China
တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံသားများအပေါ် ဗီဇာကင်းလွတ်ခွင့် ပေးခြင်းက အလွန်ချစ်ကြည်ရင်းနှီးသော အစီအမံဖြစ်သည်ဟု ပူတင် ဆို

မော်စကို၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် ယင်းနိုင်ငံသို့လာရောက်မည့် ရုရှားနိုင်ငံသားများအပေါ် ဗီဇာကင်းလွတ်ခွင့်ပေးသည့် သက်ဆိုင်ရာမူဝါဒ ထုတ်ပြန်ကြေညာခြင်းသည် အလွန်ချစ်ကြည်ရင်းနှီးသည့် အစီအမံဖြစ်ကြောင်း၊ ရုရှားအနေဖြင့် တန်းတူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ပူတင်က စက်တင်ဘာ ၄ ရက်တွင် ရုရှားနိုင်ငံ ဗလာဒီဗော့စ်တော့ခ်၌ ပြောကြားခဲ့သည်။
ပူတင်က အဆိုပါဗီဇာကင်းလွတ်ခွင့် မူဝါဒသည် အရေးပါသည့် အနက်အဓိပ္ပာယ်ရှိပြီး တရုတ်နိုင်ငံသို့ ခရီးသွားမည့် ရုရှားနိုင်ငံသားများ တိုးပွားလာစေကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ကုန်သွယ်စီးပွားရေး သွားလာမှုနှင့် လူပုဂ္ဂိုလ်ဆက်ဆံမှုများ မြှင့်တင်ပေးမည်ဖြစ်ကြောင်း၊ “ရုရှားကလည်း ဒီချစ်ကြည်ရင်းနှီးတဲ့ အစီအမံအပေါ် သေချာပေါက် တန်းတူဆောင်ရွက်သွားမှာပါ” ဟု ပြောကြားခဲ့သည်ဟု ကရင်မလင်နန်းတော် တရားဝင်ဝက်ဘ်ဆိုက်က ထိုနေ့တွင် ထုတ်ပြန်သောသတင်းအရ သိရသည်။
တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ လူပုဂ္ဂိုလ် သွားလာဆက်ဆံမှုအား တစ်ဆင့်တိုး အဆင်ပြေချောမွေ့စေရန် တရုတ်နိုင်ငံအနေဖြင့် ဗီဇာကင်းလွတ်ခွင့်ပေးသည့် နိုင်ငံအတိုင်းအတာအား တိုးချဲ့ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၄ ရက်အထိ ရုရှားနိုင်ငံ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအပေါ် ဗီဇာကင်းလွတ်ခွင့်ပေးသည့် မူဝါဒ ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ ရုရှား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ တရုတ်နိုင်ငံသို့ လာရောက်၍ စီးပွားရေးလုပ်ကိုင်မှု၊ ခရီးသွားလည်ပတ်မှု၊ ဆွေမျိုးမိတ်ဆွေများ လာရောက်တွေ့ဆုံမှု၊ ကူးလူးဖလှယ် ခရီးစဉ်လာရောက်မှု၊ ပြည်ဝင်မှုကြာချိန် ရက် ၃၀ ထက် မကျော်လွန်ပါက ဗီဇာလျှောက်ထားမှု ကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက စက်တင်ဘာ ၂ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)
————————————————————————————–
(Chinese Version)
普京:中国对俄公民免签是非常友好的举措
新华社莫斯科9月4日电(记者栾海)俄罗斯总统普京4日在符拉迪沃斯托克表示,中国宣布对赴华俄罗斯公民免签的相关政策是非常友好的举措,俄罗斯将对等回应。
据克里姆林宫官网当天发布的消息,普京说,这一免签政策具有重要意义,将使俄罗斯民众赴华旅行增多,并将促进商业发展、商贸往来和人员交往。“俄罗斯当然会对等回应这一友好举措。”
中国外交部发言人郭嘉昆2日宣布,为进一步便利中外人员往来,中方决定扩大免签国家范围,自2025年9月15日至2026年9月14日,对俄罗斯持普通护照人员试行免签政策。俄罗斯持普通护照人员来华经商、旅游观光、探亲访友、交流访问、过境不超过30天,可免办签证入境。(完)
图说:9月1日下午,“上海合作组织+”会议在天津梅江会展中心举行。俄罗斯总统普京出席会议。 新华社记者 黄敬文 摄