Connect with us

China

၁၉၉၅ ခုနှစ်လွန်ဖွား သကြားလက်မှုပညာရှင်က သကြားလက်မှုပညာလက်ရာ ပြုလုပ်မှုအတွက် အားကောင်းသော ရှင်သန်စွမ်းအား ဖြည့်တင်းပေး

တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ရှီးအန်းမြို့ရှိ သကြားလက်မှုပညာရှင် ကျန်းပေါ်က သကြားလက်မှုပညာလက်ရာ “တောတောင်ရေမြေကြားမှ နဂါး” ပြုလုပ်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

ဇာဂနာဖြင့် သကြားတစ်မျှင်ယူကာ “အရိုး” အပြင်ဘက်တွင် တိကျစွာကပ်ပေးခြင်း၊ လက်ထိပ်ဖျားဖြင့် ပုံသွင်းပေးမှုဖြင့် “နီကျား” ဇာတ်ကောင်ရုပ်၏ “ကြွက်သားများ” တဖြည်းဖြည်း ရုပ်လုံးပေါ်လာခြင်း … တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ရှီးအန်းမြို့မှ အသက် ၂၈ နှစ်အရွယ်ရှိသည့် သကြားလက်မှုပညာရှင် ကျန်းပေါ် (အွန်လိုင်းအမည် “ထန်ပေါ်ဟူ”) ၏ ဗီဒီယိုအတိုထဲတွင် ထိုကဲ့သို့ ခွဲစိတ်ကုသမှုလုပ်ဆောင်ခြင်းဟုပင် ခေါ်ဆိုထိုက်သည့် အနုစိတ်လုပ်ဆောင်ချက်ကြောင့် အစဉ်အလာ သကြားလက်မှုပညာသည် ယခင်ကမရှိခဲ့ဖူးသည့်နည်းဖြင့် အများပြည်သူမြင်ကွင်းသို့ ဝင်ရောက်လာခဲ့သည်။
ကျန်းပေါ်သည် ငယ်စဉ်ကတည်းက သကြားလက်မှုပညာကို နှစ်သက်ခဲ့ပြီး ဆယ်နှစ်ကျော်ကြာ လေ့လာသင်ယူပြီးနောက် ဟိုတယ်အစားအစာ အလှဆင်မှု လုပ်ငန်းမှ အနုပညာဖန်တီးမှုအဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့သည်။ သကြားလက်မှုပညာ၏ အစဉ်အလာအလှဆင်မှု မူဘောင်အား ထင်ရှားစေရန်အလို့ငှာ ၎င်းသည် ခန္ဓာဗေဒအား မိမိဘာသာလေ့လာသင်ယူခဲ့သည့်အပြင် အရိုးပုံစံအား လေ့လာကြည့်ရှုခြင်း၊ ကြက်တောင်ပံအား ခွဲစိတ်ခြင်း စသည်တို့ဖြင့် ကြွက်သားဖွဲ့စည်းပုံကို လေ့လာခဲ့သည်။ ၎င်းသည် အဆိုပါလေ့လာတွေ့ရှိချက်များအား ဖန်တီးမှုအတွင်း ပေါင်းစည်းထည့်သွင်းခဲ့ခြင်းကြောင့် “အတွင်းပိုင်းမှ အပြင်ပိုင်းသို့” တစ်မူထူးခြားသည့် ဖန်တီးမှုစတိုင် ဖြစ်ပေါ်လာခဲ့သည်။
“သကြားလက်မှုပညာရဲ့ တစ်မူထူးခြားတဲ့ ဆွဲဆောင်မှုကို လူပိုများများ တွေ့မြင်လာပြီး ဒီရှေးဟောင်းလက်မှုပညာက သစ်လွင်တဲ့ ရှင်သန်စွမ်းအားတွေ ပေါ်ထွက်လာစေချင်တယ်” ဟု ကျန်းပေါ်က ပြောကြားခဲ့သည်။ အနာဂတ်တွင် ၎င်းအနေဖြင့် ပိုမိုဆန်းသစ်သောအကြောင်းအရာများအား ကြိုးပမ်းစမ်းသပ်လုပ်ဆောင်သွားမည်ဖြစ်ပြီး အစဉ်အလာအကြောင်းအရာများ ထည့်သွင်းခြင်း စသည့်နည်းလမ်းများဖြင့် သကြားလက်မှုပညာ၏ လွတ်လပ်သည့်အနုပညာပုံစံဖြင့် အကန့်အသတ်မဲ့ ဖြစ်နိုင်ခြေများကို ဆက်လက်စူးစမ်းရှာဖွေသွားမည်ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ရှီးအန်းမြို့ရှိ သကြားလက်မှုပညာရှင် ကျန်းပေါ်က သကြားလက်မှုပညာလက်ရာ “နီကျား” အတွက် အရောင်တင်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ရှီးအန်းမြို့ရှိ သကြားလက်မှုပညာရှင် ကျန်းပေါ်က သကြားလက်မှုပညာလက်ရာအတွက် တန်ဆာဆင်ရန် အစိတ်အပိုင်း ပြုလုပ်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

——————-
(Chinese Version)
“95后”糖艺师张勃:为糖艺注入“硬核”生命力
新华社照片,西安,2026年1月14日
镊子夹起一缕糖丝,精准贴合在“骨骼”外侧;指尖轻捻间,“哪吒”的“肌肉”逐渐成型……在28岁的西安糖艺师张勃(网名“糖柏虎”)的短视频里,这种堪比外科手术的精细操作,让传统糖艺以前所未有的方式进入公众视野。
张勃自小喜爱糖艺,历经十余年钻研,从酒店食品装饰领域转入艺术创作。为突破糖艺的传统装饰框架,他自学解剖学,通过观察骨骼模型、解剖鸡翅等来研究肌肉纹理。他将这些观察融入创作,形成了“由内而外”的独特创作风格。
“我想让糖艺的独特魅力被更多人看见,让这门古老手艺迸发出新的活力。”张勃说。未来,他计划尝试更多新颖题材,通过加入传统文化元素等方式,继续探索糖艺作为独立艺术形式的无限可能。
1、糖艺师张勃在制作糖艺作品《山海经应龙》(1月13日摄)。 新华社记者 邹竞一 摄
2、糖艺师张勃在为糖艺作品《哪吒》上色(1月13日摄)。新华社记者 邹竞一 摄
3、糖艺师张勃在制作糖艺装饰零部件(1月13日摄)。新华社记者 邹竞一 摄