Connect with us

China

“Will for Peace 2026” ပင်လယ်ပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကျင်းပ

ကိပ်တောင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

“Will for Peace 2026” ပင်လယ်ပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကို တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့ Simonstown ဆိပ်ကမ်းတွင် ဒေသစံတော်ချိန် ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ တရုတ်၊ ရုရှား၊ တောင်အာဖရိက စသည့် BRICS အဖွဲ့ဝင်နိုင်ငံများက လေ့ကျင့်မှုတွင် ပါဝင်ခဲ့သည်။

ယခုအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို “အဓိကရေကြောင်းပို့ဆောင်ရေးလမ်းကြောင်းနှင့် စီးပွားရေးလှုပ်ရှားမှု လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းသည့် ပူးတွဲလှုပ်ရှားမှု” ဟူသော ခေါင်းစဉ်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံဘက်က စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် စေလွှတ်သည့် စစ်သည်အင်အားများတွင် ရေတပ် အမှတ် ၄၈ လိုက်ပါပို့ဆောင်သည့်ရေယာဉ်အုပ်စု၏ ထန်ဆန်း ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော၊ ထိုက်ဟူ ဘက်စုံထောက်ပို့ရေးသင်္ဘော၊ သင်္ဘောပေါ်၌တင်ဆောင်ထားသော ရဟတ်ယာဉ် ၁ စင်း၊ အထူးတပ်ဖွဲ့ဝင် ဒါဇင်နှင့်ချီ ပါဝင်သည်။

ပူးတွဲလေ့ကျင့်မှုကို ဇန်နဝါရီ ၉ ရက်မှ ၁၆ ရက်အထိ တောင်အာဖရိကနိုင်ငံ Simonstown အနီးရှိ ပင်လယ်ပြင်နှင့် လေပိုင်နက်တွင် စုဖွဲ့စီစဉ် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ ၎င်းတို့အနက် ဇန်နဝါရီ ၉ ရက်မှ ဇန်နဝါရီ ၁၂ ရက်သည် ဆိပ်ကမ်းအဆင့် ဖြစ်ပြီး အဓိကအားဖြင့် ပူးတွဲလေ့ကျင့်ရေးဖွင့်ပွဲ၊ ရေယာဉ်လေ့လာရေး၊ ယဉ်ကျေးမှုအစီအစဉ်၊ ကျွမ်းကျင်နည်းပညာဖလှယ်ရေး စသည့် အစီအစဉ်များ ကျင်းပသွားမည်ဖြစ်သည်။ ဇန်နဝါရီ ၁၃ ရက်မှ ဇန်နဝါရီ ၁၅ ရက်သည် ပင်လယ်ပြင်အဆင့် ဖြစ်ပြီး တရုတ်ရေတပ်ရေယာဉ်များသည် လေ့ကျင့်မှုတွင် ပါဝင်သည့် နိုင်ငံအသီးသီးမှ ရေယာဉ်များနှင့်အတူ ဆက်သွယ်ရေးစီမံလေ့ကျင့်ခြင်း၊ စုဖွဲ့လှုပ်ရှားခြင်း၊ ပင်လယ်ပြင်တွင်တိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခံရသော သင်္ဘောများကို ကယ်ဆယ်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ဒဏ်ရာရသူများအား ရွှေ့ပြောင်းပေးခြင်း စသည့် အစီအစဉ်များကို လေ့ကျင့်သွားမည်ဖြစ်ကာ ဇန်နဝါရီ ၁၆ ရက်တွင် ပိတ်ပွဲအခမ်းအနား ကျင်းပမည် ဖြစ်သည်။

စစ်ရေးပူးတွဲလေ့ကျင့်မှုသည် လေ့ကျင့်မှု၌ပါဝင်သော နိုင်ငံအသီးသီး စစ်ရေးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး နက်ရှိုင်းစေရန်၊ ပင်လယ်ပြင်ခြိမ်းခြောက်မှုများအား အတူတကွ ကိုင်တွယ်စီမံနိုင်စွမ်းကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)

—————–
(Chinese Version)
“和平意志-2026”海上联合演习举行开幕式
新华社开普敦1月11日电(孙刚政 杜江帆)当地时间1月10日上午,“和平意志-2026”海上联合演习开幕式在南非开普敦西蒙斯敦港举行,中国、俄罗斯、南非等金砖成员国参演。
此次联演以“维护重要航运通道和经济活动安全的联合行动”为课题,中方派出的参演兵力包括海军第48批护航编队的导弹驱逐舰唐山舰、综合补给舰太湖舰,携舰载直升机1架,以及数十名特战队员。
据了解,联演于1月9日至16日位南非西蒙斯敦附近海空域组织实施。其中,1月9日至1月12日是港岸阶段,主要进行联演开幕式、舰艇参观、文体活动、专业技术交流等项目;1月13日至1月15日是海上阶段,中国海军舰艇将与各国参演舰艇围绕通信操演、编队运动、对海打击、解救被劫持船舶、直升机转运救治伤病员等科目开展演练;1月16日,将举行闭幕式。
联演旨在进一步深化参演各国军事交流合作,提高共同应对海上威胁能力。(完)