China
နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများအား စဉ်ဆက်မပြတ် တိုက်ဖျက်နှိမ်နင်းရန် ဝမ်ရှောင်ဟုန် တိုက်တွန်းပြောကြား
ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
နယ်စပ်ဖြတ်ကျော် လောင်းကစားမှုတိုက်ဖျက်နှိမ်နင်းရေးနှင့် ကိုင်တွယ်ဖြေရှင်းရေးလုပ်ငန်း နိုင်ငံလုံးဆိုင်ရာ ဗီဒီယိုအစည်းအဝေးကို ဇန်နဝါရီ ၂၂ ရက်က ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးရုံး အတွင်းရေးမှူး၊ နိုင်ငံတော်ကောင်စီဝင် ဝမ်ရှောင်ဟုန်က တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
ဝမ်ရှောင်ဟုန်က နယ်စပ်ဖြတ်ကျော် လောင်းကစားမှုတိုက်ဖျက်နှိမ်နင်းရေးနှင့် ကိုင်တွယ်ဖြေရှင်းရေးလုပ်ငန်းနှင့်စပ်လျဉ်းသည့် အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ အရေးကြီးလမ်းညွှန်ချက်စိတ်ဓာတ်ကို အပြည့်အဝ နက်ရှိုင်းစွာ လေ့လာဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ပါတီဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီ ဆုံးဖြတ်ချက်မူဝါဒဖြန့်ကြက်မှုကို ဘက်စုံ အကောင်အထည်ဖော်ဆောင်ကာ “တည်ဆောက်မှု နှစ်ရပ်” ကို အခိုင်အမာ ကာကွယ်ထိန်းသိမ်းသွားရမည်ဖြစ်သလို “ကာကွယ်ထိန်းသိမ်းမှု နှစ်ရပ်” ကို ဖြစ်မြောက်အောင် အခိုင်အမာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများအား တိုက်ဖျက်နှိမ်နင်းရေးနှင့် ကိုင်တွယ်ဖြေရှင်းရေးလုပ်ငန်း၏ အရေးပါမှုနှင့်အရေးတကြီးဖြစ်မှုကို နက်ရှိုင်းစွာ သိရှိကာ ကဏ္ဍစုံလုပ်ငန်းအစီအမံများကို လက်တွေ့ကိုင်ဆောင်ပြီး တိတိပပ ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ တိုက်ဖျက်နှိမ်နင်းရေးနှင့် ကိုင်တွယ်ဖြေရှင်းမှု ရလဒ်များကို စဉ်ဆက်မပြတ် အခိုင်အမာတိုးချဲ့၍ တရုတ်နိုင်ငံ၏ စီးပွားရေးကဏ္ဍလုံခြုံမှု၊ လူမှုရေးကဏ္ဍ တည်ငြိမ်မှုနှင့် နိုင်ငံတော်ပုံရိပ်ကို အခိုင်အမာ ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အခြေအနေ၏ တာဝန်ဝတ္တရားများကို တိကျမှန်ကန်စွာ လက်ကိုင်ထားကာ ပြစ်မှုကြီးများ၊ အဓိကတရားခံပြေးများ၊ လောင်းကစားရာဇဝတ်မှုနှင့်စပ်လျဉ်းသည့် ဂေဟစနစ် စသည်တို့ကို အနီးကပ် စောင့်ကြည့်ရမည် ဖြစ်ပြီး လိုက်လံတိုက်ဖျက်နှိမ်နင်းခြင်း၊ ပစ်မှတ်တိကျစွာ တိုက်ဖျက်ခြင်း၊ စဉ်ဆက်မပြတ် တိုက်ဖျက်ခြင်းကို