Connect with us

China

ရှီကျင့်ဖိန်နှင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တို တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ သီးသန့်လာရောက်၍ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်သော အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တို တို့ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ သီးသန့်လာရောက်၍ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်သော အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တို တို့ စက်တင်ဘာ ၃ ရက် ညနေပိုင်းက တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က အဆွေတော် သမ္မတသည် အခက်အခဲကို ကျော်ဖြတ်၍ တရုတ်နိုင်ငံသို့ လာရောက်ပြီး အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်းသည် တရုတ်-အင်ဒိုနီးရှားဆက်ဆံရေး အပေါ် အလေးထားမှုနှင့် အင်ဒိုနီးရှားပြည်သူများက တရုတ်ပြည်သူများအပေါ် လေးနက်သော ချစ်ကြည်ရင်းနှီးမှုကို ထင်ဟပ်စေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆွေတော်သမ္မတ၏ အုပ်ချုပ်မှု၊ အင်ဒိုနီးရှားနိုင်ငံ၏ စည်းစနစ်နှင့် တည်ငြိမ်မှုအမြန်ဆုံး ပြန်လည်ဖော်ဆောင်မှု၊ အင်ဒိုနီးရှား ဖွံ့ဖြိုးတိုးတက်၍ အင်အားတောင့်တင်းလာအောင် ဆောင်ရွက်မှုအပေါ် ထောက်ခံအားပေးကြောင်း ထောက်ပြပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်-အင်ဒိုနီးရှား သံတမန်ဆက်ရေး ထူထောင်သည့် ၇၅ နှစ်ပြည့်ဖြစ်သလို အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်သည့် နှစ် ၈၀ ပြည့်နှင့် ဘန်ဒေါင်းအစည်းအဝေး ကျင်းပသည့် နှစ် ၇၀ ပြည့်လည်းဖြစ်ကြောင်း၊ နိုင်ငံတကာအခြေအနေ မည်ကဲ့သို့ ပြောင်းလဲစေကာမူ တရုတ်-အင်ဒိုနီးရှားသည် လွတ်လပ်၍ ကိုယ်ပိုင်ရပ်တည်မှုရှိသော အမျိုးသားရေးစိတ်ဓာတ်အား အစဉ်အမြဲ လက်ဆင့်ကမ်း၍ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်သော ဆက်ဆံရေးလမ်းကြောင်းကို လက်ကိုင်ထားကာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးအနေဖြင့် တာဝန်သိမှုကို ထင်ဟပ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ သံတမန်ဆက်ဆံရေး ထူထောင်သည့် မူလရည်ရွယ်ချက်ကို အရင်းခံ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်နှင့် ဘန်ဒေါင်းစိတ်ဓာတ်အား မြှင့်တင်ပြီး တရုတ်-အင်ဒိုနီးရှား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအား အဆင့်မြင့် တွန်းအားပေးသွားခြင်းဖြင့် လူသားမျိုးနွယ် တိုးတက်မှုလုပ်ငန်းအတွက် ရှိသင့်ရှိထိုက်သော အကျိုးထမ်းဆောင်မှုများ လုပ်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် မှန်ကန်သောဦးတည်ချက်ကို သတ်မှတ်၍ ဘက်စုံထောင့်စုံ မဟာဗျူဟာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ချိတ်ဆက်မှုအား နက်ရှိုင်းစွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တရုတ်-အင်ဒိုနီးရှားဆက်ဆံရေး ရေရှည်တည်ငြိမ်စွာ ရှေ့ဆက်လျှောက်လှမ်းနိုင်ရန် တွန်းအားပေး၍ ဒေသတွင်းမှ တစ်ကမ္ဘာလုံးအလွှာတွင် စံပြအခန်းကဏ္ဍမှ ပါဝင်ရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး “2+2” တွေ့ဆုံဆွေးနွေးမှု ယန္တရားအား ကောင်းမွန်စွာ အသုံးပြု၍ လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစွာ ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အား အရည်အသွေးမြင့် အတူတကွတည်ဆောက်၍ နှစ်ဖက်အပြန်အလှန် တံခါးဖွင့်လှစ်မှုအား တိုးချဲ့ကာ အရေးကြီးသတ္တုတွင်းထွက်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တု (AI) ၊ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အတွေ့အကြုံကို မျှဝေလိုပြီး လူပုဂ္ဂိုလ်များ သွားလာဆက်ဆံမှုကို အဆင်ပြေချောမွေ့စေကာ ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှုကို တိုးမြှင့်လိုကြောင်း၊ တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ဖြစ်သည့်နည်းတူ တစ်ဖက်သတ် ဗိုလ်ကျအနိုင်ကျင့်မှုလုပ်ရပ်ကို ပူးပေါင်းအင်အားဖြင့် ဆန့်ကျင်ကာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှု၊ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုအား ကာကွယ်ရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
ပရာဘိုဝို ဆူဘီယန်တို က ၎င်းတို့ပြည်တွင်းအခြေအနေအား မိတ်ဆက်ပြောကြားခဲ့ပြီး လက်ရှိအခြေအနေသည် တည်ငြိမ်လာကြောင်း၊ တရုတ်နိုင်ငံပြည်သူများနှင့်အတူ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အား ဂုဏ်ပြုခွင့်ရသည့်အတွက် များစွာ ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံသည် မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးသည် အင်ဒိုနီးရှားနိုင်ငံခြားရေးမူဝါဒတွင် အရေးကြီးဆုံးဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံက ကာလကြာရှည်စွာ အဖိုးတန်သော ထောက်ခံအားပေးမှုများ ပံ့ပိုးပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းအရ အကောင်းဆုံးကာလသို့ ရောက်ရှိနေကြောင်း၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အဦ စသည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ နှစ်နိုင်ငံဆက်ဆံရေးတွင် ပိုမိုများပြားသော ရလဒ်များ ရရှိရန် တွန်းအားပေးပြီး နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြု၍ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုအား မြှင့်တင်ရန်အတွက် အပြုသဘောဆောင်သည့် အကျိုးထမ်းဆောင်မှုများ လုပ်ဆောင်သွားရန် မျှော်လင့်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အထက်ပါတွေ့ဆုံဆွေးနွေးပွဲသို့ ချိုက်ချီ၊ ဝမ်ရိတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ သီးသန့်လာရောက်၍ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်သော အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တို တို့ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

