Connect with us

China

အစိမ်းရောင် လျှပ်စစ်ဓာတ်အားအတွက် “လေနှင့် နေရောင်ခြည်နောက် လိုက်ကာ” မိသားစုပေါင်း ထောင်သောင်းချီကို ထွန်းလင်းပေး

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ပါးရင်းကောလိန့် မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခွဲအတွင်းရှိ ဝူးလူမုချီ-ရော့ချန်း အမြန်လမ်းအနီးတစ်ဝိုက်ရှိ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားကြိုးများ ဝေဟင်မြင်ကွင်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူးလူမုချီ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
တစ်ချိန်တစ်ခါက သဲကန္တာရကြီးသည် ယနေ့တွင် ဆိုလာစွမ်းအင်ပြား စုစည်းပြီး “အပြာရောင် ပင်လယ်သမုဒ္ဒရာ” အဖြစ်လည်းကောင်း၊ လေအားလျှပ်စစ် ဓာတ်အားပေးယူနစ်များဖြင့် “အဖြူရောင်သစ်တော” အဖြစ်လည်ကောင်း ဖြစ်တည်လာရာ အကန့်အသတ်မဲ့ နေရောင်ခြည်နှင့် လေအားစွမ်းအင် ရှုမြင်ကွင်းများကို ပျိုးထောင်လျက်ရှိသည်။
တရုတ်နိုင်ငံ ရှင်းကျန်းဒေသသည် တရုတ်နိုင်ငံ ကုန်းမြေဧရိယာစုစုပေါင်း၏ ခြောက်ပုံတစ်ပုံခန့်ကို ပိုင်ဆိုင်ထားပြီး အားအယ်ထိုက်တောင်၊ ထျန်းဆန်းတောင်၊ ခွန်းလွန်တောင် ဟူသည့် တောင်ကြောသုံးခုနှင့် ကျွမ်ကယ်အယ် ချိုင့်ဝှမ်းဒေသ၊ ထာလီမု ချိုင့်ဝှမ်းဒေသဟူ၍ ချိုင့်ဝှမ်းဒေသနှစ်ခု ဖြန့်ကြက်တည်ရှိနေသည်။ “တောင်ကြောသုံးခုနှင့် ချိုင့်ဝှမ်းဒေသနှစ်ခု” ကြားတွင် နေရောင်ခြည်များ ထွန်းလင်းတောက်ပ၍ လေတိုက်သံများ စဉ်ဆက်မပြတ်ရှိပေသည်။
လက်ရှိတွင် ရှင်းကျန်းဒေသတစ်ဝန်း၌ နေရောင်ခြည်စွမ်းအင် ဖော်ဆောင် အသုံးပြုမှုပမာဏသည် ကီလိုဝပ် ၄.၂ ဘီလီယံခန့်ရှိ၍ နိုင်ငံတစ်ဝန်း၌ အဆင့် ၁ နေရာတွင် ရပ်တည်လျက်ရှိသည်။ လေစွမ်းအင်အရင်းအမြစ် နည်းပညာဖော်ဆောင်မှုပမာဏသည် ကီလိုဝပ် ၁ ဘီလီယံခန့်ရှိပြီး နိုင်ငံတစ်ဝန်း၏ အဆင့် ၂ နေရာ၌ ရပ်တည်လျက်ရှိသည်။
လေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်များ ပေါကြွယ်ဝသော ရှင်းကျန်းဒေသသည် တရုတ်နိုင်ငံ၏ “၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” စီစဉ်ရေးဆွဲမှုတွင် အတိအလင်းဖော်ပြထားသော အကြီးစား သန့်ရှင်းစွမ်းအင် အခြေစိုက်စခန်းဖြစ်သည်။ ရှင်းကျန်းဒေသသည် လေတိုက်ခတ်မှုဒေသကြီး ၁၀ ခု၊ နေရောင်ခြည်တောက်ပမှု ဒေသကြီး ၅ ခု ပိုင်ဆိုင်ထားသော သဘာဝအားသာချက်များဖြင့် “လေနှင့် နေရောင်ခြည်နောက် လိုက်သည့်” အကြီးစား လျှပ်စစ်ဓာတ်အားပေးပုံစံကို စတင်ခဲ့သည်။ ၎င်းသည် နိုင်ငံတော် စွမ်းအင်အရင်းအမြစ် မဟာဗျူဟာ အာမခံပေးမှု အခြေစိုက်စခန်းအား ကြိုးပမ်းတည်ဆောက်၍ စွမ်းအင်သစ် ဖွံ့ဖြိုးတိုးတက်မှုသည်လည်း အမြန်လမ်းသို့ ဝင်ရောက်လာခဲ့သည်။
ယနေ့တွင် ဓာတ်အားလိုင်းကွန်ရက်ကြီးသည် ထျန်းဆန်းတောင်၏ တောင်ပိုင်းနှင့် မြောက်ပိုင်းအား ချိတ်ဆက်သွယ်တန်းထားရာ ရှင်းကျန်းဒေသတစ်ခုလုံးအား လွှမ်းခြုံထားသည့် ကီလိုဗို့ ၇၅၀ ကေဒါကွန်ရက်တစ်ခု အသွင်ဖြစ်တည်လာပြီး စွမ်းအင်အား ထိရောက်စွာ တွဲဖက်ပေးမှုအတွက် ခိုင်မာသော ပံ့ပိုးမှုပေးလိုက်သည်။ ထို့ပြင် ဆီလီကွန်အပြား၊ ဆိုလာယူနစ်၊ လေအားလျှပ်စစ် ထုတ်လုပ်ရေးစက်၊ ဒလက်ပြား စသည့် ရှင်းကျန်းဒေသ စွမ်းအင်သစ် ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း အမျိုးအစားများ အဆက်မပြတ် တိုးပွားလာရာ ကုန်ထုတ်လုပ်ငန်းကွင်းဆက် အဆက်မပြတ် ပြည့်စုံကောင်းမွန်လာခဲ့သည်။
ယနေ့တွင် ရှင်းကျန်းဒေသ၌ လျှပ်စစ်ဓာတ်အား ၃ ယူနစ် ပို့လွှတ်တိုင်းတွင် ၁ ယူနစ်သည် လေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင် စသည့် သန့်ရှင်းစွမ်းအင်ဖြင့် ထုတ်လုပ်ထားသော အစိမ်းရောင် လျှပ်စစ်ဓာတ်အားများ ပါဝင်ပြီး ဒေသပြင်ပသို့ပို့လွှတ်သည့် အစိမ်းရောင် လျှပ်စစ်ဓာတ်အားသည် ကီလိုဝပ်နာရီ ၂၇၀ ဘီလီယံထက် ကျော်လွန်ပေသည်။
အလင်းရောင်လေးများမှသည် မိသားစုထောင်သောင်းချီ၏ အလင်းရောင်ထွန်းလင်းမှုအထိ၊ နယ်စပ်ဒေသအား ထွန်းလင်းစေမှုမှသည် နိုင်ငံတစ်ဝန်းအား အားဖြည့်ပေးမှုအထိ ရှင်းကျန်းဒေသမှ ပို့လွှတ်သော အစိမ်းရောင် လျှပ်စစ်ဓာတ်အားသည် “လေနှင့် နေရောင်ခြည်နောက် လိုက်၍” မိုင်ထောင်ချီကို ကျော်ဖြတ်ကာ အားလုံး၏ နံနက်ခင်းနှင့် ညအချိန်အခါများကို စောင့်ရှောက်လျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ အားလက်ထိုက်ဒေသ ကျီမုနိုင်ခရိုင်ရှိ ကီလိုဝပ် ၅၀၀,၀၀၀ ရှိ လေအားလျှပ်စစ် စီမံကိန်း တွဲဖက်လျှပ်စစ်ပို့လွှတ်ရေးလမ်းကြောင်း တည်ဆောက်မှုမြင်ကွင်းကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

