China
တရုတ်နိုင်ငံ၏ တစ်နှစ်တာ လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏ ပထမဆုံးအကြိမ်အဖြစ် ၁၀ ထရီလီယံ ကီလိုဝပ်နာရီ ကျော်လွန်ခဲ့
ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ လူမှုအသိုက်အဝန်းတစ်ခုလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏမှာ သမိုင်းစံချိန်တင်အဖြစ် ကီလိုဝပ်နာရီ ၁၀ ထရီလီယံ ကျော်လွန်ပြီး ကီလိုဝပ်နာရီ ၁၀.၄ ထရီလီယံ အထိရှိခဲ့ရာ ယမန်နှစ်ကာလတူထက် ၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း တရုတ်နိုင်ငံ အမျိုးသားစွမ်းအင် စီမံခန့်ခွဲရေးဌာန (NEA) က ဇန်နဝါရီ ၁၇ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါကိန်းဂဏန်းသည် ကမ္ဘာတစ်ဝန်း နိုင်ငံတစ်နိုင်ငံအတွက် မကြုံစဖူး ပထမဆုံးအကြိမ်ဖြစ်ပြီး ယင်းမှာ အမေရိကန်နိုင်ငံ၏ တစ်နှစ်ပတ်လုံး လျှပ်စစ်ဓာတ်အား အသုံးပြုမှုပမာဏ၏ နှစ်ဆကျော်နှင့် အလားတူဖြစ်သလို ဥရောပသမဂ္ဂ၊ ရုရှား၊ အိန္ဒိယ၊ ဂျပန် စီးပွားရေးအစုအဖွဲ့လေးခု၏ တစ်နှစ်တာအသုံးပြုသော လျှပ်စစ်ဓာတ်အား စုစုပေါင်း ပမာဏကို ကျော်လွန်ကြောင်း သိရသည်။ (Xinhua)


——————
(Chinese Version)
我国年用电量首超10万亿千瓦时
新华社北京1月17日电(记者戴小河、王悦阳)国家能源局17日宣布,2025年我国全社会用电量历史性突破10万亿千瓦时,达到10.4万亿千瓦时,同比增长5%。这一数字在全球单一国家中尚属首次,相当于美国全年用电量的两倍多,超过欧盟、俄罗斯、印度、日本四个经济体的年用电量总和。(完)
1. 2025年12月10日拍摄的河北省沧州市渤海新区黄骅市一处风电场和“渔光互补”光伏发电场(无人机照片)。新华社记者 杨世尧 摄
