Connect with us

China

တရုတ်ပြည်တွင်းပြည်ပ ဧည့်သည်တော်များက ကမ္ဘာ့တောင်ဘက်ခြမ်း ကမ္ဘာ့အမွေအနှစ် ကာကွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအကြောင်း အတူဆွေးနွေး

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချိန်ကျန်းမြို့၌ ကျင်းပသည့် ကမ္ဘာ့တောင်ဘက်ခြမ်း ကမ္ဘာ့အမွေအနှစ်ဖိုရမ် အခမ်းအနားကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
ဖူရှင်းရေကန်နံဘေးတွင် ယဉ်ကျေးမှုတွေ့ဆုံဆွေးနွေးကြပြီး မောက်ထျန်းတောင်ခြေ၌ တောင်ဘက်ခြမ်း သဘောတူညီချက်များကို စုစည်းသွားမည်ဖြစ်သည်။
စက်တင်ဘာ ၇ ရက် ညနေပိုင်းတွင် ဆင်ဟွာသတင်းဌာန၊ ယူနန်ပြည်နယ် ပါတီကော်မတီ ပြည်နယ်အစိုးရတို့မှ အတူတကွ ကြီးမှူးကျင်းပသည့် ၂၀၂၅ ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ် တစ်ပြေးညီ ဖိုရမ်ခွဲ၌ ကမ္ဘာ့တောင်ဘက်ခြမ်း ၂၄ နိုင်ငံမှ တရုတ်ပြည်တွင်းပြည်ပ ဧည့်သည်တော်ပေါင်း ၁၂၀ ကျော်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချိန်ကျန်းမြို့သို့ လာရောက်ပြီး ကမ္ဘာ့အမွေအနှစ်များ ကာကွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အကြောင်းအရာနှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။
“ယူနန်ပြည်နယ်က ကမ္ဘာ့အမွေအနှစ် ၆ ခုကို ပိုင်ဆိုင်ထားပြီး အရေအတွက်အားဖြင့် တစ်နိုင်ငံလုံးမှာ အဆင့် ၂ နေရာ၌ ရပ်တည်နေပါတယ်။ ၎င်းအနက် ဖူအယ်မြို့ ကျင်မိုက်တောင် ရှေးဟောင်းလက်ဖက်တော ယဉ်ကျေးမှု ရှုခင်းသာဟာ တစ်ကမ္ဘာလုံးမှာ ပထမဆုံး လက်ဖက်အကြောင်းအရာနဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်၊ ပြန်ကြားရေးဝန်ကြီး ကျန်းယန့်က ပြောကြားခဲ့သည်။
အဆိုပါ ကမ္ဘာ့အမွေအနှစ်များကို အတူတကွ ကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း၊ ကာကွယ်ရေးသည် ပထမကို လက်ကိုင်ထား၍ ထုတ်ဖော်အသွင်ပြောင်းမှုကို အလေးထားပြီး ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ လုပ်ဆောင်ခြင်းဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ယဉ်ကျေးမှုနှင့် သဘာဝရတနာများ “ရှင်သန်လာစေ” ကာ ယဉ်ကျေးမှု အပြန်အလှန် လေ့လာသင်ယူမှု၏ “စိတ်နှလုံးချင်းဆက်သွယ်သည့် ပေါင်းကူးတံတား” ဖြစ်လာစေရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ကမ္ဘာ့အမွေအနှစ်ရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုက စနစ်တကျ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ အားလုံး ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနဲ့ မကင်းကွာနိုင်ပါဘူး။ အထူးသဖြင့် မီဒီယာတွေရဲ့ တက်တက်ကြွကြွ အားဖြည့်မှုပဲ ဖြစ်ပါတယ်” ဟု ဆင်ဟွာသတင်းဌာန ဒုတိယဥက္ကဋ္ဌ ရှီယန့်ချွန်းက ဆိုသည်။ တရုတ်နိုင်ငံ၏ နိုင်ငံပိုင်သတင်းဌာနနှင့် ကမ္ဘာအဆင့် သတင်းဌာနအနေဖြင့် ဆင်ဟွာသတင်းဌာနသည် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများမှ အစိုးရ၊ မီဒီယာ၊ Think Tank စသည့် ဘက်အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မှုအား ဆက်လက်တိုးမြှင့်၍ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်များ အဆက်မပြတ် စုစည်းမှု၊ လက်ဆင့်ကမ်းမှု အယူအဆများ လူအများစိတ်နှလုံး၌ ထဲထဲဝင်ဝင်ဖြစ်စေရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပုဂံစေတီပုထိုးများ၊ ရန်ကုန် ရွှေတိဂုံစေတီတော်မှ ဧရာဝတီမြစ်၊ အင်းလေးကန်အထိ ဒေသတွင်း သဘာဝနှင့် ယဉ်ကျေးမှုအရင်းအမြစ်များအား ဥပမာထား ဆိုရမည်ဆိုလျှင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအနေဖြင့် အမွေအနှစ်များ ကာကွယ်မှုအား အမျိုးသားဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာအတွင်း၌ ထည့်သွင်းခြင်းဖြင့် ပြည်သူများ၏ အမွေအနှစ်များ ကာကွယ်မှုအပေါ် တက်ကြွမှုအား အပြည့်အဝ လှုံ့ဆော်ပေးကာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် မြှင့်တင်ခြင်းဖြင့် နောင်လာနောက်သားများအတွက် အမွေအနှစ် ကာကွယ်ရေး တံတိုင်းအား ခိုင်မြဲစွာ တည်ဆောက်ပေးသင့်သည်ဟု မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ (MISIS) အမှုဆောင်အဖွဲ့ဝင် ဦးကိုကိုမောင်က ယူဆသည်။
“ကမ္ဘာ့တောင်ဘက်ခြမ်းရဲ့ ယဉ်ကျေးမှုအမွေအနှစ်များက ပိုးလမ်းမကြီး၊ မြစ်ဝါမြစ်နဲ့ ဗော်လ်ဂါမြစ် မြစ်လမ်းကြောင်းမှာ စီးဆင်းနေသလို အိန္ဒိယရဲ့ ဂန္ထဝင်စာပေနဲ့ တရုတ်ရဲ့ ဒဿနိကဗေဒတွေကြားမှာ ပါဝင်မှတ်တမ်းတင်ထားပြီး နှုတ်ရာဇဝင် တေးကဗျာနဲ့ အာရပ်ကုန်သည်အဖွဲ့များ လျှောက်လှမ်းရာ ရှေးဟောင်းလမ်းမထက်မှာလည်း ပဲ့တင်ထပ်နေပါတယ်” ဟု အိန္ဒိယနိုင်ငံ နယူးဒေလီ Think Tank နှင့် သုတေသနစင်တာ ဥက္ကဋ္ဌ Robinder Nath Sachdev က ပြောကြားခဲ့သည်။ ကမ္ဘာ့တောင်ဘက်ခြမ်း၏ ကမ္ဘာ့အမွေအနှစ်များသည် စာရင်းဝင်သွားပြီး ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ၎င်းတို့၏ အတွေးအခေါ်ပုံစံကမူ ကမ္ဘာလုံးဆိုင်ရာ တင်ဆက်ဖော်ပြမှုတွင် ထည့်သွင်းထားခြင်း မရှိသေးကြောင်း၊ ပြောဆိုခွင့်စနစ် ဟန်ချက်ပျက်မှု အခြေအနေအား ပြောင်းလဲရာတွင် “တောင်ဘက်ခြမ်းမှ အသံ” များကို မဖြစ်မနေ ထုတ်ဖော်ပြောဆိုရမည် ဖြစ်ကြောင်း ၎င်းက ခံစားချက်အပြည့်ဖြင့် ဆိုခဲ့သည်။
