China
တရုတ်-ကနေဒါ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ညစာစားပွဲသို့ ဟယ်လိဖုန်း တက်ရောက်၊ နှစ်ဖက်ကုန်သွယ်စီးပွားဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ စဉ်ဆက်မပြတ် တိုးတက်ရေးကို တရုတ်-ကနေဒါ အတူလက်တွဲ တွန်းအားပေးသင့်ကြောင်း ထောက်ပြပြောကြား
ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းသည် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မာ့ခ်ကာနီနှင့်အတူ ဇန်နဝါရီ ၁၆ ရက် ညပိုင်းက တရုတ်-ကနေဒါ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ညစာစားပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
ဟယ်လိဖုန်းက တရုတ်-ကနေဒါ နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံအကြီးအကဲများ ရရှိထားသော အရေးကြီးသဘောတူညီချက်၏ မဟာဗျူဟာလမ်းညွှန်မှုအောက်တွင် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှု၊ အပြန်အလှန် အောင်မြင်ဖြစ်ထွန်းစေမှုကို အခိုင်အမာလက်ကိုင်ထားကာ နှစ်ဖက်ကုန်သွယ်စီးပွားဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ စဉ်ဆက်မပြတ် တိုးတက်စေရန် အတူတကွ တွန်းအားပေးလုပ်ဆောင်သင့်ပါကြောင်း ထောက်ပြပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်မှုကို မမှိတ်မသုန်ဆောင်ရွက်လျက်ရှိသလို အရည်အသွေးသစ်ကုန်ထုတ်စွမ်းအားများကို စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ ကနေဒါ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုအခင်းအကျင်းသစ်များ အတူတကွ ဖန်တီးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
မာ့ခ်ကာနီက တရုတ်နိုင်ငံသည် ကနေဒါ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း၊ ကနေဒါအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာဖလှယ်ရေးကို အားဖြည့်သွားရန်၊ ကုန်သွယ်စီးပွား စသည့်ကဏ္ဍ တွေ့ဆုံဆွေးနွေးမှုယန္တရားကို ကောင်းမွန်စွာ အသုံးပြုကာ ကုန်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ စွမ်းအင် စသည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ တွန်းအားပေးဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းက ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မာ့ခ်ကာနီနှင့်အတူ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက် ညပိုင်းတွင် တရုတ်-ကနေဒါ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ညစာစားပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
——————
(Chinese Version)
何立峰出席中国-加拿大贸易与投资晚宴时指出 中加应携手推动双边经贸关系稳定健康可持续发展
新华社北京1月16日电 中共中央政治局委员、国务院副总理何立峰16日晚在京与加拿大总理卡尼共同出席中国-加拿大贸易与投资晚宴并致辞。
何立峰指出,中加双方应在两国领导人达成的重要共识战略引领下,坚持互相尊重、和平共处、合作共赢、相互成就,共同推动双边经贸关系稳定健康可持续发展。中国正坚定不移扩大高水平对外开放,不断发展新质生产力,愿与包括加方在内的世界各国共创合作新局面。
卡尼表示,中国是加拿大第二大贸易伙伴。加方期待同中方加强高层交往,用好经贸等领域对话机制,深入推进贸易、农业、能源等领域合作。(完)
1. 1月16日晚,中共中央政治局委员、国务院副总理何立峰在北京与加拿大总理卡尼共同出席中国-加拿大贸易与投资晚宴并致辞。这是宴会前,何立峰会见加拿大总理卡尼。 新华社记者 丁林 摄
2. 1月16日晚,中共中央政治局委员、国务院副总理何立峰在北京与加拿大总理卡尼共同出席中国-加拿大贸易与投资晚宴并致辞。 新华社记者 丁林 摄
