Connect with us

China

ကမ္ဘာအတွက် ပိုမိုများပြား၍ ပိုမိုကောင်းမွန်သည့် ပြည်သူ့ဉာဏထုတ်ကုန်များကို ပံ့ပိုးပေးခြင်း

“ခေတ်ကာလ၏ တိုက်တွန်းသံအား တုံ့ပြန်၍ ကမ္ဘာ့အမေးပုစ္ဆာများအား ဖြေကြားခြင်း- တရုတ်နိုင်ငံ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဉာဏထုတ်ကုန်၏ ပံ့ပိုးမှုနှင့် အကျိုးဆောင်မှု” Think Tank အစီရင်ခံစာအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
“ခေတ်ကာလ၏တိုက်တွန်းသံအား တုံ့ပြန်၍ ကမ္ဘာ့အမေးပုစ္ဆာများအား ဖြေကြားခြင်း- တရုတ်နိုင်ငံ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဉာဏထုတ်ကုန်၏ ပံ့ပိုးမှုနှင့် အကျိုးဆောင်မှု” Think Tank အစီရင်ခံစာကို ဆင်ဟွာသတင်းဌာန နိုင်ငံအဆင့်မြင့် Think Tank အဖွဲ့က စက်တင်ဘာ ၆ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ထုတ်ပြန်ခဲ့သည်။ အဆိုပါအစီရင်ခံစာသည် တရုတ်နိုင်ငံ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဉာဏထုတ်ကုန်၏ ကြွယ်ဝသည့် အနှစ်သာရကို စနစ်တကျ ရှင်းလင်းဖော်ပြထားသလို ရာစုနှစ်အပြောင်းအလဲ အရှိန်အဟုန်ဖြင့် ဆင့်ကဲဖြစ်ပေါ်နေစဉ်၊ ကမ္ဘာက ကစဉ့်ကလျား အပြောင်းအလဲများဖြစ်နေစဉ် နောက်ခံအခြေအနေအောက်တွင် လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး စသည့် တရုတ်နိုင်ငံ အတွေးအခေါ်အယူအဆမှာ တရုတ်နိုင်ငံ၏ ရွေးချယ်မှုဖြစ်သလို ကမ္ဘာအပေါ် အကျိုးဆောင်ခြင်း၊ တရုတ်ဉာဏ်ပညာက ကမ္ဘာအတွက် ထိပ်တိုက်ရင်ဆိုင်မှုကို ကျော်လွှား၍ ဘုံအကျိုးဖြစ်ထွန်းမှု လမ်းကြောင်းကို လျှောက်လှမ်းရန် ရွေးချယ်မှု ပံ့ပိုးပေးလိုက်ခြင်းလည်း ဖြစ်ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း အတွေးအခေါ်ဖြင့် ဦးဆောင်သည့် သိပ္ပံနည်းကျစနစ်သည် လက်တွေ့ဖော်ဆောင်မှုတွင် သိသာထင်ရှားသည့် အောင်မြင်မှုရလဒ်များ ရရှိခဲ့သလို နိုင်ငံတကာ အသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုမှုလည်း ရရှိခဲ့သည်။ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးသည် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် အဓိကမူရင်းအတွေးအခေါ် ဖြစ်သည်။ “ကဏ္ဍကြီး ငါးရပ်” ကို ကြိုးပမ်းမှုရည်မှန်းချက်အဖြစ် ထားရှိခြင်း၊ အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအမြင်ကို အကောင်အထည်ဖော်ဆောင်သည့် လမ်းကြောင်းအဖြစ် ထားရှိခြင်း၊ နိုင်ငံတကာဆက်ဆံရေး ပုံစံသစ် တည်ဆောက်ရေးကို အခြေခံထောက်တိုင်အဖြစ်ထားရှိခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံများကို မဟာဗျူဟာ ဦးဆောင်မှုအဖြစ် ထားရှိခြင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ရေးကို လက်တွေ့ဖော်ဆောင်မှု ပလက်ဖောင်းအဖြစ် ထားရှိခြင်း၊ “ကမ္ဘာဂြိုဟ်တစ်ခုတည်းတွင် အတူဖေးမကူညီခြင်း” ဟူသော စိတ်ဓာတ်၊ တံခါးဖွင့်လှစ်၍ အားလုံးလက်ခံပါဝင်မှုရှိသည့် သဘောထား၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖော်ဆောင်ခြင်း၏ မျှော်မှန်းချက်ကို အထင်အရှား လက်ကိုင်ထားခြင်းတို့ဖြင့် တရုတ်နိုင်ငံ၏ အနာဂတ်ကံကြမ္မာနှင့် ကမ္ဘာ၏အနာဂတ်ကံကြမ္မာကို နီးကပ်စွာ ချိတ်ဆက်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို မြှင့်တင်ရန်အတွက် အားကောင်းသည့်စွမ်းအင်များဖြည့်တင်းသွားမည် ဖြစ်သည်။

တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းခြင်းသည် မိမိနိုင်ငံ၏ အခြေအနေပေါ်တွင် အခြေခံ၍ လူသားမျိုးနွယ်တို့၏ ထူးချွန်ကောင်းမွန်သည့် ယဉ်ကျေးမှုရလဒ်များကို လေ့လာကိုးကားထည့်သွင်းထားခြင်း ဖြစ်ရာ လူသားမျိုးနွယ် ယဉ်ကျေးမှုပုံစံသစ်ကို ဖန်တီးလိုက်ပေသည်။ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းခြင်းသည် အပြည့်အဝ သစ်လွင်သည့် ခေတ်မီအသွင်ပြောင်းမှု စံနမူနာကို ဖွင့်လှစ်ဖန်တီးလိုက်ခြင်းဖြစ်သည်။ ယင်းမှာ ပြည်သူ့အတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူကိုအားထား၍ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူမှ ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များ အတူမျှဝေခံစားရေးကို အခိုင်အမာဆောင်ရွက်ခြင်းဖြစ်သည်။ လွတ်လပ်စွာ ကိုယ်ပိုင်ရပ်တည်မှုကို အခြေခံရပ်တည်ချက်အဖြစ် ထားရှိကာ စီးပွားရေးနှင့် သိပ္ပံနည်းပညာကဏ္ဍ၏ အဆင့်မြင့် ကိုယ်ပိုင်ရပ်တည်အင်အားတောင့်တင်းရေးကို အလေးထားပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ မဟာဗျူဟာ ကိုယ်ပိုင်ဆောင်ရွက်ခွင့်ကို ကာကွယ်ထိန်းသိမ်းခြင်း ဖြစ်သည်။ အစဉ်အလာဆက်ခံမှုတွင် ဆန်းသစ်ဖန်တီးခြင်း၊ ဆန်းသစ်ဖန်တီးမှုတွင် အစဉ်အလာဆက်ခံခြင်းကို အခိုင်အမာလက်ကိုင်ထားကာ ရိုးရာယဉ်ကျေးမှု၌ ရှိသည့် ကရုဏာမေတ္တာ၊ ပြည်သူသည်သာ ပဓာန၊ သဟဇာတသင့်မြတ်ခြင်း ဟူသော အတွေးအခေါ်များကို ခေတ်သစ်စီမံခန့်ခွဲမှုစနစ်တွင် ထည့်သွင်းပေါင်းစည်းထားခြင်းဖြစ်သည်။

တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းခြင်းသည် အနောက်တိုင်းပုံစံ ခေတ်မီအသွင်ပြောင်းခြင်း သီအိုရီနှင့် လက်တွေ့ဖော်ဆောင်မှုအပေါ် အဓိကကျသည့် အရေးကြီးကျော်လွှားမှုဖြစ်ရာ ကမ္ဘာ့နိုင်ငံအသီးသီး အထူးသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ခေတ်မီအသွင်ပြောင်းရေးဖြစ်စဉ်အတွက် အရေးကြီးသည့် မှီငြမ်းလေ့လာဖွယ် လမ်းကြောင်းကို ပံ့ပိုးပေးလိုက်ခြင်း ဖြစ်သည်။

