China
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား ထိခိုက်သေဆုံးမှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တုံ့ပြန်ပြောကြား
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်တွင် ဇန်နဝါရီ ၁၉ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် တရုတ်နိုင်ငံသား ထိခိုက်သေဆုံးမှု ဖြစ်ပွားခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဇန်နဝါရီ ၂၀ ရက်တွင် တရုတ်နိုင်ငံအနေဖြင့် သေဆုံးသူနိုင်ငံသားများအတွက် အထူးဝမ်းနည်းကြောင်းနှင့် ထိခိုက်ဒဏ်ရာရသူနိုင်ငံသားများအား နွေးထွေးစွာ နှစ်သိမ့်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်ဘက်သို့ အရေးပေါ်အရေးဆိုမှု လုပ်ဆောင်ခဲ့ပြီး အာဖဂန်နစ္စတန်ဘက်က ထိခိုက်ဒဏ်ရာရသူများကို အစွမ်းကုန် ကယ်ဆယ်ကုသရန်၊ အာဖဂန်နစ္စတန်နိုင်ငံရှိ တရုတ်နိုင်ငံသားများ၊ စီမံကိန်းနှင့် အဖွဲ့အစည်း ဘေးကင်းလုံခြုံမှုကို ကာကွယ်ရေးအတွက် ထိရောက်သောအစီအမံများ တစ်ဆင့်တိုးလုပ်ဆောင်ရန်၊ ဖြစ်ရပ်မှန်အား ဆောလျင်စွာ စုံစမ်းစစ်ဆေးဖော်ထုတ်၍ တရားခံအား ပြစ်ဒဏ်ပေးရန် တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁၉ ရက် ညနေပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ တရုတ်အစားအစာ စားသောက်ဆိုင်တစ်ဆိုင် တံခါးအပြင်ဘက်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံသားများ ထိခိုက်သေဆုံးမှုရှိကြောင်း၊ ISIS အဖွဲ့က ပေါက်ကွဲမှုဖြစ်ရပ်မှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည်ဟု မီဒီယာများက သတင်းဖော်ပြခဲ့ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က မေးမြန်းခဲ့သည်။
ဇန်နဝါရီ ၁၉ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ တရုတ်အစားအစာ စားသောက်ဆိုင်တစ်ဆိုင် တံခါးအပြင်ဘက်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူအမျာအးပြား ထိခိုက်သေဆုံးမှု ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံသား ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် သေဆုံးသူ နိုင်ငံသားများအတွက် အထူးဝမ်းနည်းကြောင်းနှင့် ထိခိုက်ဒဏ်ရာရသူ နိုင်ငံသားများအား နွေးထွေးစွာ နှစ်သိမ့်ပါကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်ဘက်သို့ အရေးပေါ်အရေးဆိုမှု လုပ်ဆောင်ခဲ့ပြီး အာဖဂန်နစ္စတန်ဘက်က ထိခိုက်ဒဏ်ရာရသူများကို အစွမ်းကုန် ကယ်ဆယ်ကုသရန်၊ အာဖဂန်နစ္စတန်နိုင်ငံရှိ တရုတ်နိုင်ငံသားများ၊ စီမံကိန်းနှင့် အဖွဲ့အစည်း ဘေးကင်းလုံခြုံမှုကို ကာကွယ်ရေးအတွက် ထိရောက်သော အစီအမံများ တစ်ဆင့်တိုးလုပ်ဆောင်ရန်၊ ဖြစ်ရပ်မှန်အား ဆောလျင်စွာ စုံစမ်းစစ်ဆေးဖော်ထုတ်၍ တရားခံအား ပြစ်ဒဏ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ဒဏ်ရာရရှိသူများရှိရာဆေးရုံသို့ သွားရောက်၍ နှစ်သိမ့်အားပေးခဲ့ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက်ဝါဒ မည်သည့်ပုံစံကိုမဆို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပြီး အခိုင်အမာ ကန့်ကွက်ကြောင်း၊ အာဖဂန်နစ္စတန်ဘက်နှင့် ဒေသတွင်းနိုင်ငံများက ပူးပေါင်းအင်အားဖြင့် အကြမ်းဖက်လှုပ်ရှားမှု အသွင်အားလုံးကို တိုက်ဖျက်ခြင်းအား ထောက်ခံအားပေးကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။
“အာဖဂန်နစ္စတန်ရဲ့ လက်ရှိလုံခြုံရေးအခြေအနေကြောင့် တရုတ်နိုင်ငံသားများအနေဖြင့် လတ်တလောကာလအတွင်း အာဖဂန်နစ္စတန်သို့ သွားရောက်ခြင်းမပြုရန်၊ အာဖဂန်နစ္စတန်နိုင်ငံမှာ ရှိနှင့်ပြီးသား တရုတ်နိုင်ငံသားနဲ့ လုပ်ငန်းကုမ္ပဏီတွေကလည်း ကြိုတင်ကာကွယ်မှုကို မြှင့်တင်ပြီး လုံခြုံရေးအစီအမံများ တိုးမြှင့်လုပ်ဆောင်ကာ အန္တရာယ်မြင့်မားသောဒေသမှ အမြန်ဆုံးထွက်ခွာရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံ သတိပေးလိုက်ပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)
——————-
(Chinese Version)
外交部回应喀布尔爆炸造成中方公民伤亡:要求阿方全力救治伤员,尽快查清真相、惩治凶手
新华社北京1月20日电(记者董雪、曹嘉玥)就阿富汗首都喀布尔1月19日发生爆炸事件造成中国公民伤亡,外交部发言人郭嘉昆20日表示,中方对遇难公民表示深切哀悼,向受伤公民表示诚挚慰问,已向阿方提出紧急交涉,要求阿方全力救治伤员,进一步采取有效措施保护在阿中国公民、项目和机构安全,尽快查清真相、惩治凶手。
当日例行记者会上,有记者问:1月19日下午,阿富汗喀布尔市一家中国餐馆门外发生爆炸事件,造成中方公民伤亡。有媒体报道“伊斯兰国”已宣布对爆炸事件负责,请问外交部对此有何评论?
郭嘉昆说,1月19日,阿富汗首都喀布尔市一家中餐馆门外发生爆炸事件,造成多人伤亡,中国公民1人遇难、5人受伤。中方对遇难公民表示深切哀悼,向受伤公民表示诚挚慰问。
郭嘉昆表示,中方已向阿方提出紧急交涉,要求阿方全力救治伤员,进一步采取有效措施保护在阿中国公民、项目和机构安全,尽快查清真相、惩治凶手。中国驻阿富汗使馆已赴伤员所在医院进行慰问。
他强调,中方强烈谴责并坚决反对任何形式的恐怖主义,支持阿方及地区国家合力打击一切形式的恐怖暴力活动。
“鉴于阿富汗当前的安全形势,外交部再次提醒中国公民近期暂勿前往阿富汗,已在阿中国公民和企业增强防范意识,加强安保措施,尽快从高风险地区撤离。”郭嘉昆说。(完)
图说1:这是1月20日在阿富汗首都喀布尔拍摄的被爆炸波及的建筑。新华社发(塞夫拉赫曼·萨菲摄)
