Connect with us

China

တရုတ်နိုင်ငံ ရိဝူးတွင် “ငိုမဲ့မဲ့မြင်း” အရုပ်လေးက မထင်မှတ်ဘဲ ရေပန်းစားလာ

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ရိဝူးမြို့ရှိ နိုင်ငံတကာ ကုန်သွယ်စီးပွားမြို့ ကလေးကစားစရာ အရောင်းဇုန်အတွင်း၌ “ခိုင်းရှင်းကျယ်မေ့” ဈေးဆိုင်တာဝန်ခံ ကျန်းဟော်ချင်းက ၎င်းရောင်းချသော “ငိုမဲ့မဲ့မြင်း” အရုပ်လေးအား ပြသနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရိဝူး (ကျဲ့ကျန်း)၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ရိဝူးမြို့၌ “ငိုမဲ့မဲ့မြင်း” ဟု အမည်ရသည့် မြင်းအရုပ်လေးသည် အွန်လိုင်းတွင် မထင်မှတ်ဘဲ ရေပန်းစားသွားခဲ့ပြီး နှစ်သစ်အစ၌ ရိဝူးဈေးကွက်တွင် လူကြိုက်များသည့် ထုတ်ကုန် ဖြစ်လာခဲ့သည်။ ဈေးဆိုင်အမှာစာများ အဆများစွာ တိုးပွားသွားခဲ့သောကြောင့် လိုအပ်ချက်အား ဖြည့်ဆည်းပေးရန် စက်ရုံတွင်လည်း ထုတ်လုပ်ရေးလိုင်းများ အရေးပေါ်ထပ်တိုးထုတ်လုပ်ခဲ့ရကြောင်းသိရသည်။
မူလက အပြစ်အနာအဆာပါသော ထုတ်ကုန်ဖြစ်သည့် “ငိုမဲ့မဲ့မြင်း” သည် ၎င်း၏ သနားစဖွယ် မျက်နှာအသွင်အပြင်ကြောင့် လူအများအား နှစ်သိမ့်ဖွယ်ဖြစ်စေသလို စိတ်ဖိစီးမှုများကိုပါ ပြေပျောက်စေသဖြင့် မထင်မှတ်ဘဲ အင်တာနက်အသုံးပြုသူများ၏ နှလုံးသားကိုထိမိသွားစေကာ သာမန်အရုပ်လေးမှ လူကြိုက်များရေပန်းစားသောအရုပ် ဖြစ်လာခဲ့သည်။ လက်ရှိတွင် “ငိုမဲ့မဲ့မြင်း” ၏ နေ့စဉ်အမှာစာပမာဏသည် ၂၀,၀၀၀ နီးပါးရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ရိဝူးမြို့ရှိ နိုင်ငံတကာ ကုန်သွယ်စီးပွားမြို့ ကလေးကစားစရာ အရောင်းဇုန်အတွင်း၌ “ငိုမဲ့မဲ့မြင်း” အရုပ်လေးအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ရိဝူးမြို့ရှိ နိုင်ငံတကာ ကုန်သွယ်စီးပွားမြို့ ကလေးကစားစရာ အရောင်းဇုန်အတွင်း၌ ဖင်လန်နိုင်ငံ ကုန်သည်က “ငိုမဲ့မဲ့မြင်း” အရုပ်လေးနှင့် အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
浙江义乌:“哭哭马”意外走红成爆款玩具
新华社照片,义乌(浙江),2026年1月12日
日前,在浙江义乌,一款被称为“哭哭马”的小马公仔玩具在网络上意外走红,成为新年以来义乌市场的爆款产品。市场经营户订单暴增,工厂紧急增加生产线应对需求。
本属瑕疵品的“哭哭马”,因其委屈巴巴的表情既治愈又解压,意外戳中网友,从普通公仔一跃成为爆款。目前,“哭哭马”每天订单数量近2万个。
1、1月12日,在浙江义乌市国际商贸城一区玩具销售区,市场经营户“开心姐妹”负责人张火清展示销售的“哭哭马”小马公仔玩具。 新华社发(吕斌摄)
2、1月12日在浙江义乌市国际商贸城一区玩具销售区拍摄的“哭哭马”小马公仔玩具。新华社发(吕斌摄)
3、1月12日,在浙江义乌市国际商贸城一区玩具销售区,来自芬兰的外商与“哭哭马”小马公仔玩具合影。新华社发(吕斌摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.