Connect with us

China

တရုတ်နိုင်ငံတွင် လျှပ်စစ်ကား အားသွင်းအဆောက်အဦ အရေအတွက် သန်း ၂၀ ကျော်ရှိလာ

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသော တတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက်ပြပွဲ (CISCE) စမတ်ကားကွင်းဆက်ပြပွဲဇုန်ရှိ CATL ပြခန်းတွင် ရှန်ရှင် အလွန်လျင်မြန်စွာ အားသွင်းနိုင်သည့် လျှပ်စစ်ကားအားသွင်းကိရိယာကို ၂၀၂၅ ခုနှစ် ဇူလိုင် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ လကုန်အထိ တရုတ်နိုင်ငံ၏ လျှပ်စစ်ကား အားသွင်းအဆောက်အဦ အရေအတွက်သည် အခုရေ ၂၀.၀၉၂ သန်း ရှိလာသောကြောင့် အရေအတွက် သန်း ၂၀ ကျော်ရှိလာပြီဖြစ်ကြောင်း၊ ထို့ကြောင့် တစ်ကမ္ဘာလုံးတွင် အကြီးဆုံး လျှပ်စစ်ကား အားသွင်းကွန်ရက် တည်ဆောက်နိုင်ခဲ့ပြီး စွမ်းအင်သစ်ကား အစီးရေ သန်း ၄၀ ကျော်၏ အားသွင်းရန်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ကြောင်း တရုတ်နိုင်ငံ အမျိုးသားစွမ်းအင်ဦးစီးဌာနက ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
၎င်းအနက် အများပြည်သူသုံး လျှပ်စစ်ကား အားသွင်းအဆောက်အဦ (ကိရိယာ) မှာ အခုရေ ၄.၇၁၇ သန်းဖြစ်ပြီး ပုဂ္ဂလိက လျှပ်စစ်ကား အားသွင်းအဆောက်အဦ (ကိရိယာ) မှာ အခုရေ ၁၅.၃၇၅ သန်းဖြစ်သည်။
တရုတ်နိုင်ငံ၏ လျှပ်စစ်ကားအားသွင်းအဆောက်အဦတိုးတက်မှုသည် အရည်အသွေးမြင့်၊ အဆင့်မြင့်တက်လာရာ သိသာထင်ရှားသော ထူးခြားချက် သုံးရပ်ရှိကြောင်း၊ ပမာဏတိုးတက်မှု အဆက်မပြတ် မြန်နှုန်းမြင့်လာခြင်းတွင် အဆောက်အဦ အခုရေ ၁၀ သန်းမှ သန်း ၂၀ အထိ တိုးပွားလာမှုသည် အချိန် ၁၈ လသာကြာခဲ့ပြီး ယခင်က အခုရေ သန်းပေါင်းဆယ်ဂဏန်းအဆင့်ထိ တိုးပွားလာမှုအတွက် လိုအပ်သောကာလထက် များစွာ လျော့နည်းသွားခဲ့ကြောင်း၊ အားသွင်းမှုထိရောက်နှုန်း သိသိသာသာမြင့်တက်လာခြင်းတွင် နိုင်ငံတစ်ဝန်း အများပြည်သူအားသွင်းစခန်း၌ အားသွင်းကိရိယာတစ်ခုချင်း၏ ပျမ်းမျှပါဝါအားမှာ ၄၆.၅ ကီလိုဝပ်အထိရှိပြီး ယမန်နှစ်ကာလတူထက် ၃၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ အဆောက်အဦ လွှမ်းခြုံမှု ပိုမိုကျယ်ပြန့်လာခြင်းတွင် နိုင်ငံတစ်ဝန်း အမြန်လမ်းဝန်ဆောင်မှုဇုန် ယာဉ်ရပ်နားစခန်း ၉၈ ရာခိုင်နှုန်းကျော်၌ အားသွင်းအဆောက်အဦ ၇၁,၅၀၀ တည်ဆောက်ပြီးစီးခဲ့ပြီး ပြည်နယ် ၁၉ ခုတွင် ကျေးရွာတိုင်း၌ အားသွင်းအဆောက်အဦများ လွှမ်းခြုံမှုရှိခြင်းကို ဖော်ဆောင်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသားစွမ်းအင်ဦးစီးဌာနမှ သိရသည်။ (Xinhua)

——————-
(Chinese Version)
我国电动汽车充电设施数量突破2000万
新华社北京1月21日电(记者戴小河、王悦阳)国家能源局21日宣布,截至2025年12月底,我国电动汽车充电设施数量达2009.2万个,突破2000万大关,建成全球最大电动汽车充电网络,可支撑超4000万辆新能源汽车充电需求。
其中,公共充电设施(枪)471.7万个,私人充电设施(枪)1537.5万个。
国家能源局介绍,我国充电设施发展提质升级,呈现三大显著特点。规模增长持续提速,从1000万个到2000万个仅用18个月,较此前千万级跨越周期大幅缩短;充电效率显著提升,全国公共场站单枪平均充电功率达46.5千瓦,同比提升33%;设施覆盖更加广泛,全国超98%高速公路服务区建成充电桩7.15万个,19个省份实现充电设施“乡乡全覆盖”。(完)
图说:这是7月18日在智能汽车链展区宁德时代展台拍摄的神行超充桩。新华社记者 张晨霖 摄