Connect with us

China

ရှီကျင့်ဖိန်က ရှင်းကျန်း တိုင်းရင်းသားအသီးသီး၊ နယ်ပယ်အသီးသီး ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ၊ ဝမ်ဟုနင်နှင့် ချိုက်ချီတို့ လက်ခံတွေ့ဆုံပွဲသို့ တက်ရောက်

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေအထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ရှင်းကျန်း တိုင်းရင်းသားအသီးသီး၊ နယ်ပယ်အသီးသီး ကိုယ်စားလှယ်များအား စက်တင်ဘာ ၂၃ ရက်ညနေပိုင်းက တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ဝူးလူမုချီမြို့၌ ရင်းနှီးစွာ လက်ခံတွေ့ဆုံပြီး စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

ဝူးလူမုချီ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေအထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် စက်တင်ဘာ ၂၃ ရက် ညနေပိုင်းက ရှင်းကျန်း တိုင်းရင်းသားအသီးသီး၊ နယ်ပယ်အသီးသီး ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ၍ ပါတီကော်မတီကိုယ်စား ရှင်းကျန်း တိုင်းရင်းသားပြည်သူအသီးသီးအား ရင်းနှီးနွေးထွေးသော နှုတ်ခွန်းဆက်စကားနှင့် လှိုက်လှဲသော ဆုမွန်ကောင်းတောင်းစကားဆိုခဲ့ရာတွင် အားလုံးအနေဖြင့် စိတ်တူကိုယ်တူ၊ သွေးစည်းညီညွတ်စွာ ကြိုးပမ်းအားထုတ်ပြီး တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးလုပ်ငန်းစဉ်တွင် သာယာလှပသော ရှင်းကျန်းအဖြစ် ပိုမိုကောင်းမွန်စွာ တည်ဆောက်ကြရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်တို့ လက်ခံတွေ့ဆုံပွဲ အခမ်းအနားသို့ ရောက်ရှိလာချိန်တွင် အခမ်းအနားတစ်ခုလုံး အချိန်ကြာမြင့်စွာ လက်ခုပ်ဩဘာသံများ ပေါ်ထွက်လာခဲ့သည်။ ရှီကျင့်ဖိန်သည် အားလုံးကို လက်ပြနှုတ်ဆက်ကာ ကိုယ်စားလှယ်များနှင့် မကြာခဏဆိုသလို ရင်းနှီးစွာ ဖလှယ်ခဲ့ကြပြီး အားလုံးနှင့်အတူ စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ရှီကျင့်ဖိန်သည် ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် သက်ဆိုင်ရာ ဌာန၊ ဒေသခွဲနှင့် မြို့အသီးသီးမှ တာဝန်ရှိ ရဲဘော်နှင့် ရဲဘော်ဟောင်းကိုယ်စားလှယ်များ၊ ရှင်းကျန်း ထုတ်လုပ်မှုနှင့် တည်ဆောက်ရေးတပ်ဖွဲ့ ခေါင်းဆောင်အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိ ရဲဘော်များ၊ ရှင်းကျန်းကူညီထောက်ပံ့ရေး ကေဒါ ကိုယ်စားလှယ်များ၊ တရားရေးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ ကိုယ်စားလှယ်များ၊ သာသနာရေးအသိုက်အဝန်းမှ မျိုးချစ်ပုဂ္ဂိုလ်များနှင့် အခြေခံ သာသနာရေးလုပ်ငန်း ကေဒါကိုယ်စားလှယ်များနှင့် သီးခြားစီ ရင်းနှီးစွာ လက်ခံတွေ့ဆုံခဲ့သည်။
ယင်းနေ့ညနေပိုင်းတွင် ရှီကျင့်ဖိန်သည် ဝူးလူမုချီအခြေစိုက်တပ်ဖွဲ့ ဗိုလ်မှူးကြီးအဆင့်နှင့်အထက် ခေါင်းဆောင်ကေဒါများနှင့် အခြေခံ ရှေ့ပြေးစံပြဝန်ထမ်းအချို့အား ရင်းနှီးစွာ လက်ခံတွေ့ဆုံခဲ့ရာ ပါတီဗဟိုကော်မတီနှင့် ဗဟိုစစ်ကော်မရှင်ကိုယ်စား ရှင်းကျန်းအခြေစိုက်တပ်ဖွဲ့တစ်ရပ်လုံး၏ အရာရှိစစ်သည်များထံသို့ နွေးထွေးစွာနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အားလုံးနှင့်အတူ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့သည်။

