Connect with us

China

ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင် ကာဗွန်နည်း အသွင်ပြောင်းလဲမှုကို နိုင်ငံအသီးသီးနှင့်အတူ တရုတ်နိုင်ငံက ဆက်လက်မြှင့်တင်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် လျို့ဖန်ရွှေမြို့ ကျုံးဆန်းခရိုင် မေဟွားဆန်းရှိ လေအားလျှပ်စစ်အဆောက်အအုံကို ၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

တာဝန်ယူမှုရှိသော ဖွံ့ဖြိုးဆဲနိုင်ငံကြီးတစ်ခုအနေဖြင့် တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင် ကာဗွန်နည်း အသွင်ပြောင်းလဲမှုကို ဆက်လက်မြှင့်တင်ရန်နှင့် သန့်ရှင်းလှပသော ကမ္ဘာကြီးကို အတူတကွတည်ဆောက်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ၏ လေအားလျှပ်စစ်တာဘိုင်များနှင့် ပတ်သက်၍ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့တွင် အမေရိကန်ခေါင်းဆောင်၏ ပြောကြားချက်များကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇန်နဝါရီ ၂၂ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ထရမ့်က တရုတ်နိုင်ငံတွင် လေအားလျှပ်စစ်တာဘိုင်အမြောက်အမြားကို ထုတ်လုပ်ခဲ့သော်လည်း ၎င်းအနေဖြင့် တရုတ်နိုင်ငံတွင် မည်သည့်လေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကိုမျှ ရှာမတွေ့ခဲ့ကြောင်း ဇန်နဝါရီ ၂၁ ရက် ဒါဗို့စ်မြို့တွင် ပြောကြားခဲ့ပြီး တရုတ်နိုင်ငံက လေအားလျှပ်စစ်တာဘိုင်များကို “စဉ်းစားဉာဏ်ကင်းမဲ့” သူများထံ အစဉ်ရောင်းချနေသည်ဟု ဆိုခဲ့ကြောင်း၊ ယင်းပြောကြားချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့အပြည့်စုံဆုံး ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးမူဝါဒစနစ်နှင့် အကြီးဆုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စနစ်တို့ကို ဖွဲ့စည်းတည်ဆောက်ထားပြီး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို တက်ကြွစွာမျှဝေထားကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ လေအားလျှပ်စစ်စွမ်းအင်တပ်ဆင်မှု အတိုင်းအတာသည် ၁၅ နှစ်ဆက်တိုက် ကမ္ဘာ့ပထမနေရာတွင် တည်ငြိမ်စွာရပ်တည်ခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်အထိ တရုတ် လေအားလျှပ်စစ်စွမ်းအင်တပ်ဆင်မှုစွမ်းအင်သည် ကီလိုဝပ် သန်း ၆၀၀ ကျော်လွန်ခဲ့ကြောင်း၊ ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလအတွင်း တရုတ်နိုင်ငံတင်ပို့ခဲ့သော လေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံးထုတ်ကုန် စုစုပေါင်းမှာ အခြားနိုင်ငံများအတွက် ကာဗွန်ထုတ်လွှတ်မှုကို တန်ချိန် ၄.၁ ဘီလီယံခန့် လျှော့ချပေးနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ရာသီဥတုပြောင်းလဲမှု ရင်ဆိုင်တုံ့ပြန်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖွံ့ဖြိုးတိုးတက်မှု၊ အသုံးချမှုကို မြှင့်တင်ရေး ကဏ္ဍတွေမှာ တရုတ်နိုင်ငံ လုပ်ဆောင်ခဲ့တဲ့ ကြိုးစားမှုတွေဟာ အများမျက်မြင်ကိုယ်တွေ့ပါပဲ” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ တာဝန်ယူမှုရှိသော ဖွံ့ဖြိုးဆဲနိုင်ငံကြီးတစ်ခုအနေဖြင့် တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင် ကာဗွန်နည်း အသွင်ပြောင်းလဲမှုကို ဆက်လက်မြှင့်တင်ရန်နှင့် သန့်ရှင်းလှပသော ကမ္ဘာကြီးကို အတူတကွတည်ဆောက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

……………………………
(Chinese Version)
外交部:中方愿同各方一道继续推动全球绿色低碳转型
新华社北京1月22日电(记者董雪、袁睿)针对美国领导人在瑞士达沃斯发表关于中国风力发电机的言论,外交部发言人郭嘉昆22日在例行记者会上答问时表示,作为负责任发展中大国,中方愿同各方一道,继续推动全球绿色低碳转型,共同建设清洁美丽的世界。
有记者问:美国总统特朗普21日在达沃斯称,中国生产了大量风力发电机,但他在中国找不到任何风电场,并称中国一直在向“愚蠢的”人出售风力发电机。外交部对此有何评论?
郭嘉昆说,中国构建了全球最完备的碳减排政策体系和最大的可再生能源体系,并积极分享绿色发展成果。中国风电装机规模已连续15年稳居世界第一,截至2025年11月底,中国风电装机容量超过6亿千瓦。“十四五”时期中国出口的风电和光伏产品累计为其他国家减少碳排放约41亿吨。
“中国在应对气候变化、推动全球可再生能源发展应用方面所作努力有目共睹。”郭嘉昆说,作为负责任发展中大国,中方愿同各方一道,继续推动全球绿色低碳转型,共同建设清洁美丽的世界。(完)
图说1:位于六盘水市钟山区梅花山的风力发电设施(2025年7月3日摄,无人机照片)。新华社记者 陶亮 摄