China
ဟိုင်နန်တွင် ပြည်ဝင်ခရီးသွားလာမှု ဆက်တိုက်ရေပန်းစားနေ
ဆန်းရ (ဟိုင်နန်)၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)
ဆောင်းရာသီတွင် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်သည် ခရီးသွားရာသီသို့ ဝင်ရောက်လာခဲ့သည်။ ဟိုင်နန် လွတ်လပ်စွာကုန်သွယ်ရေးဆိပ်ကမ်း ကျွန်းတစ်ခွင် အထူးအကောက်ခွန်လုပ်ငန်းဆောင်ရွက်မှု လုပ်ဆောင်လာသည်နှင့်အမျှ ပြည်ဝင်ခရီးသွားလာမှု အဆင်ပြေချောမွေ့ရေး အဆင့်အတန်း အဆက်မပြတ် မြင့်တက်လာပြီး ဟိုင်နန်သို့ ပြည်ဝင်ခရီးသွားလာမှုဈေးကွက်သည် ဆက်တိုက်ရေပန်းစားလာခဲ့သည်။
လက်ရှိတွင် ဟိုင်နန်ပြည်နယ်သို့ ပြည်ဝင်ရာတွင် ဗီဇာကင်းလွတ်ခွင့်ရရှိသည့်နိုင်ငံပေါင်း ၈၆ နိုင်ငံ ရှိလာပြီဖြစ်ပြီး နိုင်ငံတကာနှင့် ဒေသတွင်း ခရီးသည်ပို့ဆောင်ရေး လေကြောင်းခရီးစဉ်ပေါင်း ၉၂ ခုအထိ ရှိပေသည်။ ၂၀၂၅ ခုနှစ်တွင် ပြည်ဝင်ခရီးသွားလာသည့် ခရီးသွားဧည့်သည် အကြိမ်ရေ ၁.၅၀၀၅ သန်း ရှိပြီး ယမန်နှစ်ကာလတူထက် ၃၅.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဟိုင်နန်ပြည်နယ် ခရီးသွားလာမှုနှင့် ယဉ်ကျေးမှု၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် အားကစားဌာန စာရင်းအရ သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်းရမြို့ တုန်းဟိုင်ရှုခင်းသာ၌ လည်ပတ်နေသော ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)





——————–
(Chinese Version)
海南入境游持续火爆
新华社照片,三亚(海南),2026年1月16日
冬日,海南迎来旅游旺季,随着海南自由贸易港全岛封关运作,入境旅游便利化水平不断提升,海南入境游市场持续火爆。
目前,入境海南免签国家已达86个,空港国际及地区客运航线达92条。据海南省旅游和文化广电体育厅统计,2025年,海南接待入境游客150.05万人次,同比增长35.2%。
图说1、2:1月11日,游客在三亚大东海游玩。 新华社记者 郭程 摄
图说3、4:1月11日,外国游客在三亚一商场内购物。新华社记者 郭程 摄
图说5:1月11日,外国游客在三亚一商场内购买茶叶。新华社记者 郭程 摄
