China
တရုတ်ရေတပ် သင်္ဘောကြီး ဥရုဂွေးနိုင်ငံသို့ ပထမဆုံးအကြိမ် ဆိုက်ရောက်
မွန်တီဗစ်ဒီအို၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
တရုတ်ရေတပ် ဆေးရုံသင်္ဘောကြီး “ပိုးလမ်းမသင်္ဘော” သည် ဥရုဂွေးနိုင်ငံ မွန်တီဗစ်ဒီအိုဆိပ်ကမ်းသို့ ဒေသစံတော်ချိန် ဇန်နဝါရီ ၂၀ ရက်တွင် ရောက်ရှိပြီး လေးရက်ကြာ နည်းပညာအရဆိပ်ကမ်းဆိုက်ကပ်ခြင်းကို စတင်ခဲ့သည်။ ယင်းမှာ တရုတ်ရေတပ်သင်္ဘောကြီး ဥရုဂွေးနိုင်ငံသို့ ပထမဆုံးအကြိမ် ဆိုက်ရောက်ခြင်း ဖြစ်သည်။
နံနက် ၁၀ နာရီခန့်တွင် “Harmony 2025” မစ်ရှင်ထမ်းဆောင်လျက်ရှိသော “ပိုးလမ်းမသင်္ဘော” ဆေးရုံသင်္ဘောကြီးသည် တရုတ်-ဥရုဂွေး နှစ်နိုင်ငံအလံကို လွှင့်ထူကာ မွန်တီဗစ်ဒီအိုဆိပ်ကမ်းသို့ ဖြည်းညင်းစွာ မောင်းနှင်လာသည်။ ဥရုဂွေးနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊ ရေတပ်သက်ဆိုင်ရာ စစ်သည်အရာရှိနှင့် အဓိကအစိုးရအဖွဲ့ဝင်များ၊ ဥရုဂွေးနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ဝန်ထမ်းများ၊ ဒေသတွင်း တရုတ်လူမျိုးများနှင့် တရုတ်နွယ်ဖွားများ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်း ကိုယ်စားလှယ်တို့က ဆိပ်ကမ်းတွင် လာရောက် ကြိုဆိုခဲ့ကြသည်။
ဆိပ်ကမ်းဆိုက်ကပ်ထားသည့် ကာလအတွင်းတွင် “ပိုးလမ်းမသင်္ဘော” ဆေးရုံသင်္ဘောကြီးသည် အထောက်အပံ့ပစ္စည်းများ ဖြည့်တင်းခြင်းအပြင် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ စသည့်အစီအစဉ်များကိုလည်း စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

ဥရုဂွေးနိုင်ငံ မွန်တီဗစ်ဒီအိုဆိပ်ကမ်းရှိ တရုတ်ရေတပ် ဆေးရုံသင်္ဘောကြီး “ပိုးလမ်းမသင်္ဘော” ပေါ်တွင် စစ်သည်အရာရှိများ အဖွဲ့လိုက်တန်းစီနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
中国海军舰艇首次停靠乌拉圭
新华社蒙得维的亚1月20日电(崔晓洋 唐磊)当地时间1月20日,中国海军“丝路方舟”号医院船抵达乌拉圭蒙得维的亚港,开始为期4天的技术停靠。这是中国海军舰艇首次停靠乌拉圭。
上午10时许,执行“和谐使命-2025”任务的“丝路方舟”号医院船悬挂中乌两国国旗,缓缓驶入蒙得维的亚港。乌拉圭国防部、海军相关军政要员,中国驻乌拉圭大使馆工作人员,当地华侨华人、中资机构代表等到码头迎接。
停靠期间,“丝路方舟”号医院船除进行适当补给外,还计划组织足球友谊赛等活动。(完)
1. 当地时间1月20日,中国海军“丝路方舟”号医院船抵达乌拉圭蒙得维的亚港,开始为期4天的技术停靠。这是中国海军舰艇首次停靠乌拉圭。图为码头欢迎仪式。新华社发(崔晓洋 摄)
2,3,4. 当地时间1月20日,中国海军“丝路方舟”号医院船抵达乌拉圭蒙得维的亚港,开始为期4天的技术停靠。这是中国海军舰艇首次停靠乌拉圭。图为医院船官兵分区列队。新华社发(崔晓洋 摄)