Connect with us

China

၁၅ ကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲအတွင်း ဟောင်ကောင်မှ ဆုတံဆိပ်ဆွတ်ခူးရရှိသူ အားကစားသမားများ ဂုဏ်ပြုခံရ

ဟောင်ကောင်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)
ဟောင်ကောင်ပြိုင်မြင်းကလပ် (Hong Kong Jockey Club) သည် ဇန်နဝါရီ ၁၈ ရက်တွင် တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ ရှားထျန်မြင်းပြိုင်ကွင်း၌ “၁၅ ကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲ ဟောင်ကောင်မှ ဆုတံဆိပ် ဆွတ်ခူးရရှိသူ အားကစားသမားများ မြင်းပြိုင်ပွဲနေ့” အခမ်းအနား ကျင်းပခဲ့ပြီး ဟောင်ကောင်အသင်းက ပထမဆုံးအကြိမ်အဖြစ် ကွမ်တုန်း-ဟောင်ကောင်-မကာအို ဒေသသုံးခုမှ အတူတကွ တာဝန်ခံကျင်းပသည့် ၁၅ ကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲအတွင်း ရွှေတံဆိပ်ဆု ၉ ဆု၊ ငွေတံဆိပ်ဆု ၂ ဆု၊ ကြေးတံဆိပ်ဆု ၈ ခု ဆွတ်ခူးရရှိကာ အမျိုးသားအားကစားပြိုင်ပွဲတွင် ဟောင်ကောင်အသင်းက အကောင်းဆုံးရလဒ် ဖန်တီးနိုင်ခဲ့ခြင်းအား ဂုဏ်ပြုခဲ့သည်။
ဟောင်ကောင် နာမည်ကျော်အားကစားသမားများက ရှားထျန်မြင်းပြိုင်ကွင်း၌ စုစည်းခဲ့ရာ စက်ဘီးစီးပြိုင်ပွဲ ရွှေတံဆိပ်ဆု ၃ ဆုရှင် လီစီးယဉ်၊ ရေကူးပြိုင်ပွဲ ရွှေတံဆိပ်ဆု ၂ ဆု နှင့် ကြေးတံဆိပ်ဆု ၂ ဆုရှင် ဟယ်စီးပေ့၊ ဓားရေးအားကစား (Fencing) ရွှေတံဆိပ်ဆုရှင် ကျန်းကျားလန် တို့ ပါဝင်သည်။
တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရ စီမံအုပ်ချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ချန်ကော်ကျီးက ယခုအကြိမ် အမျိုးသားအားကစားပြိုင်ပွဲတွင်ပါဝင်ရန် ဟောင်ကောင်အသင်းအနေဖြင့် သမိုင်းတွင်အကြီးမားဆုံး ကိုယ်စားလှယ်အဖွဲ့‌ စေလွှတ်ခဲ့ရာ အားကစားသမားများ၏ ထူးချွန်သော ယှဉ်ပြိုင်မှုစွမ်းရည်နှင့် ကြိုးပမ်းလိုသည့်စိတ်ဓာတ်ကို ဖော်ပြခဲ့ကြောင်း၊ ထို့ပြင် ဟောင်ကောင်အသင်းက အမျိုးသားအားကစားပြိုင်ပွဲ၌ ပါဝင်မှုအတွင်း အကောင်းဆုံးရလဒ်ကိုလည်း ဖန်တီးနိုင်ခဲ့ရာ များစွာဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
“ဟောင်ကောင်ပြိုင်မြင်းကလပ် ထူးချွန်အားကစားသမားများ ဂုဏ်ပြုခြင်း အစီအစဉ်” သည် ဆုတံဆိပ် ဆွတ်ခူးရရှိသော အားကစားသမားများကို ဆုကြေးငွေ ချီးမြှင့်ခြင်းဖြစ်သည်။
လီစီးယဉ်က ၎င်းအနေဖြင့် ဆုကြေးငွေတချို့တစ်ဝက်ကို ကားလမ်းစက်ဘီးစီးအဖွဲ့မှ အဖွဲ့ဝင်များနှင့် ခွဲဝေပေးမည်ဟု ဆိုသည်။ “ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲမှာ အရေးနိမ့်ခဲ့မှုကြောင့် ကျွန်မဖိအား သိပ်များခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြနဲ့ အဖွဲ့ဝင်တွေက ကျွန်မကို အစဉ်အမြဲယုံကြည်နေလို့ ကျွန်မက ယုံကြည်ချက် ပြန်ရလာအောင် မဖြစ်နေလုပ်ရမယ်။ သူတို့ရဲ့ အားပေးမှုကြောင့်သာမဟုတ်ရင် ကျွန်မလည်း ရွှေတံဆိပ်ဆု ၃ ဆု ရမှာမဟုတ်ပါဘူး။ သူတို့ရဲ့ ယုံကြည်မှုကြောင့် ကျွန်မ အဆိုးဆုံးအခြေအနေကနေ ရုန်းထွက်လာနိုင်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။ (Xinhua)

——————
(Chinese Version)
十五运会香港奖牌运动员获表彰
新华社香港1月18日电(记者李嘉)香港赛马会18日在沙田马场举办“十五运会香港奖牌运动员赛马日”活动,表彰香港队在首次由粤港澳三地共同承办的第十五届全国运动会中勇夺9金2银8铜,创下香港队在全运会上的最佳战绩。
多名香港体育名将齐聚沙田马场,包括自行车项目三金得主李思颖、夺得游泳两金两铜的何诗蓓、击剑金牌得主张家朗等。
香港特区政府政务司司长陈国基表示,香港队派出历史上阵容最庞大的代表团参加这次全运会,展现了运动员出色的竞技水平和拼搏精神,更创下了香港队参加全运会的最佳成绩,令人深感自豪。
“赛马会优秀运动员奖励计划”向获奖健儿颁发奖金。李思颖表示将把部分奖金分给公路自行车的队友。她说:“巴黎奥运会的失利让我倍感压力,但是教练和队友始终相信我,我必须逼着自己重拾信心。没有他们的支持,我不可能取得三枚金牌,是他们的信任带我走出低谷。”(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.