကားပြောကြားခဲ့သည်။

ဝမ်ရှောင်ဟုန်က ယခုနှစ်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ယန္တရား ၁၀ နှစ်ပြည့်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ယခုနှစ်များတွင် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးဌာနများက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များ အစည်းအဝေး သဘောတူညီချက်ကို သေချာစွာ အကောင်အထည်ဖော်ဆောင်ပြီး ခိုင်မာထိရောက်မှုရှိသော အစီအမံများကို ဆောင်ရွက်ကာ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းခဲ့ရာ ပူးပေါင်းဆောင်ရွက်ခြင်း၏ အောင်မြင်မှုရလဒ်များစွာ ရရှိခဲ့သလို နိုင်ငံအသီးသီး ပြည်သူများအတွက် လက်တွေ့အကျိုးစီးပွားကို ဆောင်ကြဉ်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) ကို တက်ကြွစွာ လက်တွေ့ဖော်ဆောင်ကာ ဒေသတွင်းလုံခြုံရေးကဏ္ဍ စီမံခန့်ခွဲမှု မူဘောင်ကို ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်သွားလိုကြောင်း၊ ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု စသည့် နိုင်ငံဖြတ်ကျော်ပြစ်မှုများကို ပြင်းပြင်းထန်ထန် တိုက်ဖျက်သွားမည်ဖြစ်သလို လန်ချန်း-မဲခေါင်း ဘက်စုံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု စင်တာ တည်ဆောက်ရေးကို အပြည့်အဝ ထောက်ခံကာ တရားဥပဒေစိုးမိုးရေးစွမ်းရည်ကို အတူတကွ မြှင့်တင်သွားလိုကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် လုံခြုံရေးကို မြှင့်တင်မည်ဖြစ်သလို လုံခြုံရေးဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို သေချာစေမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှု၊ စည်ပင်ဝပြောမှု၊ သာယာလှပမှု၊ ချစ်ကြည်ရင်းနှီးမှု ရှိသော လန်ချန်း-မဲခေါင် မိသားစုဥယျာဉ်ကို အတူတကွ တည်ဆောက်ကာ လန်ချန်း-မဲခေါင် နိုင်ငံများ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး နက်ရှိုင်းခိုင်မာမှုရှိအောင် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ဝမ်ရှောင်ဟုန်က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတို့၏ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက ပါဝင်ဆွေးနွေးပြောကြားခဲ့သည်။ ဘက်အသီးသီးက အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုကို ကျေးဇူးတင်ရှိကြောင်း၊ အစည်းအဝေးရလဒ်များကို တက်ကြွစွာ လက်တွေ့ဖော်ဆောင်သွားမည်ဖြစ်ပြီး လန်ချန်း-မဲခေါင် ဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို ပို၍ ကောင်းမွန်စွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးတွင် “နိုင်ငံဖြတ်ကျော် ပြစ်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးဆိုင်ရာ ပူးတွဲကြေညာချက်” နှင့် “မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးဆိုင်ရာ ပူးတွဲကြေညာချက် ” တို့အား အတည်ပြုခဲ့ကြသည်။ (Xinhua)

လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေးကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်က ကြီးမှူး၍ အဓိကအမှာစကား ပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

———————–
(Chinese Version)
澜沧江-湄公河执法安全合作部长级会议举行   王小洪主持并作主旨讲话
新华社北京9月15日电(记者邵艺博)澜沧江-湄公河执法安全合作部长级会议15日在京举行,国务委员、公安部部长王小洪主持并作主旨讲话。
王小洪指出,今年澜湄合作机制将迈入第10年。近年来,澜湄国家执法部门认真落实澜湄合作领导人会议共识,采取务实有效举措,共同维护地区安全稳定,取得一系列合作成果,给各国人民带来实实在在的利益。
王小洪表示,中方愿同各方积极践行全球安全倡议、全球治理倡议,完善区域安全治理框架,严厉打击电信网络诈骗等跨国犯罪,全力支持澜湄综合执法安全合作中心建设,共同提升执法能力,以合作促安全、以安全保发展,共建和平、安宁、繁荣、美丽、友好的澜湄家园,推动澜湄国家命运共同体建设走深走实。
柬埔寨、老挝、缅甸、越南代表团团长作了发言。各方表示,感谢中方为会议成功召开作出的努力,将积极落实会议成果,更好开展澜湄区域执法安全合作。
会议通过了《关于深化打击跨国犯罪合作的联合声明》和《关于深化湄公河联合巡逻执法合作的联合声明》。(完)
1. 9月15日,澜沧江-湄公河执法安全合作部长级会议在北京举行,国务委员、公安部部长王小洪主持并作主旨讲话。 新华社记者 张领 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.