Connect with us

China

ဧည့်သည်များအား ကြိုဆိုလျက်ရှိသော ကွေ့ကျိုးဆီးပန်းဥယျာဉ်

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့အန်းဒေသသစ် ကောင်းဖုန်းမြို့နယ် ဖူမာရွာရှိ ကွေ့ကျိုးဆီးပန်းဥယျာဉ်အတွင်း အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသော ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွေ့ယန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့အန်းဒေသသစ်ရှိ ကွေ့ကျိုးဆီးပန်းဥယျာဉ်ကို ဇန်နဝါရီ ၂၄ ရက်က တရားဝင် စတင်ဖွင့်လှစ်ခဲ့ရာ ဆီးပန်းရှုစားရင်း လာရောက်လည်ပတ်ရန် ခရီးသွားဧည့်သည်အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။

ကွေ့ကျိုးဆီးပန်းဥယျာဉ်သည် ယခင်က ဂေဟစနစ်အားနည်းသော မြေရိုင်းတောင်ကုန်းဖြစ်သည်။ လတ်တလောနှစ်ပိုင်းတွင် ဒေသတွင်း၌ “ဂေဟပြင်ဆင်ခြင်း + ကုန်ထုတ်လုပ်ငန်းဖြင့် အားဖြည့်ခြင်း” နည်းလမ်းဖြင့် ၎င်းနေရာကို ဆီးပန်းများ ရှုစားရာရှုခင်းသာအဖြစ် ဖန်တီးတည်ဆောက်လိုက်သည်။

လက်ရှိတွင် ဥယျာဉ်ဇုန်၏ စုစုပေါင်းဧရိယာမှာ တရုတ်မူ (Mu) ၁,၈၀၀ ရှိပြီး ဆီးပန်းအမျိုးအစားပေါင်း ၂၇၀ ကျော်၏ အပင်ရေ ၅၀,၀၀၀ ကျော် စိုက်ထားလျက်ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့အန်းဒေသသစ် ကောင်းဖုန်းမြို့နယ် ဖူမာရွာရှိ ကွေ့ကျိုးဆီးပန်းဥယျာဉ်အတွင်း ပန်းမန်များရှုစားကာ လည်ပတ်နေသော ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————
(Chinese Version)
贵州梅园开园迎客
新华社照片,贵阳,2026年1月24日
1月24日,位于贵州省贵安新区的贵州梅园正式开园,吸引众多游客前来赏梅观光。
贵州梅园之前是生态脆弱的荒坡。近年来,当地通过“生态修复+产业造血”模式将其改造成梅花主题观光景区。 目前,园区总面积达1800亩,种植梅花270余种5万余株。
图说1:1月24日,游客在贵州省贵安新区高峰镇普马村的贵州梅园留影。 新华社记者 杨文斌 摄
图说2:1月24日,游客在贵州省贵安新区高峰镇普马村的贵州梅园赏梅观光。新华社记者 杨文斌 摄