Connect with us

China

စားပွဲတင်တင်းနစ် အမျိုးသားတစ်ဦးချင်းစာရင်းတွင် ဝမ်ချူချင်းက ကမ္ဘာ့အဆင့် ၁ နေရာသို့ ပြန်လည်ရောက်ရှိ

တရုတ်နိုင်ငံ မကာအိုဒေသ၌ စက်တင်ဘာ ၁၄ ရက်က ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံပြိုင်ပွဲ (WTT) မကာအို ဗိုလ်လုပွဲ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် တရုတ်ပြိုင်ပွဲဝင် ဝမ်ချူချင်းက ဘရာဇီးပြိုင်ပွဲဝင် Hugo Calderano အား ၄ : ၀ ရမှတ်ဖြင့် အနိုင်ရယူ၍ ချန်ပီယံဆုရရှိပြီးနောက် ဆုချီးမြှင့်ပွဲ၌ တွေ့မြင်ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
နိုင်ငံတကာ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် (ITTF) သည် စက်တင်ဘာ ၁၆ ရက်တွင် နောက်ဆုံး ကမ္ဘာ့အဆင့်သတ်မှတ်ချက်စာရင်းအား ထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံပြိုင်ပွဲ (WTT) မကာအို ဗိုလ်လုပွဲအတွင်း ချန်ပီယံဆု ရရှိခဲ့သည့် တရုတ်အသင်း အားကစားသမား ဝမ်ချူချင်းသည် ၎င်းအသင်းဝင် လျင်စီးတုန့်အား ကျော်လွန်၍ အမျိုးသားတစ်ဦးချင်း ကမ္ဘာ့အဆင့် ၁ သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

မကာအိုဗိုလ်လုပွဲ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ချန်ပီယံ စွန်းရင်ဆားကမူ အတန်အသင့်ကြီးမားသည့် အားသာချက်ဖြင့် အဆိုပါ အမျိုးသမီးတစ်ဦးချင်း ကမ္ဘာ့အဆင့်စာရင်းတွင် ထိပ်တန်းနေရာ၌ ဆက်လက် ရပ်တည်လျက်ရှိသည်။
မကာအို ဗိုလ်လုပွဲအတွင်း ချန်ပီယံဆု ဆွတ်ခူးရရှိမှုကြောင့် ရရှိထားသော ရမှတ် ၁,၀၀၀ ဖြင့် ဝမ်ချူချင်း၏ ကမ္ဘာ့အဆင့်ရမှတ်သည် ၉,၄၂၅ မှတ်အထိ တိုးသွားခဲ့သည်။ အဆင့် ၂ ၌ရှိသည့် လျင်စီးတုန့်၏ ကမ္ဘာ့အဆင့်ရမှတ်မှာ ၉,၃၇၅ မှတ်ဖြစ်သည်။ မကာအို ဗိုလ်လုပွဲအတွင်း ဒုတိယဆုဆွတ်ခူးရရှိသည့် ဘရာဇီးပြိုင်ပွဲဝင် Hugo Calderano သည် အဆင့် ၃ အထိ တက်ရောက်သွားခဲ့သည်။ အဆင့် ၄ မှ ၁၀ အထိ အားကစားသမားများမှာ ဂျပန်နိုင်ငံမှ Tomokazu Harimoto ၊ ဆွစ်ဇာလန်နိုင်ငံမှ Truls Moregard ၊ တရုတ်နိုင်ငံမှ လျန်ကျင့်ခွန်း၊ ပြင်သစ်နိုင်ငံမှ Felix Lebrun ၊ ဂျာမနီနိုင်ငံမှ Benedikt Duda ၊ တရုတ်နိုင်ငံမှ ရှန့်ဖုန်၊ ဆလိုဗေးနီးယားနိုင်ငံမှ Darko Jorgic တို့ အသီးသီး ဖြစ်ကြသည်။
အမျိုးသမီး တစ်ဦးချင်း ကမ္ဘာ့အဆင့်စာရင်းတွင် ကမ္ဘာ့ထိပ်တန်းအဆင့် ၅ ဦးမှာ တရုတ်နိုင်ငံမှ စွန်းရင်ဆား၊ ဝမ်မန့်ယွိ၊ ချန်ရှင့်ထုန်၊ ခွိုင်မန့်နှင် ဝမ်ရိသီတို့ အသီးသီး ဖြစ်သည်။ အဆင့် ၆ မှ အဆင့် ၁၀ အထိ အားကစားသမားများမှာ ဂျပန်နိုင်ငံမှ Miwa Harimoto ၊ တရုတ်နိုင်ငံ မကာအိုမှ ကျူးယွီလိန်၊ ဂျပန်နိုင်ငံမှ Mima Ito ၊ တရုတ်နိုင်ငံမှ ချန်ယိနှင့် ဂျပန်နိုင်ငံမှ Satsuki Odo တို့ အသီးသီးဖြစ်ကြသည်။