သမ္မတ ရှီကျင့်ဖိန်သည် “ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေး၊ သမာသမတ်ရှိရေး၊ ဒီမိုကရေစီဆန်ရေး၊ လွတ်လပ်ရေး” ဟူသော လူသားတစ်ရပ်လုံး၏ ဘုံတန်ဖိုးကို အဆိုပြုခဲ့ရာ လူသားမျိုးနွယ် အနာဂတ်ကံကြမ္မာနှင့် စပ်လျဉ်း၍ အဆုံးစွန် ထည့်သွင်းစဉ်းစားမှုကို တုံ့ပြန်ခဲ့သည်။ ယင်း၌ပါဝင်သော အဓိကအကြောင်းအရာများသည် မျက်မှောက်ကမ္ဘာ့အခြေအနေကြီးနှင့် ခေတ်ကာလရေစီးကြောင်းကို အခြေခံသည့် တိကျသည့်လက်ကိုင်ထားမှုဖြစ်သလို လူသားမျိုးနွယ် နှစ်ပေါင်းထောင်ချီ စုစည်းခဲ့ရသည့် ယဉ်ကျေးမှုရလဒ်အပေါ် သိပ္ပံနည်းကျ အနှစ်ချုပ်ခြင်းလည်း ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများ ယေဘုယျအားဖြင့် အသိအမှတ်ပြုထားသည့် တန်ဖိုးအယူအဆကို စုစည်းထားသော ဘုံဆခွဲကိန်းဖြစ်သည်။
လူသားတစ်ရပ်လုံးဘုံတန်ဖိုးသည် လူသားမျိုးနွယ် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေး၏နိယာမပေါ်တွင် အခြေခံသည့် နက်ရှိုင်းသော စူးစမ်းလေ့လာမှုဖြစ်ရာ လူသားမျိုးနွယ် အတူတကွ ရင်ဆိုင်နေရသည့် ရှင်သန်နေထိုင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အရေးကိစ္စပေါ်တွင် အခြေတည်ပြီး နိုင်ငံ၊ လူမှုအဖွဲ့အစည်းနှင့် တစ်သီးပုဂ္ဂလ၏ တန်ဖိုးပေါင်းစည်းမှုကို ဖော်ဆောင်ခြင်းဖြစ်သလို လူသားတစ်ရပ်လုံး ကျယ်ကျယ်ပြန့်ပြန့် ကူးလူးဆက်ဆံရေးအတွက် အခြေခံတန်ဖိုးသတ်မှတ်ချက်ကို စိုက်ထူခဲ့ပေသည်။

တရုတ်နိုင်ငံ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဉာဏထုတ်ကုန်သည် အနာဂတ်ကမ္ဘာကြီးကို ထည့်သွင်းစဉ်းစားမှု၊ မိမိကိုယ်တိုင် လက်တွေ့ဖော်ဆောင်မှု၏ အနှစ်ချုပ်မှုကို အခြေခံခြင်းဖြစ်ပြီး သိပ္ပံနည်းကျမှု၊ တံခါးဖွင့်လှစ်မှု၊ တိုးတက်မှုရှိသော သီအိုရီ ထူးခြားချက်ရှိရာ လူသားမျိုးနွယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကျယ်ပြန့်သည် အနာဂတ်အလားအလာကို မုချမသွေ ဖွင့်လှစ်ပေးမည် ဖြစ်သည်။

အတိတ်ကိုပြန်လည်သုံးသပ်ပါက ကမ္ဘာ့အနာဂတ်၊ လူသားတို့၏ အကျိုးစီးပွားနှင့်သက်ဆိုင်သည့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဉာဏထုတ်ကုန်သည် အရေးကြီးသမိုင်းအချက်အချာတွင် အချိန်သင့်အခါသင့် ပေါ်ပေါက်လာကာ လူ့စိတ်ကိုအားတက်စေပြီး အခင်းအကျင်းကို ပြန်လည်ပုံဖော်လေ့ ရှိကြသည်။ ယနေ့အခါ လူသားမျိုးနွယ်သည် လမ်းဆုံတွင် ထပ်မံရပ်တန့်နေကြရသည်။ လူသားတစ်ရပ်လုံး၏ အနာဂတ်အတွက် တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်အတူ လက်တွဲကာ ရှေ့သို့ ဆက်လက်လျှောက်လှမ်းမည်ဖြစ်ရာ အတွေးအခေါ်၏ ကြီးမားသည့်အင်အားဖြင့် လက်တွေ့ဖော်ဆောင်မှု ကြီးမားသောအင်အားကို ဖော်ဆောင်ကာ မိမိတို့ပိုင်ဆိုင်သည့် သာယာလှပသော ကမ္ဘာကို အတူတကွ တည်ဆောက်သွားမည် ဖြစ်ပေသည်။ (Xinhua)