အခိုင်အမာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ သတင်းထောက်လှမ်းစုဆောင်းခြင်းနှင့် သုတေသနပြုလေ့လာခြင်း၊ အထူးစစ်ဆင်ရေးဆောင်ရွက်ခြင်း၊ အစုအဖွဲ့လိုက် တိုက်ဖျက်နှိမ်နင်းခြင်းကို ထဲထဲဝင်ဝင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများအား တင်းတင်းကျပ်ကျပ် ဖိအားပေးနှိမ်နင်းသည့်အရှိန်အဟုန်ကို အစဉ်ဆက်မပြတ်ထားရှိကာ ပြစ်မှုကျူးလွန်နိုင်သည့်အခွင့်အလမ်းများကို အစွန်းကုန် ဖိအားပေးဖယ်ရှားရမည်ဖြစ်ကြောင်း ဝမ်ရှောင်ဟုန်က အလေးထားပြောကြားခဲ့သည်။
ဘက်စုံမူဝါဒအစီအမံများ၊ စနစ်တကျစီမံမှုများကို လက်ကိုင်ထားကာ ကြိုတင်ကာကွယ် ကိုင်တွယ်ဖြေရှင်းရေး နည်းလမ်းများစွာကို တစ်သားတည်း စီမံအသုံးပြုရမည်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် လောင်းကစားမှုဂေဟစနစ်ကွင်းဆက်ကို အမြစ်ပြတ် ခိုင်မာစွာ ရှင်းလင်းပြီး ကိစ္စရပ်၏ အပြင်ပန်းလက္ခဏာကိုသာမက အရင်းအမြစ်မှပါ ကိုင်တွယ်ဖြေရှင်းရေးကို ကြိုးပမ်းဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ စုစည်းစီမံရေး သေချာစေရန် အားဖြည့်ဆောင်ရွက်ရမည် ဖြစ်သလို လုပ်ငန်းတာဝန်များကို ဖိဖိစီးစီး ဆောင်ရွက်ရမည်ဖြစ်ပြီး ယန္တရားလည်ပတ်မှု အရည်အသွေးနှင့်ထိရောက်မှုကို တစ်ဆင့်တိုး မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ကျွမ်းကျင်သောလူရည်ချွန်အဖွဲ့ တည်ဆောက်ရေးကို အားဖြည့်ရမည်ဖြစ်သလို ကျွမ်းကျင်မှုစွမ်းရည်အဆင့်ကို တိုးမြှင့်ကာ နယ်စပ်ဖြတ်ကျော်လောင်းကစားမှု တိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်းများတွင် ပို၍ကြီးမားသော အောင်မြင်မှုရလဒ်သစ်ရရှိစေရန် စဉ်ဆက်မပြတ် တွန်းအားပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
王小洪在全国打击治理跨境赌博工作视频会议上强调 保持严打高压态势 持续加强系统施治 不断推动打击治理工作取得新的更大成效
新华社北京1月22日电 全国打击治理跨境赌博工作视频会议22日召开,中共中央书记处书记、国务委员王小洪出席并讲话。
王小洪指出,要深入学习贯彻习近平总书记关于打击治理跨境赌博工作的重要指示精神,全面落实党中央、国务院决策部署,坚定拥护“两个确立”、坚决做到“两个维护”,深刻认识打击治理跨境赌博的重要性紧迫性,抓实抓细各项工作措施落实,持续巩固扩大打击治理成果,坚决维护我国经济安全、社会稳定和国家形象。
王小洪强调,要准确把握形势任务,紧盯重点案件、重大在逃人员、涉赌犯罪生态等,坚持追着打、精准打、持续打,深化情报搜研、专案打击、集群打击,始终保持对跨境赌博犯罪的严打高压态势,全力挤压犯罪空间。坚持综合施策、系统施治,统筹运用多种防范治理手段,坚决斩断跨境赌博犯罪生态链条,努力实现标本兼治。强化组织保障,压实工作责任,进一步提升机制运行质效,加强专业人才队伍建设,提高专业能力水平,不断推动打击治理跨境赌博工作取得新的更大成效。(完)
