China
ကျောက်လဲ့ကျိနှင့် ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီ တွေ့ဆုံဆွေးနွေး
ပေကျင်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိသည် ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ကျောက်လဲ့ကျိက ယမန်နှစ် အောက်တိုဘာလတွင် သမ္မတ ရှီကျင့်ဖိန်နှင့် အဆွေတော်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ရာ တရုတ်-ကနေဒါဆက်ဆံရေး တစ်ဆင့်တိုး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီး သဘောတူညီချက် ရရှိခဲ့ပြီး နှစ်ဖက်ဆက်ဆံရေး ပြန်လည်တိုးတက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။
စမှတ်အသစ်တွင် ရပ်တည်လျက် တရုတ်နိုင်ငံအနေဖြင့် ကနေဒါဘက်နှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီးသဘောတူညီချက်အား အကောင်အထည်ဖော်ရန်၊ အပြန်အလှန်၏ အဓိကအကျိုးစီးပွားနှင့် အရေးကြီးဂရုပြုမှုများကို လေးစားရန်၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်းဖလှယ်မှုအား မြှင့်တင်ရန်၊ တရုတ်-ကနေဒါဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာခြင်းကို တွန်းအားပေးရန် လုပ်ဆောင်သွားလိုကြောင်း၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အနေဖြင့် ကနေဒါလွှတ်တော်နှင့်အတူ ချစ်ကြည်ရင်းနှီးစွာ သွားလာဆက်ဆံမှုအား မြှင့်တင်ကာ ဥပဒေပြုရေး၊ ကြီးကြပ်ရေး စသည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ အတွေ့အကြုံဖလှယ်ပြီး ကဏ္ဍစုံလက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုအတွက် ဥပဒေအာမခံပေးမှုများ ပံ့ပိုးပေးသွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
မာ့ခ်ကာနီက ကနေဒါ-တရုတ်ဆက်ဆံရေးသည် လတ်တလောကာလအတွင်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှု ရရှိခဲ့ကြောင်း၊ ကနေဒါဘက်အနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ စွမ်းအင်၊ စိုက်ပျိုးရေး၊ ထောက်ပံ့ရေးကွင်းဆက်၊ လူမှုယဉ်ကျေးမှု စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစွာဖော်ဆောင်ရန်၊ နှစ်နိုင်ငံ ဥပဒေပြုရေးအဖွဲ့အစည်းများ ဖလှယ်မှုကို တိုးမြှင့်ရန်၊ ကနေဒါ-တရုတ်ဆက်ဆံရေးအား ပိုမိုအဆင့်မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
赵乐际会见加拿大总理卡尼
新华社北京1月15日电 全国人大常委会委员长赵乐际15日下午在北京会见加拿大总理卡尼。
赵乐际表示,去年10月,习近平主席同总理先生举行会晤,就推动中加关系进一步改善发展达成重要共识,双边关系实现转圜。站在新起点,中方愿同加方一道,落实两国领导人重要共识,尊重彼此核心利益和重大关切,加强互利合作和人文交流,推动中加关系健康、稳定、可持续发展。中国全国人大愿同加拿大议会加强友好交往,围绕立法、监督等工作开展经验交流,为各领域务实合作提供法律保障。
卡尼表示,加中关系近来取得长足发展。加方坚定奉行一个中国政策,愿同中方深化能源、农业、供应链、人文等领域合作,加强两国立法机构交流,将加中关系提升到更高水平。(完)
图说:1月15日下午,全国人大常委会委员长赵乐际在北京会见加拿大总理卡尼。 新华社记者 张领 摄