တရုတ်အသင်းမှ အမျိုးသမီးနှစ်ယောက်တွဲ ဝမ်မန့်ယွိနှင့် ခွိုင်မန့်၊ ကျားမနှစ်ယောက်တွဲ လျင်စီးတုန့်နှင့် ခွိုင်မန့်တို့ကလည်း ကိုယ်စီစာရင်းအတွင်း ထိပ်တန်းနေရာမှ ဦးဆောင်ရပ်တည်လျက်ရှိပြီး အမျိုးသားအတွဲ ကမ္ဘာ့အဆင့် ၁ နေရာကိုမူ ပြင်သစ်နိုင်ငံမှ Alexis Lebrun နှင့် Felix Lebrun ညီအစ်ကိုက ရပ်တည်လျက်သည်။ (Xinhua)

တရုတ်နိုင်ငံ မကာအိုဒေသ၌ စက်တင်ဘာ ၁၄ ရက်က ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံပြိုင်ပွဲ (WTT) မကာအို ဗိုလ်လုပွဲ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် တရုတ်ပြိုင်ပွဲဝင် စွန်းရင်ဆားက ၎င်းအသင်းဝင် ဝမ်မန့်ယွိ အား ၄ : ၃ ရမှတ်ဖြင့် အနိုင်ရယူ၍ ချန်ပီယံဆုရရှိပြီးနောက် ဆုချီးမြှင့်ပွဲ၌ တွေ့မြင်ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
王楚钦重返乒乓球男单世界第一
新华社北京9月16日电 国际乒联16日公布了最新一期世界排名。在世界乒乓球职业大联盟(WTT)澳门冠军赛上夺冠的中国队运动员王楚钦超越队友林诗栋,重回男单世界第一位置。澳门冠军赛女单冠军孙颖莎继续以较大优势领跑该单项世界排名。
凭借澳门冠军赛夺冠获得的1000分,王楚钦的世界排名积分增至9425分。位居次席的林诗栋世界排名积分为9375分。澳门冠军赛收获亚军的巴西选手卡尔德拉诺升至第三。排名第四至第十的运动员分别是张本智和(日本)、莫雷加德(瑞典)、梁靖崑(中国)、费利克斯·勒布伦(法国)、杜达(德国)、向鹏(中国)、约奇克(斯洛文尼亚)。
女单世界前五均为国乒队员,分别是孙颖莎、王曼昱、陈幸同、蒯曼和王艺迪。排名第六至第十的运动员为张本美和(日本)、朱雨玲(中国澳门)、伊藤美诚(日本)、陈熠(中国)、大藤沙月(日本)。
中国队组合王曼昱/蒯曼领跑女双,林诗栋/蒯曼在混双项目上占据榜首,男双世界第一为法国的勒布伦兄弟。(完)
1、9月14日,王楚钦在颁奖仪式上。当日,在澳门进行的2025年世界乒乓球职业大联盟(WTT)澳门冠军赛男子单打决赛中,中国选手王楚钦4比0战胜巴西选手雨果·卡尔德拉诺,夺得冠军。新华社发(张金加摄)
2、9月14日,冠军孙颖莎在颁奖仪式上。当日,在澳门进行的2025年世界乒乓球职业大联盟(WTT)澳门冠军赛女子单打决赛中,中国选手孙颖莎4比3战胜队友王曼昱,夺得冠军。新华社发(张金加摄)