China
၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေး – “နှင်းနဂါး” သင်္ဘောကြီး အာမွန်းဆန်းပင်လယ်တွင် အဏ္ဏဝါ စူးစမ်းလေ့လာရေးလုပ်ငန်းများ ဆောင်ရွက်
နှင်းနဂါး၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးမစ်ရှင်ကို တာဝန်ထမ်းဆောင်နေသော “နှင်းနဂါး” ဝင်ရိုးစွန်း ရေခဲခွဲသင်္ဘောကြီးသည် အာမွန်းဆန်းပင်လယ်သို့ ပေကျင်းစံတော်ချိန် ဇန်နဝါရီ ၂၄ ရက်တွင် ရောက်ရှိခဲ့ပြီး ကြိုတင်သတ်မှတ်ထားသော လုပ်ငန်းလုပ်ဆောင်ရာစခန်းနေရာတွင် အဏ္ဏဝါသမုဒ္ဒရာဖြတ်ပိုင်း စူးစမ်းလေ့လာရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။
“နှင်းနဂါး” အဏ္ဏဝါသမုဒ္ဒရာလေ့လာရေးအဖွဲ့ခေါင်းဆောင် ကျန်းဟိုင်ဖုန်းက ယခုအကြိမ် အဏ္ဏဝါသမုဒ္ဒရာဖြတ်ပိုင်း စူးစမ်းလေ့လာရေးကို အဓိကအားဖြင့် တောင်လတ္တီကျု ၆၉ ဒီဂရီ၏ တောင်ဘက်ပင်လယ်ပြင်တွင် လုပ်ဆောင်ခဲ့ရာ စီမံကိန်းများ၌ ဇလဗေဒ၊ မိုးလေဝသ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ဘူမိဗေဒ စသည့် ကဏ္ဍများ လွှမ်းခြုံပါဝင်ကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။
စူးစမ်းလေ့လာရေးကာလအတွင်းတွင် အဏ္ဏဝါသမုဒ္ဒရာလေ့လာရေးအဖွဲ့အနေဖြင့် ပင်လယ်ရေ၊ အနည်အနှစ်၊ ဓာတ်ငွေ့နှင့် ဇီဝနမူနာပစ္စည်းများကို စုဆောင်းမည်ဖြစ်ပြီး သင်္ဘောပေါ်ရှိ စမ်းသပ်ခန်းတွင် စီမံမှုနှင့် ခွဲခြမ်းစိတ်ဖြာစမ်းသပ်မှုများပြုလုပ်ကာ ဝင်ရိုးစွန်းဒေသ ပင်လယ်ဂေဟပတ်ဝန်းကျင် တိုင်းတာမှုကိန်းဂဏန်းများ၏ နှစ်အလိုက် ပြောင်းလဲမှုကို စဉ်ဆက်မပြတ် စောင့်ကြည့်စမ်းသပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခုနှစ် အဏ္ဏဝါသမုဒ္ဒရာစူးစမ်းလေ့လာရေး၏ အဓိကမစ်ရှင်များတွင် ရည်ရွယ်သတ်မှတ်ထားသည့် ပင်လယ်ပြင်ဂေဟစနစ်၏ ဝိသေသလက္ခဏာကို တစ်ဆင့်ထပ်တိုး သိရှိစေရန်၊ သမုဒ္ဒရာ၏ အလယ်ပိုင်းနှင့် အထက်ပိုင်းအလွှာ အဓိကမျိုးစိတ်များ၏ ထရိုဖစ်ဖွဲ့စည်းပုံကို ရှင်းလင်းစေရန်၊ အဓိကမျိုးစိတ်အုပ်စုများ၏ ပြောင်းလဲမှုအလားအလာကို နားလည်သိရှိအောင် ခြေရာခံခြင်း စသည်တို့ ပါဝင်ကြောင်း တရုတ်နိုင်ငံ၏ ၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးအဖွဲ့ထံမှ သိရှိရသည်။ (Xinhua)

“နှင်းနဂါး” အဏ္ဏဝါသမုဒ္ဒရာလေ့လာရေးအဖွဲ့ဝင် ရှင်လေက သင်္ဘောအလယ်ပိုင်းကုန်းပတ်ပေါ်တွင် ရေအောက်အနက် ၄,၀၀၀ မီတာရှိ ပင်လယ်ရေနမူနာယူနေသည်ကို ပေကျင်းစံတော်ချိန် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)




——————
(Chinese Version)
第42次南极考察|“雪龙”号在阿蒙森海开展大洋考察作业
新华社照片,“雪龙”号,2026年1月24日
北京时间1月24日,执行中国第42次南极考察任务的“雪龙”号极地科考破冰船抵达阿蒙森海预定作业站位,开始大洋断面调查工作。 “雪龙”号大洋队队长张海峰介绍,本次大洋断面调查主要在南纬69度以南的海域展开,项目内容涵盖水文、气象、化学、生物、地质等方面。考察期间,大洋队将采集海水、沉积物、气体以及生物样品,并在船载实验室进行预处理与分析测试,持续监测极地海洋生态环境参数的年际变化。 记者从中国第42次南极考察队获悉,今年大洋考察的重点任务包括进一步认识目标海域生态系统特征,明晰海洋中上层关键物种营养级结构,跟踪掌握关键种群变化趋势等。
1. 北京时间1月24日,“雪龙”号大洋队队员丁伟康(左)和宋熙存在舯部甲板开展本次考察阿蒙森海区域首次温盐深剖面观测和海水样品采集作业。新华社记者 顾天成 摄
2. 北京时间1月24日,“雪龙”号大洋队队员邢磊在舯部甲板采集从水下4000米获取的海水样品。新华社记者 顾天成 摄
