Connect with us

China

၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေး – “နှင်းနဂါး” သင်္ဘောကြီး နယူးဇီလန်နိုင်ငံ Lyttelton ဆိပ်ကမ်းသို့ ရောက်ရှိ

ချင်လျင်စခန်းပင်လယ်ပြင်တွင် “နှင်းနဂါး” အန္တာတိကစူးစမ်းလေ့လာရေး ရေခဲခွဲသင်္ဘောကြီးအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နှင်းနဂါး၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးမစ်ရှင်ကို တာဝန်ထမ်းဆောင်နေသော “နှင်းနဂါး” သင်္ဘောကြီးသည် နယူးဇီလန်နိုင်ငံ Lyttelton ဆိပ်ကမ်းသို့ ပေကျင်းစံတော်ချိန် ဇန်နဝါရီ ၁၁ ရက်တွင် ရောက်ရှိခဲ့ပြီး ထောက်ပံ့ပို့ဆောင်ရေးပစ္စည်းများဖြည့်တင်းခြင်းနှင့် ဝန်ထမ်းအလှည့်ကျလဲလှယ်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

ထိုမတိုင်မီ “နှင်းနဂါး” သင်္ဘောကြီးသည် ကျုံးဆန်းစခန်းနှင့် ချင်လျင်စခန်း၏ အထောက်အပံ့ပစ္စည်း သင်္ဘောကုန်ချပို့ဆောင်ခြင်းနှင့် စခန်းပေါ်သို့ ဝန်ထမ်း ပို့ဆောင်ပေးခြင်း လုပ်ငန်းများကို ပြီးစီးခဲ့ပြီဖြစ်သလို တောင်ကိုရီးယားနိုင်ငံ Jang Bogo စခန်းမှ စူးစမ်းလေ့လာရေးအဖွဲ့ဝင် ၂၁ ဦးကို တင်ဆောင်ပေးကာ ၎င်းတို့အား Lyttelton ဆိပ်ကမ်းသို့ ကူညီပို့ဆောင်ပေးခဲ့သည်။ ယခုအကြိမ် ဆိပ်ကမ်းကပ်သည့်ကာလတွင် “နှင်းနဂါး” သင်္ဘောကြီးသည် သမုဒ္ဒရာ စူးစမ်းလေ့လာရေးအဖွဲ့ဝင် ၃၄ ဦးကို တင်ဆောင်မည်ဖြစ်ပြီး လောင်စာဆီ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စသည့် ထောက်ပံ့ပို့ဆောင်ရေးပစ္စည်းများ ဖြည့်တင်းသွားမည် ဖြစ်သည်။

လက်ရှိတွင် စူးစမ်းလေ့လာရေးစခန်း အသီးသီး၊ ကုန်းတွင်းအဖွဲ့၏ သိပ္ပံသုတေသလုပ်ငန်းအသီးသီးသည် ဘက်စုံ လုပ်ဆောင်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးအဖွဲ့မှ သိရသည်။ နောက်တစ်ဆင့်အနေဖြင့် “နှင်းနဂါး” သင်္ဘောကြီးသည် Amundsen ပင်လယ်သို့ သွားရောက်၍ စူးစမ်းလေ့လာရေးမစ်ရှင်များ ထမ်းဆောင်မည် ဖြစ်ရာ ဇီဝဂေဟ၊ ရေနေပတ်ဝန်းကျင်၊ အနည်ကျပတ်ဝန်းကျင်၊ လေထုပတ်ဝန်းကျင်နှင့် ညစ်ညမ်းပစ္စည်းများ ဖြန့်ကြက်မှုများကို ဘက်စုံ စစ်ဆေးစောင့်ကြည့်စမ်းသပ်သွားမည် ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးကို တရုတ်နိုင်ငံ သဘာဝအရင်းအမြစ် ဝန်ကြီးဌာနမှ စီစဉ်ခြင်း ဖြစ်ပြီး စူးစမ်းလေ့လာရေးမစ်ရှင်ထမ်းဆောင်ရန်အတွက် သင်္ဘောနှစ်စင်း စေလွှတ်ခဲ့သည်။ လက်ရှိတွင် အခြားသင်္ဘောတစ်စင်းဖြစ်သည့် “နှင်းနဂါး-၂” သည် ချီလီနိုင်ငံ ပန်တာအရီနက်စ်ဆိပ်ကမ်းတွင် ဝန်ထမ်းအလှည့်ကျလဲလှယ်ခြင်းနှင့် ထောက်ပို့ရေးပစ္စည်းများ ဖြည့်တင်းခြင်းကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီဖြစ်ရာ မဟာတံတိုင်းစခန်းသို့ သွားရာလမ်းတွင် ရှိနေကြောင်း သိရသည်။ (Xinhua)

——————
(Chinese Version)
第42次南极考察|“雪龙”号停靠新西兰利特尔顿港
新华社“雪龙”号1月11日电(记者顾天成)北京时间11日,执行中国第42次南极考察任务的“雪龙”号停靠新西兰利特尔顿港,开展物资补给和人员轮替工作。
此前,“雪龙”号已完成中山站和秦岭站的物资卸运和人员上站工作,并接上21名韩国张保皋站的考察队员,帮助运送他们到利特尔顿港。此次靠港期间,“雪龙”号将接上34名大洋考察队员,补充燃油、蔬菜、水果等物资。
记者从中国第42次南极考察队获悉,目前各考察站、内陆队各项科研工作已全面开展。接下来,“雪龙”号将前往阿蒙森海执行考察任务,开展生物生态、水体环境、沉积环境、大气环境及污染物分布综合调查监测。
中国第42次南极考察由自然资源部组织,派出2艘船执行考察任务。目前,另一艘船“雪龙2”号已完成智利蓬塔港人员轮替和物资补给,正在前往长城站途中。(完)
1. 2025年12月29日在秦岭站海域拍摄的“雪龙”号极地科考破冰船。新华社记者 顾天成 摄