Connect with us

China

“သမိုင်းအကြောင်း အတူဆွေးနွေး၍ အနာဂတ်အား လက်တွဲဖော်ဆောင်ခြင်း – စတီးဝဲလ် တရုတ်-အမေရိကန် လူငယ်ပေါင်းကူးတံတား” အခမ်းအနား ချုံချင့်မြို့၌ ကျင်းပ

ချုံချင့်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

ချုံချင့်မြို့ပြည်သူများ ပြည်ပချစ်ကြည်ရေးအသင်း၊ စတီးဝဲလ်သုတေသနစင်တာတို့မှ ကြီးမှူးကျင်းပသည့် “သမိုင်းအကြောင်း အတူဆွေးနွေး၍ အနာဂတ်အား လက်တွဲဖော်ဆောင်ခြင်း – စတီးဝဲလ် တရုတ်-အမေရိကန် လူငယ်ပေါင်းကူးတံတား” အခမ်းအနားကို ဇန်နဝါရီ ၁၆ ရက်က တရုတ်နိုင်ငံ ချုံချင့်မြို့ စတီးဝဲလ်ပြတိုက်၌ ကျင်းပခဲ့သည်။ အမေရိကန် အီလွန်တက္ကသိုလ်နှင့် တရုတ်နိုင်ငံ စီချွမ်းတက္ကသိုလ်၊ စီချွမ်း နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ချုံချင့်နန်ခိုင်းအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ ၁၉ ဦးက တစ်နေရာတည်းတွင် စုစည်းကာ ဂျိုးဇက်စတီးဝဲလ် နေအိမ်ဟောင်းပြတိုက်နှင့် ဒုတိယကမ္ဘာစစ်ကာလအတွင်း တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုအား ဖော်ပြသည့်ပြပွဲတို့ကို အတူတကွ လေ့လာကြည့်ရှုခဲ့ကြသည်။ ထို့နောက် တရုတ်-အမေရိကန် လူငယ်များက စားပွဲတင်တင်းနစ် ချစ်ကြည်ရေးပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ဂျိုးဇက်စတီးဝဲလ် နေအိမ်ဟောင်းပြတိုက်တွင် တရုတ်-အမေရိကန် လူငယ်များ အတူလေ့လာကြည့်ရှုနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ စတီးဝဲလ်ပြတိုက် အပြင်ဘက်နေရာ၌ တရုတ်-အမေရိကန် လူငယ်များ စားပွဲတင်တင်းနစ် ချစ်ကြည်ရေးပြိုင်ပွဲ ကျင်းပနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

———————
(Chinese Version)
“共话历史,携手未来——史迪威中美青年桥”活动在重庆举行
新华社照片,重庆,2026年1月16日
1月16日,由重庆市人民对外友好协会、史迪威研究中心主办的“共话历史,携手未来——史迪威中美青年桥”主题活动在重庆史迪威博物馆举行。19名来自美国依隆大学的师生与来自四川大学、四川外国语大学、重庆南开中学的师生共聚一堂,一同参观了史迪威将军旧居和展现二战期间中美合作的展览。随后,中美青年展开了一场乒乓球友谊赛。
图说1:1月16日,来自美国依隆大学的师生在史迪威博物馆里参观。新华社记者 陈诚 摄
图说2:1月16日,中美青年一同参观史迪威将军旧居。新华社记者 陈诚 摄
图说3:1月16日,中美青年在重庆史迪威博物馆户外平台上进行乒乓球友谊赛。 新华社记者 陈诚 摄