Connect with us

China

တရုတ်နိုင်ငံက ပေကျင်းမြို့၌ ကမ္ဘာ့အမျိုးသမီး ထိပ်သီးအစည်းအဝေးကျင်းပ၍ ကမ္ဘာ့နိုင်ငံများနှင့်အတူ တစ်ကမ္ဘာလုံး အမျိုးသမီးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု စာမျက်နှာသစ် ရေးခြယ်မည်

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ တိုက်ရှီးမြို့နယ် အရွယ်ရောက်သူ ယဉ်ကျေးမှုနည်းပညာကျောင်း၌ ကျင်းပသည့် “မတ်လ ၈ ရက် အမျိုးသမီးများနေ့ ကြိုဆိုမှု” လှုပ်ရှားမှုအစီအစဉ်တွင် အမျိုးသမီးများက ပန်းထိုးနည်းကို လေ့လာသင်ယူနေသည်ကို ၂၀၂၅ ခုနှစ် မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ပေကျင်း ကမ္ဘာ့အမျိုးသမီးအစည်းအဝေး ကျင်းပသည့် နှစ် ၃၀ ပြည့် အခါသမယ၌ တရုတ်နိုင်ငံအနေဖြင့် မကြာမီ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကမ္ဘာ့အမျိုးသမီး ထိပ်သီးအစည်းအဝေးအား ထပ်မံကျင်းပသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့်အတူလက်တွဲ၍ ရှေ့သို့ချီတက်ကာ အမျိုးသမီးများ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်သစ်အား အရှိန်မြှင့်ပြီး ကမ္ဘာ့အမျိုးသမီးများဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု စာမျက်နှာသစ်အား ရေးခြယ်သွားလိုကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက စက်တင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် မကြာသေးမီက “ခေတ်သစ်ကာလ တရုတ်နိုင်ငံ အမျိုးသမီး ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးခြင်း၏ လက်တွေ့ဖော်ဆောင်မှုနှင့် အောင်မြင်မှု” စက္ကူဖြူစာတမ်းအား ထုတ်ပြန်ခဲ့ကြောင်း၊ ပြောခွင့်ရပုဂ္ဂိုလ်အနေဖြင့် စက္ကူဖြူစာတမ်း၏ သက်ဆိုင်ရာ အခြေအနေအား တစ်ဆင့်တိုး မိတ်ဆက်ပေးနိုင်မည်လောဟု ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်က မေးမြန်းခဲ့သည်။
ကောကျားခွန်းက လွန်ခဲ့သည့်နှစ် ၃၀ တွင် ကုလသမဂ္ဂ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီး အစည်းအဝေးကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း၊ ကမ္ဘာ့အမျိုးသမီး အစည်းအဝေး အထိမ်းအမှတ်နှင့် “ပေကျင်းကြေညာချက်” နှင့် “လှုပ်ရှားမှုအစီအစဉ်” တို့ အကောင်အထည်ဖော်မှုကို တွန်းအားပေးရန် လွန်ခဲ့သည့် ၁၀ နှစ်က တရုတ်နိုင်ငံအစိုးရနှင့် ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့ (UN Women) တို့သည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကမ္ဘာ့အမျိုးသမီး ထိပ်သီးအစည်းအဝေးအား အတူတကွ ကျင်းပခဲ့ကြောင်း၊ လွန်ခဲ့သည့် ၅ နှစ်က သမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့အမျိုးသမီး ထိပ်သီးအစည်းအဝေးအား ထပ်မံကျင်းပရန် အဆိုပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
