China
ဝမ်ရိနှင့် ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto တွေ့ဆုံဆွေးနွေး

ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ စက်တင်ဘာ ၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက Peter Szijjarto အနေဖြင့် ဟန်ဂေရီအစိုးရကိုယ်စား တရုတ်နိုင်ငံသို့ လာရောက်၍ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်သည့်အပေါ် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံအကြီးအကဲများ၏ မဟာဗျူဟာ ဦးဆောင်မှုအောက်တွင် တရုတ်-ဟန်ဂေရီသည် အစဉ်အလာချစ်ကြည်ရေးကို မြှင့်တင်၍ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ကြရာ နှစ်ဖက်ဆက်ဆံရေးသည် သမိုင်းတွင် အကောင်းဆုံးအချိန်အခါသို့ ရောက်ရှိလျက် ရှိကြောင်း၊ ဟန်ဂေရီနိုင်ငံအနေဖြင့် ဥရောပဘက်က တရုတ်နိုင်ငံအပေါ် သိမြင်မှုကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်ရန် ဆက်လက်တွန်းအားပေးကာ တရုတ်နိုင်ငံအပေါ်မူဝါဒအား အပြုသဘောဆောင်မှု အခန်းကဏ္ဍကနေ တက်ကြွစွာ ကျင့်သုံးဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Peter Szijjarto က ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရာတွင် တရုတ်နိုင်ငံက အချက်အချာကျသည့် အခန်းကဏ္ဍမှ ပါဝင်ခြင်းအပေါ် ဟန်ဂေရီနိုင်ငံအနေဖြင့် တန်ဖိုးထားချီးကျူးကြောင်း၊ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) သည် အားတက်ဖွယ်ဖြစ်စေရာ ဟန်ဂေရီနိုင်ငံအနေဖြင့် အထူးအလေးထားကြောင်း၊ ဥရောပ-တရုတ် ဆက်ဆံရေး တိုးတက်မှုကို ဟန်ဂေရီနိုင်ငံက အခိုင်အမာ ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တရုတ်နိုင်ငံသို့ လာရောက်၍ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်လာသော ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto တို့ တရုတ်နိုင်ငံ ပေကျင်းမြို့၌ စက်တင်ဘာ ၃ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
———————
(Chinese Version)
王毅会见匈牙利外长西雅尔多
新华社北京9月3日电 中共中央政治局委员、外交部长王毅3日在北京会见匈牙利外长西雅尔多。
王毅欢迎西雅尔多代表匈牙利政府来华出席纪念中国人民抗日战争暨世界反法西斯战争胜利80周年活动,表示在两国领导人战略引领下,中匈弘扬传统友谊,深化务实合作,双边关系处于历史最好时期。希望匈方继续为推动欧方树立理性对华认知,奉行积极对华政策发挥建设性作用。
西雅尔多表示,匈方高度赞赏中方为促进世界和平稳定发挥关键作用。习近平主席提出的全球治理倡议令人振奋,匈方高度重视。匈方坚定支持欧中关系发展。(完)
1. 9月3日,中共中央政治局委员、外交部长王毅在北京会见来华出席纪念中国人民抗日战争暨世界反法西斯战争胜利80周年活动的匈牙利外长西雅尔多。 新华社记者 刘彬 摄