Connect with us

China

အမေရိကန်လူငယ် ပညာရေးဖလှယ်မှုအဖွဲ့၏ တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်သော ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများထံ ရှီကျင့်ဖိန် ပြန်စာရေးသား

ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami Diamond Pilot Academy ၊ ဖလော်ရီဒါတက္ကသိုလ်၊ Miami Dade College တို့ဖြင့် ဖွဲ့စည်းထားသော လူငယ် ပညာရေးဖလှယ်မှုအဖွဲ့၏ တရုတ်နိုင်ငံခရီးစဉ်လာရောက်သော ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများထံသို့ ဇန်နဝါရီ ၇ ရက်တွင် ပြန်စာရေးသားပေးပို့ခဲ့သည်။
ထိုပြန်စာတွင် ရှီကျင့်ဖိန်က ဖလှယ်မှုအဖွဲ့၏ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူအနေဖြင့် တရုတ်နိုင်ငံတွင် ပျော်ရွှင်၍ အတွေ့အကြုံများစွာရရှိခဲ့သော ခရီးစဉ်အား ဖြတ်သန်းခဲ့သည်ကို ကြားသိရသည့်အတွက် များစွာ ဝမ်းမြောက်မိကြောင်း၊ တရုတ်ယဉ်ကျေးမှုအပေါ် သင်တို့၏ များစွာစိတ်ဝင်စားမှုနှင့် စိတ်ရင်းစေတနာအမှန်ဖြင့် သံယောဇဉ်များကို ခံစားရကြောင်း ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေး၏ မျှော်လင့်ချက်သည် ပြည်သူများလက်ထဲတွင်ရှိပြီး အနာဂတ်သည် လူငယ်များလက်ထဲတွင်ရှိကြောင်း ရှီကျင့်ဖိန်က ထောက်ပြပြောကြားခဲ့သည်။
“၅ နှစ်အတွင်း အမေရိကန်လူငယ် ၅ သောင်း တရုတ်နိုင်ငံသို့ လာရောက်ဖလှယ်သင်ယူရန် ဖိတ်ခေါ်ခြင်း” အဆိုပြုချက်အား စတင်သည့်အချိန်မှစ၍ အမေရိကန်လူငယ်ပေါင်း ၄၀,၀၀၀ ကျော် တက်ကြွစွာ ပါဝင်ခဲ့ရာ ၎င်းတို့က စစ်မှန်သော တရုတ်နိုင်ငံအကြောင်း နားလည်သိရှိရန်အတွက် ပြတင်းပေါက် တစ်ချပ်ဖွင့်ပေးလိုက်သလို နှစ်နိုင်ငံချစ်ကြည်ရေး ရှေ့ဆက်ရန်အတွက် ပေါင်းကူးတံတားတစ်စင်း တည်ဆောက်ပေးလိုက်ကြောင်း၊ ယင်းမှာ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-အမေရိကန် နှစ်နိုင်ငံပြည်သူများ၏ ဆန္ဒဖြစ်သည်ကို အပြည့်အဝဖော်ပြနေကြောင်း၊ တရုတ်-အမေရိကန် ချစ်ကြည်ရေးလုပ်ငန်းတွင် အမေရိကန်လူငယ်များစွာ ပိုမိုပါဝင်လာပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၏ ခေတ်သစ်သံတမန်အဖြစ် ထမ်းဆောင်ကာ တရုတ်-အမေရိကန် ပြည်သူအချင်းချင်း သွားလာဆက်ဆံရေး မြှင့်တင်မှုနှင့် နှစ်ဖက်ဆက်ဆံရေး တိုးတက်မှုကို တွန်းအားပေးရန်အတွက် ပိုမိုကြီးမားသော အကျိုးကိုထမ်းဆောင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လတ်တလောရက်ပိုင်းတွင် အမေရိကန်လူငယ် ပညာရေးဖလှယ်မှုအဖွဲ့၏ တရုတ်နိုင်ငံသို့ ခရီးစဉ် လာရောက်သော ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများက သမ္မတ ရှီကျင့်ဖိန်ထံသို့ စာရေးသား ပေးပို့၍ ၂၀၂၅ ခုနှစ် အောက်တိုဘာလ တရုတ်နိုင်ငံခရီးစဉ်အတွေ့အကြုံများအား ပြန်လည်အောက်မေ့ပြောကြားခဲ့ပြီး သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော “၅ နှစ်အတွင်း အမေရိကန်လူငယ် ၅ သောင်း တရုတ်နိုင်ငံသို့ လာရောက် ဖလှယ်သင်ယူရန် ဖိတ်ခေါ်ခြင်း” အဆိုပြုချက်သည် နှစ်နိုင်ငံလူငယ်များ အပြန်အလှန် နားလည်သိရှိမှုကို မြှင့်တင်ရန်အတွက် အဖိုးတန်သော အခွင့်အလမ်း ပံ့ပိုးပေးခဲ့မှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
习近平复信美国青少年教育交流团访华师生
新华社北京1月11日电 1月7日,国家主席习近平复信由美国佛罗里达州迈阿密钻石领航学院、佛罗里达大学、迈阿密戴德学院组成的青少年教育交流团访华师生。
习近平表示,很高兴得知交流团师生在中国度过了一段愉快又充满收获的旅程,感受到你们对中华文化的浓厚兴趣和真挚情感。
习近平指出,中美关系的希望在人民、未来在青年。“5年邀请5万名美国青少年来华交流学习”倡议启动以来,有超过4万名美国青少年积极参与,为他们认识真实的中国打开了一扇窗,为赓续两国人民友谊搭建起一座桥。这充分说明,开展友好交流合作是中美两国民心所向。期待更多美国青少年加入到中美友好事业中来,做两国友好的新一代使者,为增进中美人文交往和推动双边关系发展作出更大贡献。
近日,美国青少年教育交流团访华师生致信习近平主席,回顾2025年10月访华经历,感谢习近平主席提出的“5年5万”倡议为加强两国青少年相互理解提供了宝贵机会。(完)