Connect with us

China

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) အနေဖြင့် နိုင်ငံရေးအသွင်ပြောင်းမှုနှင့် စံနှုန်းနှစ်မျိုးထားရှိမှုကို ရှောင်ရှားသင့်ကြောင်း တရုတ်နိုင်ငံက အလေးထားပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဗင်နီဇွဲလားအရေး အရေးပေါ်အစည်းအဝေး ကျင်းပနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Loey Felipe/UN Photo/Handout via Xinhua)

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

နိုင်ငံတကာနှင့် ဒေသတွင်းရေးရာ အရေးကြီးကိစ္စရပ်များအား စီမံရာတွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) အနေဖြင့် နိုင်ငံရေးအသွင်ပြောင်းမှုနှင့် စံနှုန်းနှစ်မျိုးထားရှိမှုကို ရှောင်ရှားသင့်ကြောင်း ကုသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် စွန်းလေက ဆူဒန်အရေးနှင့်စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ကိစ္စရပ်အား ဇန်နဝါရီ ၁၉ ရက်က လုံခြုံရေးကောင်စီ စိစစ်သုံးသပ်ရာတွင် အလေးထားပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းက အဆိုးရွားဆုံးသော နိုင်ငံတကာပြစ်မှုများကို ဥပဒေနှင့်အညီ တိုက်ဖျက်အပြစ်ပေးခြင်းအပေါ် ထောက်ခံသလို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) အပေါ် ထားရှိသည့် ရပ်တည်ချက်မှာ ပြောင်းလဲမှု မရှိကြောင်း စွန်းလေက ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးအနေဖြင့် လုပ်ငန်းများ လုပ်ဆောင်ရာ၌ “အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး ရောမသဘောတူညီချက်” နှင့် လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက် အခွင့်အာဏာပေးမှုများကို တိတိပပ လိုက်နာကာ ဖြည့်စွက်စီရင်ခြင်းအခြေခံမူကို တင်းတင်းကျပ်ကျပ် လေးစားစွာလိုက်နာရန် တရုတ်နိုင်ငံအနေဖြင့် အစဉ်သဖြင့် အဆိုပြုကြောင်း၊ နိုင်ငံတကာနှင့် ဒေသရေးရာ အရေးကြီးကိစ္စရပ်များကို စီမံရာတွင် နိုင်ငံတကာရာဇဝတ်ခုံရုံးအနေဖြင့် လွတ်လပ်မှု၊ ဓမ္မဓိဋ္ဌာန်ကျမှု၊ တရားမျှတမှု ဟူသော ရပ်တည်ချက်ကို အစဉ်အမြဲ လက်ကိုင်ထားရန်၊ နိုင်ငံတကာဥပဒေကို တန်းတူညီမျှ တစ်ပြေးညီ သင့်လျော်စွာ အသုံးပြုရန်၊ နိုင်ငံရေးအသွင်ပြောင်းမှုနှင့် စံနှုန်းနှစ်မျိုးထားရှိမှုကို ရှောင်ရှားရန် လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးအနေဖြင့် အချင်းဖြစ်ပွားသည့်နိုင်ငံအစိုးရနှင့် နီးကပ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သင့်သည်ဟု တရုတ်နိုင်ငံအနေဖြင့် အစဉ်သဖြင့် အလေးထားပြောကြားခဲ့ကြောင်း စွန်းလေက ဆိုသည်။ ဆူဒန်နိုင်ငံ၏ တရားစီရင်ရေးအချုပ်အခြာအာဏာနှင့် စီမံအုပ်ချုပ်ပိုင်ခွင့်အပေါ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးအနေဖြင့် အပြည့်အဝ လေးစားသင့်ရာ မသင့်လျော်သည့် ကြားဝင်စွက်ဖက်မှုများကြောင့် ပဋိပက္ခ ပို၍ ပြင်းထန်လာခြင်းကို ရှောင်ရှားရန်အတွက် ဆူဒန်အစိုးရ၏ ကျိုးကြောင်းဆီလျော်သော စိုးရိမ်ပူပန်မှုများကို ကြားနာသင့်ပါကြောင်း၊ တစ်ချိန်တည်းတွင်ပင် တရားမျှတမှု ပိုမိုအာမခံချက်ရှိစေရန် ဆူဒန်နိုင်ငံ၏ မိမိနိုင်ငံအတွင်း တရားစီရင်ရေးစနစ်နှင့် စွမ်းရည်တည်ဆောက်ရေး မြှင့်တင်မှုကိုလည်း ထောက်ခံအားပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
中方强调国际刑事法院应避免政治化和双重标准
新华社联合国1月19日电 中国常驻联合国副代表孙磊19日在安理会审议国际刑事法院涉苏丹问题时发言,强调国际刑事法院在处理国际和地区热点问题时应避免政治化和双重标准。
孙磊说,中方支持国际社会依法打击和惩治最严重国际罪行,对国际刑事法院的立场没有变化。中方一贯主张,国际刑事法院开展工作应恪守《国际刑事法院罗马规约》和安理会有关决议授权,严格遵循补充性管辖原则。国际刑事法院在处理国际和地区热点问题时应始终秉持独立、客观、公正立场,平等统一适用国际法,避免政治化和双重标准。
孙磊表示,中方一贯强调,国际刑事法院应同当事国政府密切沟通合作。国际刑事法院应充分尊重苏丹司法主权和管辖权,听取苏丹政府合理关切,避免不当介入激化矛盾。同时,还要支持苏丹加强本国司法体系和能力建设,更好保障公平正义。(完)
1. 1月5日,在位于纽约的联合国总部,联合国安理会就委内瑞拉局势举行紧急会议。 新华社发(联合国供图/洛伊·费利佩摄)