“ကာကွယ်ရေးနဲ့တင် မလုံလောက်ပါဘူး။ အမွေအနှစ်တွေကို ရှင်သန်မှုစွမ်းအား ပြည့်ဝလာစေပြီး ယနေ့ခေတ်ဘဝနဲ့ ပေါင်းစပ်လာအောင် လုပ်ဆောင်ရပါမယ်” ဟု အိုမန်နိုင်ငံ မက်စ်ကတ်စ်မီဒီယာအုပ်စု အမှုဆောင်အရာရှိချုပ် ဖာဒီရေမွန်ကာတာက ပြောကြားခဲ့သည်။ ယဉ်ကျေးမှုအမွေအနှစ်သည် လူငယ်မျိုးဆက်များနှင့် ပဲ့တင်ထပ်မှုများ ပေါ်ထွက်လာနိုင်မှသာ ရေရှည်လက်ဆင့်ကမ်းနိုင်မည်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်ခေတ်တွင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအနေဖြင့် လူမှုမီဒီယာ၊ ရုပ်သံ၊ ဂိမ်း စသည့် ကြားခံနယ်များအား ကောင်းမွန်စွာ အသုံးပြု၍ အစဉ်အလာယဉ်ကျေးမှုအား သက်ဝင်လှုပ်ရှားလာစေရန် လုပ်ဆောင်သင့်ကြောင်း ၎င်းက ပွင့်လင်းစွာ ဆိုခဲ့သည်။
အီဂျစ်နိုင်ငံ The Grand Egyptian ပြတိုက်မှ သုတေသီ Alaa Khairy က ၎င်း၏ လုပ်ငန်းဆိုင်ရာ လက်တွေ့ဖော်ဆောင်မှုအကြောင်း မျှဝေခဲ့သည်။ “ပြတိုက်ရဲ့ဆွဲဆောင်မှုအားက ခမ်းနားတဲ့ပြခန်းနဲ့ ကြီးမားတဲ့ ရုပ်တုတွေပဲ မဟုတ်ပါဘူး။ ကျွန်တော်တို့က ကလေးပြတိုက်လည်း သီးသန့်တည်ဆောက်ထားပါတယ်။ ဒီနေရာကို ရောက်လာတဲ့ကလေးတိုင်းက သင်ကြားမှုကနေမဟုတ်ဘဲ ပုံပြင်၊ လက်တွေ့စမ်းသပ်ချက်၊ ဂိမ်း၊ သိပ္ပံနည်းပညာနဲ့ စူးစမ်းလေ့လာမှုကနေ ရှေးဟောင်းအီဂျစ်ယဉ်ကျေးမှုကို ချစ်မြတ်နိုးလာဖို့ မျှော်လင့်ပါတယ်” ဟု Alaa Khairy က ဆိုသည်။
ဖိုရမ်ခွဲကျင်းပရာဒေသဖြစ်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချိန်ကျန်းမြို့၌ “၂၀ ရာစုနှစ် အံ့အားသင့်ဖွယ် အကောင်းဆုံး ရှာဖွေတွေ့ရှိမှုများအနက်တစ်ခု” အဖြစ် တင်စားခေါ်ဝေါ်ခံရသည့် အာရှတိုက်၏ တစ်ခုတည်းသော ကျောက်ဖြစ်ရုပ်ကြွင်းအမျိုးအစား ကမ္ဘာ့အမွေအနှစ် ချိန်ကျန်းကျောက်ဖြစ်ရုပ်ကြွင်းဒေသ တည်ရှိသည်။
“ကျွန်တော်တို့က ပိုမိုအဆင့်မြင့်တဲ့ ပြည်ပကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး တွန်းအားပေးပြီး ပိုမိုများပြားတဲ့ ထိပ်တန်းသိပ္ပံသုတေသန လူတော်လူချွန်တွေ ချိန်ကျန်း ကျောက်ဖြစ်ရုပ်ကြွင်းဒေသမှာ လာရောက် သုတေသနပြုလုပ်ဖို့၊ ကျောက်ဖြစ်ရုပ်ကြွင်းနောက်ကွယ်က သိပ္ပံအချက်အလက်တွေကို နက်ရှိုင်းစွာ ဖော်ထုတ်ဖို့၊ သက်ရှိဆင့်ကဲတိုးတက်လာမှုရဲ့ ပိုမိုများပြားတဲ့ လျှို့ဝှက်ချက်တွေကို စူးစမ်းရှာဖွေဖို့ ဆွဲဆောင်သွားပြီး ချိန်ကျန်း ကျောက်ဖြစ်ရုပ်ကြွင်းဒေသ ကမ္ဘာ့အမွေအနှစ်မှာ ပါဝင်နေတဲ့ ဂေဟ၊ ယဉ်ကျေးမှု၊ ယဉ်ကျေးမှုခရီးသွားလာရေး၊ သိပ္ပံပညာပေး၊ သုတေသန လေ့လာသင်ယူမှု စတဲ့ ကဏ္ဍစုံမှာ ကြီးမားတဲ့တန်ဖိုးတွေကို ပိုမိုကျယ်ပြန့်တဲ့ ပြင်ပလျှံထွက်မှုရလဒ်များ ပေါ်ထွက်လာအောင် လုပ်ဆောင်ရပါမယ်” ဟု ချိန်ကျင်းကျောက်ဖြစ်ရုပ်ကြွင်းဒေသ ကမ္ဘာ့ သဘာဝအမွေအနှစ် စီမံခန့်ခွဲမှု ကေ

