China
“မယ်လိုဒီကာတစ်ခု တူရိယာမျိုးစုံ” သင်ကြားမှုဖြင့် တရုတ်နိုင်ငံ ကျေးလက်မူလတန်း ကျောင်းသား၊ ကျောင်းသူများ၏ ဂီတစွမ်းရည်မြှင့်တင်ရေးအား အထောက်အကူပြု
ချန်ရှား၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)
လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့ နန်ရှန့်ခရိုင်၌ ကျေးလက်မူလတန်းကျောင်းများ၏ ဂီတသင်ကြားရေးအပေါ် ပံ့ပိုးပေးမှုကို မြှင့်တင်ခဲ့ပြီး မယ်လိုဒီကာ (Melodica) တူရိယာကို အဓိကထားကာ အသေးစားတူရိယာမျိုးစုံဖြင့် ညှိနှိုင်းဖော်ဆောင်သည့် “မယ်လိုဒီကာတစ်ခု တူရိယာမျိုးစုံ” သင်ကြားရေးနည်းလမ်းကို တည်ဆောက်ခဲ့သည်။
၎င်းနည်းလမ်းတွင် “စွမ်းရည်အခြေခံချခြင်း – ညှိနှိုင်းပူးတွဲတီးမှုတ်ခြင်း – ဆန်းသစ်တီထွင်စွာ တင်ဆက်ဖော်ပြခြင်း” ဟူသည့် အဆင့်သုံးဆင့် အကြောင်းအရာကို ဒီဇိုင်းရေးဆွဲပြီး စည်းချက်ဂိမ်းကစားခြင်း၊ အုပ်စုငယ် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဖန်တီးခြင်းလှုပ်ရှားမှုတို့ကို ပေါင်းစပ်ကာ ကျေးလက် မူလတန်း ကျောင်းသား၊ ကျောင်းသူများ၏ ဂီတစွမ်းရည်ကို မြှင့်တင်ပေးခဲ့သည်။
ဒေသတွင်းတွင် ဂီတဆရာ၊ ဆရာမများအား “ကျေးရွာသို့ ပို့ဆောင်ပေးခြင်း” ယန္တရားနှင့်လည်း ပေါင်းစည်း၍ မူလတန်းကျောင်း အနုပညာရပ်ဆိုင်ရာ ဆရာ၊ ဆရာမအင်အားကို တိုးမြှင့်ကာ မြို့ပြကျေးလက် မသင်မနေရ ပညာရေး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖော်ဆောင်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် နန်ရှန့်ခရိုင် ယိယန်မြို့ ဆန်းရှန်းဟူမြို့နယ် ဗဟိုအလယ်တန်းကျောင်းတွင် “ကျေးရွာသို့ ပို့ဆောင်ပေးခြင်း” ယန္တရားဖြင့် ရောက်ရှိလာသော ဂီတဆရာမက ကျောင်းသား၊ ကျောင်းသူများ စုပေါင်းသံပြိုင်သီဆိုမှု လေ့ကျင့်ရန် သင်ကြားပေးနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် နန်ရှန့်ခရိုင် ယိယန်မြို့ ဆန်းရှန်းဟူမြို့နယ် ဗဟိုအလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများက မယ်လိုဒီကာ တူရိယာ လေ့ကျင့်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)



——————-
(Chinese Version)
湖南南县:“一琴多器”教学助力提升乡村小学生音乐素养
新华社照片,长沙,2026年1月13日
近年来,湖南省益阳市南县加大对乡村小学音乐教育的支持力度,构建以口风琴为核心、多种小乐器协同的“一琴多器”教学模式,通过设计“技能奠基—协作合奏—创意表达”三阶内容,融入节奏游戏、小组合作与创编活动,提升乡村小学生的音乐素养。当地还结合音乐教师“送教下乡”机制,增加小学美育教育师资力量,促进城乡义务教育均衡发展。
图说1:1月13日,在南县三仙湖镇中心小学,该校音乐老师(左三)指导学生练习口风琴。 新华社记者 陈思汗 摄
图说2:1月13日,在南县三仙湖镇中心小学,“送教下乡”音乐老师指导学生练习合唱。新华社记者 陈思汗 摄
图说3:1月13日,在南县三仙湖镇中心小学,学生在练习口风琴。新华社记者 陈思汗 摄
