Connect with us

China

ဝမ်ရိနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ဂ်ချီ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ပေကျင်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ဂ်ချီ နှင့် ဇန်နဝါရီ ၁၅ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

အာဘတ်စ် အာရက်ဂ်ချီက အီရန်နိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေအား အသိပေးပြောကြားခဲ့ပြီး ယခုကာလများအတွင်း အီရန်၌ဖြစ်ပွားသောအဓိကရုဏ်းများမှာ ပြည်ပအင်အား၏ လှုံ့ဆော်မှုကြောင့် ဖြစ်ကြောင်း၊ လက်ရှိတွင် ပြန်လည်တည်ငြိမ်အေးချမ်းနေပြီဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ အီရန်နိုင်ငံအနေဖြင့် ပြည်ပစွက်ဖက်မှုများကို ကိုင်တွယ်စီမံရန် အသင့်ပြင်ထားပြီးဖြစ်သလို တစ်ချိန်တည်းတွင်ပင် တွေ့ဆုံဆွေးနွေးရေးတံခါးကို ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်း ရည်ရွယ်ချက်နှင့် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရန် အစဉ်သဖြင့် လက်ကိုင်ထားကြောင်း၊ နိုင်ငံတကာဆက်ဆံရေးတွင် လက်နက်အင်အားသုံးခြင်း သို့မဟုတ် လက်နက်အင်အားသုံး ခြိမ်းခြောက်ခြင်းကို ဆန့်ကျင်ကန့်ကွက်ပြီး မိမိနိုင်ငံ၏သဘောဆန္ဒကို အခြားနိုင်ငံတွင် အတင်းအဓမ္မသွတ်သွင်းခြင်းအား ဆန့်ကျင်သလို ကမ္ဘာအား “တောရိုင်းသဘာဝစည်းမျဉ်း” သို့ နောက်ပြန်ဆုတ်စေခြင်းကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

အီရန်အစိုးရနှင့် ပြည်သူများက စည်းလုံညီညွတ်စွာဖြင့် အခက်အခဲများကို ကျော်လွှားကာ နိုင်ငံတည်ငြိမ်ရေးကို ထိန်းသိမ်းပြီး တရားဝင်အကျိုးစီးပွားကို ကာကွယ်နိုင်မည်ဟု တရုတ်နိုင်ငံအနေဖြင့် ယုံကြည်ကြောင်း၊ ဘက်ပေါင်းစုံအနေဖြင့် ငြိမ်းချမ်းရေးကို တန်ဖိုးထားရန်၊ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန်၊ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ကွဲလွဲမှုများကို ဖြေရှင်းရန် မျှော်လင့်ကြောင်း၊ ထို့အတွက် တရုတ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

————————
(Chinese Version)
王毅同伊朗外长阿拉格齐通电话
新华社北京1月15日电 中共中央政治局委员、外交部长王毅15日同伊朗外长阿拉格齐通电话。
阿拉格齐通报了伊朗局势最新进展,强调伊近期骚乱系外部势力煽动所致,目前已恢复平稳。伊方已作好应对外部干涉准备,同时对话大门仍然敞开,期待中方为地区和平稳定发挥更大作用。
王毅表示,中方一贯主张遵守联合国宪章宗旨和国际法,反对在国际关系中使用或威胁使用武力,反对将本国意志强加于别国,反对世界倒退回“丛林法则”。中方相信伊政府和人民将团结一致,克服困难,保持国家稳定,维护正当权益。希望各方珍惜和平,保持克制,通过对话解决分歧,中方愿为此发挥建设性作用。(完)