ာ်မတီ ပါတီအဖွဲ့ အတွင်းရေးမှူး ကျန်းဟုန်စန်းက ပြောကြားခဲ့သည်။
ဖိုရမ်တက်ရောက်လာသော တရုတ်ပြည်တွင်းပြည်ပ ဧည့်သည်တော်များက ကမ္ဘာ့အမွေအနှစ်ကာကွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအား တွန်းအားပေးဖော်ဆောင်ခြင်းသည် သမိုင်းနှင့်အနာဂတ်အား ဆက်သွယ်ပေးသော၊ ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးအား ချိတ်ဆက်ပေးသော ကြီးမားသည့်လုပ်ငန်းတစ်ခုဖြစ်ပြီး အမွေအနှစ်များကို “လက်ရှိတွင် နေထိုင်ကာ အနာဂတ်တွင် တောက်ပ” လာစေမည်ဖြစ်ကြောင်း၊ ယင်းသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ တူညီသည့် ရင်တွင်းစကားသံများဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————
(Chinese Version)
中外嘉宾共话全球南方世界遗产的保护与发展
新华社昆明9月7日电 抚仙湖畔激荡文明对话,帽天山下汇聚南方共识。7日下午,由新华社、云南省委省政府共同主办的2025全球南方媒体智库高端论坛举行平行分论坛,来自全球南方24个国家的120余名中外嘉宾来到云南澄江,围绕世界遗产的保护与发展主题,展开深入研讨。
“云南拥有6项世界遗产,数量居全国第二,其中普洱景迈山古茶林文化景观是全球首个茶主题世界文化遗产。”云南省委常委、宣传部部长曾艳说,这些世界遗产需要共同守护,坚持保护第一、重视挖掘转化、深化交流合作,让全人类的文化和自然瑰宝“活起来”,成为文明互鉴的“连心桥”。
“世界遗产的可持续发展,是一项系统工程。离不开各方协作,特别是媒体的积极助力。”新华社副社长袭艳春表示,作为中国国家通讯社和世界性通讯社,新华社将继续加强与全球南方国家政府、媒体、智库等各方合作,推动保护共识不断凝聚、传承理念深入人心。
从蒲甘佛塔、仰光大金塔讲到伊洛瓦底江、茵莱湖,以当地的自然与文化资源为例,缅甸战略与国际研究所执行主任戈戈貌认为,全球南方国家应将遗产保护纳入国家发展战略,充分激发百姓的遗产保护积极性,不断加强国际合作,为子孙后代筑牢遗产保护屏障。
“全球南方的文明遗产流淌在丝绸之路、黄河与伏尔加河河道,镌刻在印度典籍与中国哲学中,回荡于口传史诗与阿拉伯商队行进的古道之间。”印度新德里智库和研究中心主席罗宾德·萨奇德夫感叹,全球南方的世界遗产或许已被列入名录,但其思维方式却尚未纳入全球叙事。改变话语体系失衡现象,必须要发出“南方声音”。
“仅仅是保护还不够。还要让遗产充满活力,融入现代生活。”阿曼马斯喀特传媒集团首席执行官法迪·雷蒙德·卡塔尔坦言,文化遗产唯有与年轻一代产生共鸣,方能永续传承。在数字时代,全球南方国家应用好社交媒体、影视、游戏等媒介,让传统文化焕发新生。
大埃及博物馆研究员阿拉·凯里分享了自己的工作实践。“博物馆的魅力远不止于宏伟展厅与巍峨雕像,我们专门建了儿童博物馆,希望每个踏入这里的孩子都能爱上古埃及文明——不是通过说教,而是通过故事、实验、游戏、科技与探索。”阿拉·凯里说。
分论坛举办地云南澄江,有被誉为“20世纪最惊人的发现之一”的亚洲唯一化石类世界遗产——澄江化石地。“我们将进一步推进更高水平的对外交流合作,吸引更多顶尖科研人才投身澄江化石地研究,深入挖掘化石背后的科学信息,探索生命演化的更多奥秘,不断让蕴含在澄江化石地世界遗产中的生态、文化、文旅、科普、研学等多方面的巨大价值产生更加广泛的外溢效应。”澄江化石地世界自然遗产管理委员会党组书记金宏森说。
与会中外嘉宾表示,推动世界遗产的保护与发展,是一项贯通历史与未来、沟通本土与全球的宏伟事业,让遗产“活在当下、闪耀未来”,这是全球南方国家的共同心声。(完)
图说1:这是9月7日拍摄的全球南方世界遗产论坛现场。新华社记者 陈欣波 摄