လာအိုနိုင်ငံ ဗီယင်ကျင်းသို့ ထွက်ခွာသည့် နိုင်ငံတကာ ကုန်တင်ရထားကြီး တရုတ်-လာအို ရထားလမ်း ယွိရှီး ယန်ဟယ်ဘူတာမှ ထွက်ခွာသွားသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
新华时评|为世界提供更多更好的公共思想产品
新华社国家高端智库6日在云南昆明发布智库报告《回应时代呼唤 解答世界之问——中国全球公共思想产品的供给与贡献》。报告系统阐述中国全球公共思想产品的丰富内涵,阐明在百年变局加速演进、世界处于动荡变革期的背景下,构建人类命运共同体等中国理念主张既是中国的选择,也是对世界的贡献,中国智慧为世界提供了超越对抗、走向共赢的路径选择。
中国国家主席习近平提出以人类命运共同体理念为引领的科学体系,在实践中取得显著成果,获得国际社会的普遍认同。构建人类命运共同体,是习近平主席提出的重大原创性思想,以“五个世界”为努力目标,以共商共建共享的全球治理观为实现路径,以构建新型国际关系为基本支撑,以全球发展倡议、全球安全倡议、全球文明倡议和全球治理倡议为战略引领,以高质量共建“一带一路”为实践平台,旗帜鲜明地倡导“同球共济”的精神、开放包容的胸襟、合作共赢的愿景,将中国的前途命运同世界的前途命运紧密联系,为促进世界和平与发展事业注入了强大动能。
中国式现代化基于自身国情,借鉴吸收人类优秀文明成果,创造了人类文明新形态。中国式现代化开创了全新的现代化范式:坚持发展为了人民、发展依靠人民、发展成果由人民共享;以独立自主为根本立足点,重视经济和科技领域的高水平自立自强,维护国家发展的战略主动权;坚持在传承中创新、在创新中传承,将传统文化中的仁爱、民本、和合等理念融入现代治理体系。中国式现代化是对西方式现代化理论和实践的重大超越,为世界各国特别是全球南方国家的现代化进程提供了重要的道路借鉴。
习近平主席提出“和平、发展、公平、正义、民主、自由”的全人类共同价值,回应事关人类前途命运的终极思考。这一重大概括,既是基于对当今世界大势和时代潮流的准确把握,也是对人类几千年积淀的文明成果的科学总结,凝聚了世界各国人民普遍认同的价值理念的最大公约数。全人类共同价值基于对人类社会发展规律的深刻洞察,立足于人类共同面临的生存与发展问题,实现国家、社会与个体的价值统一,为全人类的普遍交往确立了基本价值规范。
中国全球公共思想产品基于对未来世界的思考、对自身实践的总结,具有科学、开放、进步的理论特质,必将为人类发展开启更加壮阔的未来图景。
中国全球公共思想产品基于对未来世界的思考、对自身实践的总结,具有科学、开放、进步的理论特质,必将为人类发展开启更加壮阔的未来图景。
回望过去,攸关世界未来与人类福祉的全球公共思想产品,往往在重要历史节点应运而生、激荡人心、重塑格局。今天,人类再次站在十字路口。为了全人类的未来,中国将继续与世界各国携手前行,以思想伟力激发实践伟力,共同建设属于我们的美好世界。(完)
1. 这是《回应时代呼唤 解答世界之问——中国全球公共思想产品的供给与贡献》智库报告。新华社记者 陈晔华 摄
2. 2025年8月23日,前往老挝万象的国际货物列车驶出中老铁路玉溪研和站。新华社记者 陈欣波 摄