———————-
(Chinese Version)
潮涌新疆70年 风光新涌:绿电“追风逐日” 点亮万家灯火
新华社照片,乌鲁木齐,2025年9月27日
昔日的戈壁荒漠,如今由太阳能光伏板汇聚成“蓝色海洋”,由风力发电机组成“白色森林”,正孕育着无限“风光”。
新疆总面积占我国陆地国土面积约六分之一,分布着阿尔泰山、天山、昆仑山三条山脉和准噶尔盆地、塔里木盆地两大盆地。“三山两盆”间,阳光普照,风声不息。目前,全疆太阳能技术可开发量约42亿千瓦,位居全国第1位;风能资源技术可开发量约10亿千瓦,位居全国第2位。
风能、太阳能资源丰富的新疆,是国家“十四五”规划纲要中明确的大型清洁能源基地。新疆依托十大风区、五大光区的先天优势,开启“追风逐日”的新型电力模式,努力打造国家能源资源战略保障基地,新能源发展步入快车道。
如今,大电网横贯天山南北,一张遍布全疆的750千伏骨干网架已经成形,为能源高效配置提供了坚强支撑。此外,硅片、光伏组件、风机、叶片等新疆新能源装备制造业品类不断丰富、产业链加快完善。
如今,新疆每输送的3度电中就有1度来自风能、光能等清洁能源产生的绿电,外送绿电超过2700亿千瓦时。
从点点微光到万家璀璨,从照亮边陲到赋能全国,来自新疆的绿电“追风逐日”,正跨越千里守护你我的清晨和夜晚。
1、9月22日在新疆巴音郭楞蒙古自治州境内的乌若高速附近拍摄的光伏电站和输电线(无人机照片)。新华社记者 江文耀 摄
2、在新疆阿勒泰地区吉木乃县拍摄的50万千瓦时风电项目配套输电线路建设现场(7月1日摄,无人机照片)。新华社发(努尔别克•努尔曼 摄)