Connect with us

China

ရိုးရာအနုပညာအား ကလေးငယ်များလက်ထက်တွင် ရှင်သန်စွမ်းအားသစ်ဖြင့် သက်ဝင်လှုပ်ရှားလာစေ

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လားဆမြို့တွင် ဆရာမ ပါးဆန်းအား ကလေးငယ်များက ပိုးထည်ပဝါဖြင့် ဂုဏ်ပြု၍ နောက်ကျလာသော ဆရာများနေ့အတွက် ဆုမွန်ကောင်းတောင်းပေးနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

လားဆ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
စနေ၊ တနင်္ဂနွေအချိန်တွင် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လားဆမြို့ရှိ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူထုအနုပညာခန်းမ ရှီးဇန့်အော်ပရာပြဇာတ် ကလေးသင်တန်းတွင် အဖွား ပါးဆန်းက ကလေးငယ်များကို ရှီးဇန့်အော်ပရာ သီဆိုပုံနှင့် ကပြဖျော်ဖြေပုံအား သင်ကြားပေးလျက်ရှိသည်။ ဝါသနာရှင်သင်တန်းသည် စနေ၊ တနင်္ဂနွေတွင် သင်တန်းတက်ရသောကြောင့် ဆရာများနေ့နှင့် လွဲချော်သွားခဲ့ရာ ကလေးငယ်များက အဖွား ပါးဆန်းအတွက် ပန်းစည်းနှင့် ပဝါများ ပြင်ဆင်ထားပေးပြီး ဆရာများနေ့အတွက် နောက်ကျလာသော ပွဲတော်ဆုမွန်ကောင်းတောင်းပေးခဲ့သည်။
အမျိုးအသား အဆင့် (၁) ဖျော်ဖြေတင်ဆက်သူ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြဇာတ်အဖွဲ့ အငြိမ်းစား ဖျော်ဖြေတင်ဆက်သူ ပါးဆန်းသည် ၂၀၁၅ ခုနှစ်တွင် အငြိမ်းစားယူပြီးနောက် စနေ၊ တနင်္ဂနွေ အချိန်တွင် အစဉ်အမြဲ ကလေးငယ်များအား ရှီးဇန့်အော်ပရာ သင်ကြားပေးလျက်ရှိရာ ရှီးဇန့်အော်ပရာအား ချစ်မြတ်နိုးသူ တပည့်လေးများ တစ်သုတ်ပြီး တစ်သုတ် ပျိုးထောင်ပေးခဲ့ပြီး ၎င်းအနက် “တရုတ်ကလေးသူငယ် ပြဇာတ်ဆု” နှင့် ပထမအကြိမ် ရှီးဇန့်အော်ပရာ သီဆိုပုံပြိုင်ပွဲ ဆုရရှိသူများပင် ပါဝင်ပေသည်။
ကလေးငယ်များက ၎င်း၏သင်ကြားပေးမှုအောက်တွင် ရှီးဇန့်အော်ပရာ၏ ဆွဲဆောင်မှုအားကို ခံစားကြပြီး စင်မြင့်ထက်တွင်လည်း မိမိကိုယ်ကိုယုံကြည်မှုနှင့် လှိုက်လှဲစွာတက်ကြွမှုကိုလည်း တင်ဆက်ဖော်ပြနိုင်ကြသည်။ ပါးဆန်း၏ အခိုင်အမာထိန်းသိမ်းထားမှုကြောင့် ရှီးဇန့်အော်ပရာကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းနိုင်ခဲ့စေသလို ရိုးရာအနုပညာသည်လည်း လူငယ်မျိုးဆက်များကြားတွင် ရှင်သန်စွမ်းအားသစ်များဖြင့် သက်ဝင်လှုပ်ရှားစေခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဆရာမ ပါးဆန်းက ကလေးငယ်များအား ရှီးဇန့်အော်ပရာ ဖျော်ဖြေတင်ဆက်မှု သင်ကြားပေးနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

———————
(Chinese Version)
让传统艺术在孩子们身上焕发新生
新华社照片,拉萨,2025年9月15日
周末的西藏自治区群艺馆藏戏少儿班里,巴桑奶奶在教授孩子们藏戏唱腔和身段。因为兴趣班是周末上课,错过了教师节,孩子们为巴桑奶奶准备了鲜花和哈达,送上迟到的节日祝福。
国家一级演员、西藏自治区藏剧团退休演员巴桑,自2015年退休后,坚持利用周末时间免费教授孩子们藏戏,培养了一批批热爱藏戏的小弟子,其中不乏“小梅花奖”和首届藏戏唱腔比赛获奖者。孩子们在她的熏陶下感受到藏戏的魅力,也在舞台上展现出自信与热情。巴桑的坚守,不仅让藏戏薪火相传,也让传统艺术在年轻一代中焕发新生。
1、9月14日,孩子们给巴桑老师献上哈达,送上迟到的教师节祝福。 新华社记者 晋美多吉 摄
2、9月14日,巴桑老师在西藏自治区群艺馆教授孩子们藏戏表演。新华社记者 晋美多吉 摄