အဆိုပါလက်ခံတွေ့ဆုံပွဲကို ဝမ်ဟုနင်၊ ချိုက်ချီ၊ လီကန့်ကျယ်၊ ဟယ်လိဖုန်း၊ ဝမ်ရှောင်ဟုန်၊ ရွှယ်ခဲ့လိုင်ထီ ကျားခဲ့အယ်၊ ရှန့်ရီချင်၊ ဝမ်တုန်းဖုန်းနှင့် လျိုကျန့်လိ၊ ရှင်းကျန်း၌ တာဝန်ထမ်းဆောင်ခဲ့ဖူးသော ရဲဘော်ဟောင်းများ၊ ဗဟိုနှင့် အစိုးရအဖွဲ့အစည်းများ၏ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ ရဲဘော်များ စသည်တို့ တက်ရောက်ခဲ့ကြသည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေအထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ရှင်းကျန်း တိုင်းရင်းသားအသီးသီး၊ နယ်ပယ်အသီးသီး ကိုယ်စားလှယ်များအား စက်တင်ဘာ ၂၃ ရက်ညနေပိုင်းက တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ဝူးလူမုချီမြို့၌ ရင်းနှီးစွာ လက်ခံတွေ့ဆုံခဲ့ရာ ရှီကျင့်ဖိန်နှင့် ကိုယ်စားလှယ်များ ရင်းရင်းနှီးနှီး ဆွေးနွေးဖလှယ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေအထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ရှင်းကျန်း တိုင်းရင်းသားအသီးသီး၊ နယ်ပယ်အသီးသီး ကိုယ်စားလှယ်များအား စက်တင်ဘာ ၂၃ ရက်ညနေပိုင်းက တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ဝူးလူမုချီမြို့၌ ရင်းနှီးစွာ လက်ခံတွေ့ဆုံခဲ့ရာ ရှီကျင့်ဖိန် လက်ပြနှုတ်ဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေအထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် သက်ဆိုင်ရာ ဌာန၊ ဒေသခွဲနှင့် မြို့အသီးသီးမှ တာဝန်ရှိ ရဲဘော်နှင့် ရဲဘော်ဟောင်းကိုယ်စားလှယ်များအား စက်တင်ဘာ ၂၃ ရက် ညနေပိုင်းက တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ဝူးလူမုချီမြို့၌ ရင်းနှီးစွာ လက်ခံတွေ့ဆုံပြီး စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေအထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ရှင်းကျန်း ထုတ်လုပ်မှုနှင့် တည်ဆောက်ရေးတပ်ဖွဲ့ ခေါင်းဆောင်အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိ ရဲဘော်များအား စက်တင်ဘာ ၂၃ ရက် ညနေပိုင်းက တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ဝူးလူမုချီမြို့၌ ရင်းနှီးစွာ လက်ခံတွေ့ဆုံပြီး စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေအထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ရှင်းကျန်းကူညီထောက်ပံ့ရေး ကေဒါ ကိုယ်စားလှယ်များအား စက်တင်ဘာ ၂၃ ရက်ညနေပိုင်းက တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ဝူးလူမုချီမြို့၌ ရင်းနှီးစွာ လက်ခံတွေ့ဆုံပြီး စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
习近平接见新疆各族各界代表   王沪宁蔡奇参加接见
新华社乌鲁木齐9月23日电 中共中央总书记、国家主席、中央军委主席习近平23日下午接见新疆各族各界代表,代表党中央向新疆各族儿女致以诚挚问候和衷心祝愿,希望大家凝心聚力、团结奋进,在中国式现代化进程中更好建设美丽新疆。
习近平等来到接见现场时,全场响起长时间热烈掌声。习近平向大家挥手致意,不时同代表亲切交流,并同大家合影留念。
习近平还分别亲切接见了新疆维吾尔自治区及有关部门、各地州市负责同志和老同志代表,新疆生产建设兵团领导班子成员及有关方面负责同志,援疆干部代表,政法干警代表,宗教界爱国人士和基层宗教工作干部代表。
当天下午,习近平亲切接见了驻乌鲁木齐部队上校以上领导干部和部分基层先进模范、文职人员,代表党中央和中央军委向驻新疆部队全体官兵致以诚挚问候,并同大家合影留念。
王沪宁、蔡奇、李干杰、何立峰、王小洪、雪克来提·扎克尔、谌贻琴、王东峰和刘振立,在新疆工作过的老同志,中央和国家机关有关部门负责同志等参加有关接见。(完)
1. 9月23日下午,中共中央总书记、国家主席、中央军委主席习近平在乌鲁木齐亲切接见新疆各族各界代表,并同大家合影留念。 新华社记者 燕雁 摄
2. 9月23日下午,中共中央总书记、国家主席、中央军委主席习近平在乌鲁木齐亲切接见新疆各族各界代表。这是习近平同代表亲切交流。 新华社记者 谢环驰 摄
3. 9月23日下午,中共中央总书记、国家主席、中央军委主席习近平在乌鲁木齐亲切接见新疆各族各界代表。这是习近平向大家挥手致意。 新华社记者 谢环驰 摄
4. 9月23日下午,中共中央总书记、国家主席、中央军委主席习近平在乌鲁木齐亲切接见新疆维吾尔自治区及有关部门、各地州市负责同志和老同志代表,并同大家合影留念。 新华社记者 燕雁 摄
5. 9月23日下午,中共中央总书记、国家主席、中央军委主席习近平在乌鲁木齐亲切接见新疆生产建设兵团领导班子成员及有关方面负责同志,并同大家合影留念。 新华社记者 申宏 摄
6. 9月23日下午,中共中央总书记、国家主席、中央军委主席习近平在乌鲁木齐亲切接见援疆干部代表,并同大家合影留念。 新华社记者 申宏 摄