Connect with us

China

ရှီကျင့်ဖိန်က Faustin-Archange Touadera ဗဟိုအာဖရိကနိုင်ငံ သမ္မတအဖြစ် ရွေးချယ်ခံရခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ လာရောက်၍ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် တက်ရောက်သည့် ဗဟိုအာဖရိကနိုင်ငံ သမ္မတ Faustin-Archange Touadera တို့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၆ ရက် ညပိုင်းက တရုတ်နိုင်ငံပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် Faustin-Archange Touadera ဗဟိုအာဖရိကနိုင်ငံ သမ္မတအဖြစ် ထပ်မံရွေးချယ်တင်မြှောက်ခံရခြင်းအတွက် ဇန်နဝါရီ ၂၀ ရက်တွင် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံက ဗဟိုအာဖရိကနိုင်ငံနှင့် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို စဉ်ဆက်မပြတ်နက်ရှိုင်းအောင် ဆောင်ရွက်၍ အပြန်အလှန်၏ ဗဟိုအကျိုးစီးပွားနှင့် အရေးကြီးဂရုပြုမှုများနှင့် စပ်လျဉ်းသည့် အရေးကိစ္စများတွင် ခိုင်မာစွာ အပြန်အလှန် ထောက်ခံအားပေးခဲ့ပြီး ကဏ္ဍစုံဖလှယ်ပူးပေါင်းဆောင်ရွက်မှုများကို တည်ငြိမ်စွာ တွန်းအားပေးဖော်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

မိမိအနေဖြင့် တရုတ်နိုင်ငံနှင့် ဗဟိုအာဖရိကနိုင်ငံဆက်ဆံရေး တိုးတက်မှုကို များစွာအလေးထားကြောင်း၊ Faustin-Archange Touadera နှင့်အတူ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပေကျင်းထိပ်သီးအစည်းအဝေး၏ ရလဒ်များကို တက်ကြွစွာ အကောင်အထည်ဖော်၍ နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်သို့ အဆက်မပြတ်တက်လှမ်းနိုင်ရန် တွန်းအားပေးကာ နှစ်နိုင်ငံပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးပြုလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
习近平致电祝贺图瓦德拉当选连任中非共和国总统
新华社北京1月20日电 1月20日,国家主席习近平致电福斯坦-阿尔尚热·图瓦德拉,祝贺他当选连任中非共和国总统。
习近平指出,近年来,中国同中非持续深化政治互信,在涉及彼此核心利益和重大关切问题上坚定相互支持,稳步推进各领域交流合作。我高度重视中国同中非关系发展,愿同图瓦德拉总统一道努力,积极落实中非合作论坛北京峰会成果,推动两国战略伙伴关系不断迈上新台阶,更好造福两国人民。(完)
图说:2024年9月6日晚,国家主席习近平在北京人民大会堂会见来华出席中非合作论坛北京峰会的中非总统图瓦德拉。新华社记者 黄敬文 摄