Connect with us

China

ကူမင်းခွေး “ရဲခွေးလေ့ကျင့်ရေးသင်တန်းကျောင်း” အား သွားရောက်လေ့လာခြင်း

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်း‌မြို့ရှိ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ကူမင်းရဲခွေးစခန်း၌ ဆော့ကစားနေသော ကူမင်းခွေးပေါက်လေးများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ကူမင်းရဲခွေးစခန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်း‌မြို့ ဖန်လုန်ခရိုင်၌ တည်ရှိပြီး ၁၉၅၀ ပြည့်လွန်နှစ်များမှစ၍ ကူမင်းခွေးများကို စနစ်တကျ လေ့ကျင့်ပေးမှုများ လုပ်ဆောင်ခဲ့သည်။
ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သည့် သိပ္ပံနည်းကျရွေးချယ်ပျိုးထောင်မှုနှင့် လက်တွေ့စစ်ဆင်ရေးတွင် လေ့ကျင့်မှုများ လုပ်ဆောင်ပြီးနောက် ကူမင်းခွေးအမျိုးအစားသည် ပြည်သူ့လုံခြုံရေး၊ အရေးပေါ်ကယ်ဆယ်ရေး၊ အကောက်ခွန် မှောင်ခိုတိုက်ဖျက်ရေး စသည့်ကဏ္ဍများတွင် ကဏ္ဍစုံကျွမ်းကျင်သူဖြစ်လာပြီး အနံ့ခံအတည်ပြုမှု၊ ခြေရာခံလိုက်လံမှု၊ ပစ္စည်းသက်သေရှာဖွေမှု၊ အကြမ်းဖက်တိုက်ဖျက်ရေးနှင့် အရေးပေါ်ကိစ္စရပ်များအား ကိုင်တွယ်စီမံမှု၊ အရေးပေါ်ကယ်ဆယ်ရေး စသည့် ကျွမ်းကျင်တာဝန်များ၌ အံ့ဖွယ်အောင်မြင်မှုများစွာ ထမ်းဆောင်ခဲ့သည်။
အဆိုပါ ရဲခွေးအခြေစိုက်စခန်းသည် ဒေသတွင်းရဲခွေးအမျိုးအစားကို နက်ရှိုင်းစွာဖော်ထုတ်၍ အသုံးပြုကာ ကူမင်းခွေး ပူးတွဲပျိုးထောင်ခြင်းစနစ်အား တည်ဆောက်ခဲ့သည်။ ကူမင်းခွေးများအား ကိုယ်ပိုင်သုတေသနပြုလေ့လာပြီး မိတ်ဆက်ပေးခြင်းဖြင့် တရုတ်ရဲခွေးလုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ် တွန်းအားပေးဖော်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်း‌မြို့ရှိ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ကူမင်းရဲခွေးစခန်း၌ နည်းပြက ကူမင်းခွေးတစ်ကောင်အား လေ့ကျင့်ပေးနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်း‌မြို့ရှိ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ကူမင်းရဲခွေးစခန်း၌ နည်းပြက ကူမင်းခွေးတစ်ကောင်အား ပေါက်ကွဲရေးပစ္စည်းရှာဖွေမှု လေ့ကျင့်ရေး လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
探访昆明犬“汪汪队警校”
新华社照片,昆明,2026年1月9日
公安部昆明警犬基地坐落于云南省昆明市盘龙区,自20世纪50年代开始系统培育昆明犬。经过数十年科学选育和实战淬炼,昆明犬已成为公安、应急救援、海关缉私等领域的“多面手”,在气味鉴别、迹线追踪、物证搜索、反恐处突、应急救援等专业岗位上屡立奇功。
据了解,该警犬基地深度挖掘利用本土警用犬种,初步构建了昆明犬联合育种体系,通过对昆明犬的自主研发推广,持续推动中国警犬事业高质量发展。
1、1月5日,昆明犬幼犬在公安部昆明警犬基地玩耍。 新华社记者 高咏薇 摄
2、1月5日,训导员与一只昆明犬在互动。新华社记者 高咏薇 摄
3、训导员带领一只昆明犬进行搜爆训练(2025年12月29日摄)。新华社记者 高咏薇 摄