တစ်ကမ္ဘာလုံး အတိုင်းအတာအရ ကြည့်မည်ဆိုပါက ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် အကောင်အထည်ဖော်ရန် အချိန် ၅ နှစ်ရှိသေးသော်လည်း တစ်ကမ္ဘာလုံး အမျိုးသမီးများဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုမှာ ဆိုးရွားသောစိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသလို တစ်ချိန်တည်းတွင် ကြီးမားသော အခွင့်အလမ်းလည်း ရရှိလာနေကြောင်း၊ ကျားမတန်းတူညီတူရှိမှုနှင့် အမျိုးသမီးများ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် တရုတ်နိုင်ငံသည် အဆိုပြုသူဖြစ်သလို လှုပ်ရှားသူ ပို၍ပင်ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ညီလာခံမှစ၍ တရုတ်နိုင်ငံ အမျိုးသမီးများဆိုင်ရာ အရေးကိစ္စ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး သမိုင်းဝင်အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ ဘက်စုံထောင့်စုံ အဆင့်မြင့်တက်မှုကို ဖော်ဆောင်နိုင်ခဲ့ရာ တရုတ်ဝိသေသလက္ခဏာဆောင်သည့် ဆိုရှယ်လစ်ဝါဒ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းသည် တက်ကြွသည့် သက်ဝင်လှုပ်ရှားမှုများနှင့် တစ်မူထူးခြားသည့် အားသာချက်များဖြင့် ပေါ်လွင်နေကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
မိမိတို့ စက္ကူဖြူစာတမ်းထုတ်ပြန်ခြင်းသည် တရုတ်နိုင်ငံက “ပေကျင်းကြေညာချက်” နှင့် “လှုပ်ရှားမှုအစီအစဉ်” အား လက်တွေ့ဖော်ဆောင်မှု၏ အဓိကရလဒ်ကို ဘက်စုံထောင့်စုံဖော်ပြရန်၊ ခေတ်သစ်တွင် တရုတ်နိုင်ငံ၏ ကျားမတန်းတူညီတူရှိမှုနှင့် အမျိုးသမီးများ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်သည့် အယူအဆနှင့် အခြေခံမူ၊ ဆန်းသစ်တီထွင်သော လက်တွေ့ဖော်ဆောင်မှုနှင့် တရုတ်အမျိုးသမီးတို့၏ တိုးတက်မှုစိတ်ဓာတ်ကို စနစ်တကျမိတ်ဆက်ရန်၊ ကမ္ဘာ့အမျိုးသမီးများဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်ဉာဏ်ပညာဖြင့် အကျိုးထမ်းဆောင်ပေး၍ တရုတ်အတွေ့အကြုံများ မျှဝေပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်အတူလက်တွဲ ရှေ့သို့ချီတက်ကာ အမျိုးသမီးများ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်အသစ်ကို အရှိန်မြှင့်ဖော်ဆောင်၍ ကမ္ဘာ့အမျိုးသမီးများဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု စာမျက်နှာသစ်ကို ရေးခြယ်သွားလိုပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ တိုက်ရှီးမြို့နယ် အရွယ်ရောက်သူ ယဉ်ကျေးမှုနည်းပညာကျောင်း၌ ကျင်းပသည့် “မတ်လ ၈ ရက် အမျိုးသမီးများနေ့ ကြိုဆိုမှု” လှုပ်ရှားမှုအစီအစဉ်တွင် အမျိုးသမီးများက ပန်းထိုးနည်းကို လေ့လာသင်ယူနေသည်ကို ၂၀၂၅ ခုနှစ် မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
中方将在北京召开全球妇女峰会 与世界各国一道谱写全球妇女事业发展新篇章
新华社北京9月22日电(记者袁睿、朱超)外交部发言人郭嘉昆22日表示,在北京世妇会召开30周年之际,中方将于不久后在北京再次召开全球妇女峰会。中方愿与世界各国一道,携手共进,加速妇女全面发展新进程,谱写全球妇女事业发展新篇章。
当日例行记者会上,有记者问:我们注意到,国务院新闻办日前发布了《新时代中国推进妇女全面发展的实践与成就》白皮书,发言人可否进一步介绍发布白皮书有关情况?
郭嘉昆说,30年前,联合国第四次世界妇女大会在北京成功举行。为纪念北京世妇会,推动落实《北京宣言》和《行动纲领》,10年前中国政府和联合国妇女署在纽约联合国总部共同举办了全球妇女峰会。5年前,习近平主席倡议于2025年再次召开全球妇女峰会。
郭嘉昆表示,从全球范围看,距离实现2030年可持续发展目标还有5年时间,全球妇女事业面临严峻挑战,同时迎来巨大机遇。在促进男女平等和妇女全面发展领域,中国既是倡导者,更是行动派。
郭嘉昆说,党的十八大以来,中国妇女事业蓬勃发展,取得历史性成就,实现全方位跃升,中国特色社会主义妇女发展道路展现出蓬勃生机与独特优势。
他表示,我们发布白皮书,旨在全面展示中国践行《北京宣言》和《行动纲领》的主要成果,系统介绍新时代中国促进男女平等和妇女全面发展的理念原则、创新实践以及中国妇女的奋进风采,为全球妇女事业贡献中国智慧,分享中国经验。
“中方愿与世界各国一道,携手共进,加速妇女全面发展新进程,谱写全球妇女事业发展新篇章。”郭嘉昆说。(完)
图说1:3月5日,在浙江省湖州市埭溪镇成人文化技术学校举办的“迎三八”主题活动上,妇女们在学习插花。新华社发(何伟卫 摄)