——————
(Chinese Version)
习近平会见印度尼西亚总统普拉博沃
新华社北京9月3日电(记者杨依军、温馨)9月3日下午,国家主席习近平在北京人民大会堂会见专程来华出席纪念中国人民抗日战争暨世界反法西斯战争胜利80周年活动的印度尼西亚总统普拉博沃。
习近平指出,总统先生克服困难来华出席纪念活动,体现了对中印尼关系的重视和印尼人民对中国人民的真挚友好情谊。中方支持总统先生施政,支持印尼尽快恢复秩序和稳定,支持印尼发展壮大。今年是中印尼建交75周年,也是印尼独立80周年和万隆会议召开70周年。无论国际形势如何变化,中印尼始终传承独立自主的民族精神,坚持合作共赢的相处之道,展现和平发展的大国担当。中方愿同印尼秉持建交初心,弘扬和平共处五项原则和万隆精神,高水平推进中印尼命运共同体建设,为人类进步事业作出应有贡献。
习近平强调,双方要锚定正确方向,深化全方位战略协作和发展战略对接,推动中印尼关系行稳致远,在地区乃至全球层面发挥示范作用。要用好外长防长“2+2”对话机制,深化安全和防务合作。高质量共建“一带一路”,扩大双向开放,拓展关键矿产、数字经济、人工智能、农渔业合作。中方愿同印尼分享脱贫攻坚经验,便利人员往来,增进人文交流。中国和印尼同为全球南方大国,要合力反对单边霸凌行径,维护地区和平稳定和国际公平正义。
普拉博沃介绍了国内情况,表示局势正在趋于稳定。很高兴能同中国人民共同庆祝抗日战争胜利80周年。印尼和中国是好朋友、真朋友。对华关系是印尼外交政策的重中之重,感谢中方长期以来为印尼经济社会发展提供的宝贵支持。两国关系处于历史最好时期。印尼期待同中方加强贸易、投资、金融、基础设施等领域合作,推动两国关系取得更多成果,更好造福两国人民,为促进地区和平稳定作出积极贡献。
蔡奇、王毅等参加会见。(完)
图说:9月3日下午,国家主席习近平在北京人民大会堂会见专程来华出席纪念中国人民抗日战争暨世界反法西斯战争胜利80周年活动的印度尼西亚总统普拉博沃。 新华社记者 黄敬文 摄