China
၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ၏ စွမ်းအင်သစ်မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှု ပမာဏ နှစ်ခုလုံး အစီးရေ ၁၆ သန်းကျော်လွန်
ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှု ပမာဏ နှစ်ခုလုံးမှာ အစီးရေ ၃၄ သန်းကျော်ဖြင့် သမိုင်းစံချိန်သစ် ထပ်မံတင်ခဲ့ကြောင်း တရုတ်မော်တော်ကားထုတ်လုပ်သူများအသင်း (CAAM) ၏ ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများ၌ ဖော်ပြထားသည်။ စွမ်းအင်သစ်မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှု ပမာဏ နှစ်ခုလုံးအနေဖြင့် အစီးရေ ၁၆ သန်းကျော် ရှိရာ ပြည်တွင်း ကားသစ်ရောင်းချမှုပမာဏတွင် စွမ်းအင်သစ်မော်တော်ယာဉ်သည် ၅၀ ရာခိုင်နှုန်းကျော် နေရာယူထားကြောင်း သိရသည်။
အသေးစိတ်ကြည့်မည်ဆိုလျှင် ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှုသည် အစီးရေ ၃၄.၅၃၁ သန်းနှင့် ၃၄.၄ သန်း အသီးသီး ရှိပြီး ယမန်နှစ်ကာလတူထက် ၁၀.၄ ရာခိုင်နှုန်းနှင့် ၉.၄ ရာခိုင်နှုန်း တိုးတက်လာရာ ကမ္ဘာ့နံပါတ်တစ်အဖြစ် ၁၇ နှစ်ဆက်တိုက် ရပ်တည်ခဲ့သည်။ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှုသည် ၃ နှစ်ဆက်တိုက် အစီးရေ သန်း ၃၀ ကျော်ပမာဏတွင် ထိန်းထားခဲ့သည်။
မောင်းနှင်အားသစ်များ အရှိန်အဟုန်ဖြင့် ထုတ်လွှတ်လျက်ရှိရာ စွမ်းအင်သစ်မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှုသည် အစီးရေအားဖြင့် ၁၆.၆၂၆ သန်းနှင့် ၁၆.၄၉ သန်း အသီးသီး ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၂၉ ရာခိုင်နှုန်းနှင့် ၂၈.၂ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ပြီး ကမ္ဘာ့နံပတ်တစ်အဖြစ် ၁၁ နှစ်ဆက်တိုက် ရပ်တည်ခဲ့သည်။
“တရုတ်နိုင်ငံရဲ့ မော်တော်ယာဉ်လုပ်ငန်းဟာ ကြီးမားတောင့်တင်းတဲ့ ဖွံ့ဖြိုးတိုးတက်မှု ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ရှင်သန်စွမ်းအားကို ဆက်လက်ပြသနေပါတယ်။ စံချိန်စံညွှန်းများစွာက ထပ်ပြီး စံချိန်သစ်တင်ခဲ့ရာ ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကို အောင်မြင်ပြီးမြောက်အောင် အဆုံးသတ်နိုင်ခဲ့တယ်” ဟု CAAM ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ချန်စစ်ဟွာက ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် “သစ်လွင်ရေးနှစ်ရပ်” မူဝါဒကို မြှင့်တင်တိုးချဲ့ခဲ့ရာ ကုမ္ပဏီလုပ်ငန်းများ၏ ကုန်ပစ္စည်းအသစ်များသည် ဈေးကွက်သို့ ခပ်စိပ်စိပ် ရောက်ရှိလာပြီး စားသုံးသူ ဝယ်လိုအားကို စဉ်ဆက်မပြတ် ဖော်ထုတ်လိုက်ရာ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှုသည် ခန့်မှန်းခြေတိုးတက်နှုန်းထက် ကျော်လွန်အောင် ဖော်ဆောင်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ခရီးသည်တင်ကားဈေးကွက် တည်ငြိမ်စွာ တိုးတက်လျက်ရှိရာ တစ်နှစ်ပတ်လုံး ထုတ်လုပ်မှုနှင့် ရောင်းချမှု ပမာဏ နှစ်ခုလုံးမှာ အစီးရေ သန်း ၃၀ ကျော်ခဲ့ကြောင်း၊ တရုတ်အမှတ်တံဆိပ် ခရီးသည်တင်ကား ရောင်းအားသည် ၆၉.၅ ရာခိုင်နှုန်းအထိရှိပြီး ယမန်နှင့်ကာလတူထက် ၄.၃ ရာခိုင်နှုန်းပွိုင့် မြင့်တက်ခဲ့သည်။ တစ်ချိန်တည်းတွင် လုပ်ငန်းသုံးကားဈေးကွက်သည် ပြန်လည်တည်ငြိမ်ပြီး အကောင်းဘက်သို့ ဦးတည်လာရာ ထုတ်လုပ်မှုနှင့် ရောင်းချမှု ပမာဏမှာ အစီးရေ ၄ သန်းကျော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ပြည်ပကုန်သွယ်ရေးတွင် ပိုမိုတောင့်တင်းသည့် ကြံ့ကြံ့ခံနိုင်စွမ်းကို ပြသခဲ့ရာ တစ်နှစ်ပတ်လုံး မော်တော်ယာဉ် တင်ပို့မှု အစီးရေ ၇ သန်းကျော်ရှိပြီး ၎င်းတို့အနက် စွမ်းအင်သစ်မော်တော်ယာဉ်တင်ပို့မှုမှာ အစီးရေ ၂.၆၁၅ သန်းအထိ ရှိခဲ့သည်။ (Xinhua)





———————-
(Chinese Version)
2025年我国新能源汽车产销量双超1600万辆
新华社北京1月14日电(记者唐诗凝)中国汽车工业协会14日发布数据显示,2025年,我国汽车产销量均突破3400万辆,再创历史新高。新能源汽车产销量均超1600万辆,新能源汽车国内新车销量占比突破50%。
具体来看,2025年,我国汽车产销分别完成3453.1万辆和3440万辆,同比分别增长10.4%和9.4%,连续17年稳居全球第一。汽车产销连续三年保持3000万辆以上规模。新动能加快释放,新能源汽车产销分别完成1662.6万辆和1649万辆,同比分别增长29%和28.2%,连续11年位居全球第一。
“我国汽车行业继续展现出强大的发展韧性和活力,多项指标再创新高,实现‘十四五’圆满收官。”中汽协会副秘书长陈士华说,2025年,“两新”政策加力扩围,企业新品密集上市,终端需求持续释放,汽车产销实现超预期增长。
乘用车市场稳健增长,全年产销量均突破3000万辆;中国品牌乘用车销量占有率达69.5%,较去年同期上升4.3个百分点。与此同时,商用车市场回暖向好,产销重回400万辆以上。对外贸易呈现出较强韧性,全年汽车出口超700万辆,其中新能源汽车出口达261.5万辆。(完)
1. 1月14日,在山东港口烟台港,国产汽车从商品车班列中驶出到码头集结等待装船出口(无人机照片)。新华社发(唐克 摄)
