China
ချုံချင့်မြို့တွင် မြေလွတ်၊ မြေလပ်များအား ချစ်စဖွယ် အိမ်မွေးတိရစ္ဆာန်များ ကစားကွင်းအဖြစ် ပြောင်းလဲ
ချုံချင့်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ်မှစ၍ တရုတ်နိုင်ငံ ချုံချင့်မြို့ နန်အန့်ခရိုင်သည် နန်ပင်းလမ်း ကမ်းနားတစ်လျှောက် လစ်လပ်နေသော မြေလွတ်၊ မြေလပ်များကို အသုံးချကာ လေလွင့်ကြောင်လေးများကို အဓိကထားပြီး “ကြောင်လေးများ ကယ်တင်ခြင်း + လူနှင့် အိမ်မွေးတိရစ္ဆာန် ဆော့ကစားခြင်း” အထိ ဖြည့်စွက်လုပ်ဆောင်ထားသော ပိုးစုန်းကြူးကွေ့ ကြောင်ပန်းခြံအား ဖန်တီးတည်ဆောက်ခဲ့သည်။
ပိုးစုန်းကြူးကွေ့ ကြောင်ပန်းခြံသည် စုစုပေါင်းဧရိယာ စတုရန်းမီတာ ၃၀,၀၀၀ ခန့်ရှိပြီး လေလွင့်ကြောင်လေးများအား ကယ်တင်ခြင်း၊ စွန့်ပစ်ခံထားရသော၊ ဒဏ်ရာရသော လေလွင့်ကြောင်များကို လက်ခံခြင်းအတွက် ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ကြောင်လေးများကို ဆေးကုသပေးပြီး ကာကွယ်ဆေးထိုးနှံပြီးနောက် လာရောက်လည်ပတ်သူများက အများပြည်သူလာရောက်သောနေရာ၌ ၎င်းတို့နှင့် အပြန်အလှန်ဆော့ကစားနိုင်သည်။ တစ်ချိန်တည်းတွင် သွားလာရန် အဆင်မပြေသော လေလွင့်ကြောင်လေးများကို စောင့်ရှောက်ရန်အတွက် သီးသန့်နေရာ ထားရှိထားသည်။
ယနေ့အထိ အဆိုပါပန်းခြံအတွင်း၌ လေလွင့်ကြောင် အကောင်ရေ ၆၀၀ ကျော် ကယ်တင်ထားပြီးဖြစ်သည်။ ကြောင်လေးများနှင့် လာရောက်လည်ပတ်သူများ၏ ဘေးကင်းလုံခြုံမှုကို အာမခံပေးနိုင်အလို့ငှာ ပန်းခြံအတွင်း၌ တိရစ္ဆာန်ဆရာဝန်နှင့် မွေးမြူစောင့်ရှောက်သူများ အပါအဝင် ဝန်ထမ်းပေါင်း ၄၀ ကျော် ခန့်အပ်ထားပြီး နေ့စဉ်ကျန်းမာရေးလှည့်လည်စစ်ဆေးမှု လုပ်ဆောင်ကာ လာရောက်လည်ပတ်သူများက ကြောင်လေးများနှင့် မှန်ကန်စွာ ဆော့ကစားနိုင်ရန် လမ်းညွှန်ပေးလျက်ရှိသည်။ ယခုနှစ် ဇန်နဝါရီလ လဆန်းပိုင်းတွင် တရားဝင်စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ လေလွင့်ကြောင်ပေါင်း ၅၀ ကျော်မှာ ပြန်လည်မွေးစားခြင်းခံရပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ချုံချင့်မြို့ နန်အန့်ခရိုင် နန်ပင်းလမ်း ပိုးစုန်းကြူးကွေ့ ကြောင်ပန်းခြံအတွင်း၌ ဝန်ထမ်းများက ပန်းခြံအတွင်းရှိ ကြောင်လေးများအတွက် အစာပြင်ဆင်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံချင့်မြို့ နန်အန့်ခရိုင် နန်ပင်းလမ်း ပိုးစုန်းကြူးကွေ့ ကြောင်ပန်းခြံအတွင်း၌ ကြောင်လေးများက ရေကန်တွင် ရေသောက်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)




———————-
(Chinese Version)
重庆:闲置荒地变身萌宠乐园
新华社照片,重庆,2026年1月15日
2025年以来,重庆市南岸区盘活南滨路临江闲置荒地,打造以流浪猫为主题,延伸为“猫咪救助+人宠互动”的萤火虫港湾猫猫主题乐园。
据介绍,萤火虫港湾猫猫主题乐园占地约3万平方米,旨在救助、收容遭遗弃、受伤的流浪猫,猫咪们经治疗、疫苗接种后可在开放区域与游客互动,同时设置专区来照顾那些行动不便的流浪猫。
截至目前,园区内已救助600余只流浪猫,为了保障猫咪和游客的安全,园区内配备有包括宠物医生及饲养员在内的40多名工作人员,每日进行健康巡查,为游客提供与猫咪正确互动的指导。自今年1月初正式对外营业以来,已有50余只流浪猫被重新领养。
1、1月14日,在重庆市南岸区南滨路萤火虫港湾猫猫主题乐园,游客和猫咪互动。 新华社记者 黄伟 摄
2、1月14日,在重庆市南岸区南滨路萤火虫港湾猫猫主题乐园,工作人员为园区内的猫咪准备食物。新华社记者 黄伟 摄
3、1月14日,在重庆市南岸区南滨路萤火虫港湾猫猫主题乐园,猫咪在流动水池饮水。新华社记者 黄伟 摄
